ရခိုင်ပြည်နယ်မှာ တရုတ်စီမံကိန်း ၁၁ ခုရှိသည့်အနက် ၁၀ ခုကို အာရက္ခတပ်တော် (AA) ကန ထိန်းချုပ်ထားကြောင်းကို မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က သတင်းထုတ်ပြန်လာပါတယ်။
အဆိုပါ ထုတ်ပြန်ချက်ကို ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းအပါအဝင် တရုတ်စီမံကိန်း ၁၀ ခုကို AA ကနေ ထိန်းချုပ်ထားကြောင်း ဖော်ပြထားပါတယ်။
“သံတွဲမြို့နဲ့ အမ်းမြို့များရှိ လေအားလျှပ်စစ်စီမံကိန်းတို့ကို အပြည့်အဝထိန်းချုပ်ထားခြင်းဖြစ်ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း၊ မန္တလေး-ကျောက်ဖြူ ရထားလမ်း စီမံကိန်း၊ ကျောက်ဖြူ-နေပြည်တော် ကားလမ်းစီမံကိန်း၊ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း အပါအဝင် ကုန်သွယ်ရေးလမ်းကြောင်းများကို တစိတ်တပိုင်း ထိန်းချုက်ထားသည်။” လို့ ISP-Myanmar ရဲ့ ထုတ်ပြန်ချက်မှာ တရုတ်စီမံကိန်းတွေကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်အထိ AA ရဲ့ ထိန်းချုပ်ထားနိုင်မှု အခြေအနေတွေကို ဖော်ပြထားပါတယ်။
အခုလို သိမ်းပိုက်မှုတွေကြောင့် တရုတ်စီမံကိန်းတွေ AA လက်ထဲရောက်သွားတဲ့ အပေါ် နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ “အခုကတော့ တရုတ်အနေနဲ့ စဉ်းစားဖို့ လိုလာတာပေါ့ဗျာ။ တကယ်လို့သာ AA က ကျောက်ဖြူကို သိမ်းလိုက်ပြီဆိုရင် သူ့အကျိုးစီးပွားတော်တော်များများက AA ရဲ့ ထိန်းချုပ်မှုလက်ထဲရောက်ပြီ”
“အဲ့လိုဆိုရင် သူ့အကျိုးစီးပွားကို ကာကွယ်ပေးနေတဲ့ စစ်ကောင်စီကိုပဲ အားပေးထောက်ခံသွားမလား။ ဒါမှမဟုတ် AA အပါအဝင် တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်ဆံပြောဆိုမလားဆိုတာကို တရုတ်အနေနဲ့ စဉ်းစားဖို့ လိုလာပါပြီ။” လို့ သုံးသပ်ပါတယ်။
အခြားတဖက်အနေနဲ့လည်း စစ်ကောင်စီတပ်တွေကို တရုတ်အနေနဲ့ အားပေးထောက်ခံတာကို ဆက်လုပ်သွားပြီး စစ်ကောင်စီရဲ့ သဘောတူညီချက်နဲ့ တရုတ်ကနေ ၎င်းတို့ရဲ့ လုံခြုံရေးတပ်တွေကို မြန်မာပြည်ထဲ သွင်းလာနိုင်တာကြောင့် မြန်မာနိုင်ငံရဲ့ စစ်ရေး ပဋိပက္ခတွေက လက်ရှိအခြေအနေထက်ကို ပိုပြီး ပြင်းထန်လာနိုင်တဲ့ အခြေအနေလည်း ရှိလာနိုင်ကြောင်း သူက ဆိုပါတယ်။
AA တပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့ စီမံကိန်းများအနက် တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းဟာ အမေရိကန်ဒေါ်လာ ၁,၀၉၀ သန်း၊ မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းဟာ ဒေါ်လာ ၁၁,၀၀၀ သန်း၊ ရေနံပိုက်လိုင်း စီမံကိန်းဟာ ဒေါ်လာ ၁,၅၀၀ သန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ဟာ ဒေါ်လာ ၉,၆၀၀ သန်း နှင့် ကျောက်ဖြူသဘာဝဓာတ်ငွေ့သုံး စွမ်းအင်စီမံကိန်းဟာ ဒေါ်လာ ၁၈၀ သန်း တန်ဖိုးရှိတယ်လို့ ISP Myanmar ရဲ့ ပြုစုထားမှု အချက်အလက်အရ သိရပါတယ်။
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အပါအဝင် အမ်း၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲ၊ တောင်ကုတ်၊ မောင်တောနဲ့ ချင်းပြည်နယ်က ပလက်ဝ စတဲ့ မြို့တွေကိုသိမ်းပိုက်ထားပါတယ်။
လက်ရှိ တရုတ်အကျိုးစီးပွားများစွာရှိတဲ့ ရခိုင်ဒေသတော်တော်များများကို အာရက္ခတပ်တော် AA က သိမ််းပိုက်ပြီးဖြစ်တာကြောင့် တရုတ်ကြီးအနေနဲ့ AA တာဝန်ရှိသူတွေကို သူတို့အကျိုးစီးပွားများအတွက် အသိအမှတ်ပြု ခေါ်ယူတွေ့ဆုံနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက််လို့နေပါတယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်းက တရုတ်ရဲ့ ဖိအားတွေကို ကြံ့ကြံ့ခံပြီး နယ်စပ်မြို့တွေကို သိမ်းခိုက်သိမ်းပိုက်ကာ မြေရှားသတ္တုထွက်ရှိရာနေရာတွေကို ထိန်းချုပ််နိုင်လိုက်တဲ့ KIA အဖွဲ့ရဲ့ ခေါင်းဆောင်တွေကို တရုတ်နိုင်ငံက ဖိတ်ကြားတွေ့ဆုံခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

BPLA ၏ NCO (အကြပ်) သင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ရဲ့ NCO (အကြပ်)သင်တန်း၊ အပတ်စဥ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၂ ရက်က အမှတ် ၁၀၇ စစ်ဒေသမှာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

မြိုင်အနောက်မြောက်ဘက်ရှိ ကြက်မောက်ရွာ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၁၆ နှစ်အရွယ် အမျိုးသမီးတဦးသေဆုံး၊ ၆ ဦး ဒဏ်ရာပြင်းထန်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ခြောက်ယောက် ရှိခဲ့တယ်လို့ မြိုင်ပကဖက ဇန်နဝါရီလ ၇ ရက်နေ့ (ဒီနေ့) မှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

ဖားကန့်တွင် စစ်တပ် ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရ၊ လက်သည်မပေါ်ဘဲ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း ၂ လောင်းလည်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို ထိတွေ့တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်တချို့လည်း ထိမှန်ပျက်စီးသွားတယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။
Read More

ငလျင်ကြောင့် ကျိုက်ထော်ကျေးရွာ ဆုတောင်းပြည့်စေတီ စိန်ဖူးတော် မြေခ

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာမှာရှိတဲ့ ဆုတောင်းပြည့်စေတီရဲ့ စိန်ဖူးတော်ဟာ ငလျင်လှုပ်ခတ်မှုကြောင့် ကျိူးကျပျက်စီးခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ကျားသစ်နက်တပ်မတော် တပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အဖြစ် နွေဦးရွက်ကြွေဇရပ်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက်တပ်မတော်ရဲ့ တပ်တည်ထောင်ခြင်း (၃) နှစ်ပြည့် အဖြစ် နွေဦးရွက်ကြွေ ဇရပ်ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ဧရာဝတီတိုင်းက စစ်သင်တန်းဆင်းတွေကို တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ဒေသဆီ စစ်ကောင်စီ အလောတကြီး ပို့ဆောင်နေ

အာဏာသိမ်းစစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ရောက်ရတဲ့ ဧရာဝတီတိုင်း မြို့နယ်တွေထဲက စစ်သားသစ်တွေကို ရခိုင်ပြည်နယ် စစ်ဆင်ရေးဒေသတွေဆီ ပို့ဆောင်နေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။