ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စိုးမိုးနယ်မြေတစ်နေရာမှာ တရားဥပဒေစိုးမိုးရေး (အမှုစစ်ဆေး အရာရှိပုလိပ်သင်တန်း) အပတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
အခမ်းအနားမှာတော့ PSLF/TNLA ရဲ့ ရဲချုပ် ဗိုလ်မှူးကြီး တားကုင်ခြီရ်က တအာင်းဒေသမှာ အမှုစစ်ဆေး အရာရှိပုလိပ်တွေ နည်းပါးမှုကြောင့် အမှုတွေ ကြန့်ကြာခြင်း၊ သက်သေပျောက်ဆုံးတွေ များပြားတာကြောင့် အမှုလိုက်အရာရှိတွေအနေနဲ့ အမှုတွေကို ကောင်းမွန်စွာ တည်ဆောက်ပြီး တရားစီရင်ရေးကို ပို့ဆောင်ရမှာဖြစ်သလို အမှုတစ်ခုလိုက်ရင် မှန်ကန်မှုရှိ၊ မရှိ စစ်ဆေးနိုင်ရမယ်လို့ အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရဲချုပ်က အမှုလိုက်အရာရှိတွေအနေနဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကိုလည်း သိရှိရမှာဖြစ်သလို သေမှုသေခင်းဖြစ်ပွားရင်လည်း အချက်အလက်မှတ်တမ်းတွေကို ကြည့်ရှုစစ်ဆေးနိုင်ရမယ်လို့ ပြောကြားသွားပါသေးတယ်။
အဲ့ဒီသင်တန်းမှာ ရာဇသတ်ကြီးဥပဒေ၊ ယာဉ်ထိန်း၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ ရဲကျင့်ဝတ်၊ သက်သေခံဥပဒေ၊ ရဲစခန်းမှတ်ပုံတင်ခြင်းနဲ့ ပုံစံတွေ ရေးသွင်းခြင်း၊ အမှုစစ်လက်စွဲ၊ အများအပေါ်သုံးသပ် ဖော်ထုတ်ခြင်း၊ နယ်ထိန်း၊ မှုခင်းဆိုင်ရာဆေးပညာ ဘာသာရပ်တွေကို ကျွမ်းကျင်ဆရာတွေက သင်ကြားပို့ချပေးခဲ့တယ်လို့ သိရပါတယ်။
သင်တန်းကာလက (၂) လကျော် ကြာမြင့်ခဲ့ပြီးသင်တန်းသား အယောက် (၃၀) တတ်ရောက်ခဲ့ပေမယ့် အကြောင်းမျိုးမျိုးကြောင့် သင်တန်းသား (၂၅) ယောက်သာ သင်တန်းပြီးမြောက်တဲ့အထိ တတ်ရောက်နိုင်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။
အဲ့ဒီအခမ်းအနားကို ဗိုလ်မှူးကြီး တားကုင်ခြီရ်၊ ဗိုလ်မှူး တားရူစီင်၊ ဗိုလ်မှူး တားလှာညိူဝ်း စတဲ့ အရာရှိအရာခံတွေ၊ ဒေသခံပြည်သူလူထုနဲ့ ကျောင်းသားတွေအပါအဝင် စုစုပေါင်းလူဦးရေ (၁၀၀) ကျော် တတ်ရာက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ဂန့်ဂေါနှင့် ပေါက်ရှိ ကပစစက်ရုံနှင့် ခြေလျင်တပ်ရင်းတို့အား ရော့ကတ်၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါနဲ့ ပေါက်မြို့နယ်မှာ စစ်အုပ်စုအထိုင်ချရာ ခြေလျင်တပ်ရင်းနဲ့ ကပစ စက်ရုံတွေကို တော်လှန်ရေးတပ်တွေက ရော့ကတ်နဲ့ ရှော့တိုက်ဒုံးတွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လုပ်ဆောင်ခဲ့တဲ့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ပေါင်းတည်တွင် စစ်ကူအင်အားဖြည့်ရန် ထွက်လာသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးမှုရှိနိုင်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှာ စစ်ကူအင်အားဖြည့်ဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သားတွေ သေဆုံးမှုရှိနိုင်တယ်လို့ ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။
Read More

NUG သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင် အညာမြေကို ကွင်းဆင်းလှည့်လည်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က အညာဒေသမှာ မြေပြင်ကို ကွင်းဆင်း လှည့်လည်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို မနေ့က ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်း သယ်ဆောင်ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို တိုက်ခိုက်၊ စစ်သား ၇ ဦး သေဆုံး

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) က သတင်းထုတ်ပြန်လာပါတယ်။
Read More

KNDF ဗျူဟာ အမှတ် (၁) တပ်ရင်းအမှတ် (၃) ၏ တပ်ဗိုလ်၊ တပ်မှူးများ ပြန်လည်ရွှေးချယ်တင်မြှောက်ခြင်း အခမ်းအနား (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ စစ်ဗျူဟာ အမှတ် (၁) တပ်ရင်းအမှတ်(၃)က တပ်ဗိုလ် ၊ တပ်မှူးတွေ ပြန်လည်ရွှေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို အောက်တိုဘာ ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ KNDF ဖယ်ခုံဇုန်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့ဘိန်းစိုက်ပျိုးမှု ၁၀ နှစ်အတွင်း အမြင့်ဆုံးရောက်နေ

ပဋိပက္ခဒဏ်သင့်နေတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဓိကမူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး ယခုနှစ်ရဲ့ ဘိန်းစိုက်ပျိုးမှုဟာ ဆယ်စုနှစ်အတွင်း အမြင့်ဆုံးအခြေအနေမှာ ရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ စစ်တမ်းတရပ်က ဒီဇင်ဘာလ ၃ ရက်မှာ ဆိုထားပါတယ်။ ၂၀၂၁ ခုနှစ်မှာ တာလီဘန်တို့ အာဏာသိမ်းပြီးနောက် ဘိန်းထုတ်လုပ်မှု ပိတ်ပင်ခဲ့ခြင်းကြောင့် အာဖဂန်နစ္စတန်မှာ ဘိန်းထုတ်လုပ်မှု သိသိသာသာ ကျဆင်းသွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့အဓိက တရားမဝင် ဘိန်းအရင်းအမြစ် ဖြစ်လာခဲ့တာပါ။