ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ) – YPDF ရဲ့ နှစ်ပတ်လည်စုံညီအစည်းအဝေးကို ဒီဇင်ဘာလ (၂၇) ရက် မနေ့က တပ်ဖွဲ့ ဗဟိုဌာနချုပ်ရှိ ယောနကခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဆိုပါစုံညီအစည်းအဝေးကို တပ်ဖွဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေ၊ ဖိတ်ကြားထားတဲ့ အရပ်ဖက် အကြံပေးအဖွဲ့ဝင်တွေ၊ မဟာမိတ်တပ်ဖွဲ့က ကိုယ်စားလှယ်တွေ၊ ရှေ့တန်းရောက်ရဲဘော်တွေနဲ့ နေရာဒေသအသီးသီး ရောက်ရှိနေတဲ့ ရဲဘော်တွေ တက်ရောက်ခဲ့တယ်လို့ YPDF က ဆိုပါတယ်။
စုံညီအစည်းအဝေးမှာ တပ်ဖွဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဌအပါအဝင် အဖွဲ့ဝင် တစ်ယောက်ချင်းစီရဲ့ နှစ်ပတ်လည်လှုပ်ရှားဆောင်ရွက်ချက် အစီရင်ခံစာတွေ၊ ဘဏ္ဍာရေးဌာနရဲ့ ဝင်ငွေထွက်ငွေအစီရင်ခံစာတွေ၊ ဗဟိုစစ်ကော်မရှင်၊ ဗဟိုတရားရေးနဲ့ လှုပ်ရှားစစ်ကြောင်းတွေရဲ့ နှစ်ပတ်လည် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာတွေ တင်သွင်းဖတ်ကြားခဲ့တယ်လို့ သိရပါတယ်။
တပ်ဖွဲ့အတွင်း တစ်နှစ်တာ စံပြတပ်သားဆု (၁) ဆု (၁၀၀,၀၀၀) ကျပ်၊ ဘက်စုံထူးချွန်ဆု (၁) ဆု (၅၀,၀၀၀) ကျပ်၊ တပ်သားကောင်းဆု (၃) ဆု (၅၀,၀၀၀) ကျပ်စီ၊ ပူးပေါင်းပါဝင်ဆောင်ရွက်မှု (၅) ဆုအတွက် ပုဆိုးတစ်ကွင်းစီ စတဲ့ဆုတွေကိုလည်း ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် တပ်ဖွဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဌက တပ်ဖွဲ့ ရှေ့ဆက်သွားမယ့် မူဝါဒ လမ်းစဉ်တွေကို ရှင်းလင်းဆွေးနွေးခဲ့ပြီး YPDF အနေနဲ့ ဒေသတွင်း သွေးစည်းညီညွတ်ရေး၊ စစ်ကောင်စီ ကင်းစေရေး တို့ကို ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

အကြွေး ကျပ်ဘီလီယံ ၁၀၀ ကျော်ရှိနေသည့် ဒေါက်တာသက်သက်ခိုင် စစ်အုပ်စု၏ ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့် မရ..

အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင်က ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ဟာ အကြွေးပေးဖို့ ရှိနေတဲ့ အချက်ကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။ ဒေါက်တာသက်သက်ခိုင်ဟာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈ (ဃ)ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းတာကြောင် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်လိုက်တာဖြစ်တယ်လို့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။ ကမ္ဘာအေးဘုရားလမ်းနဲ့ ဆရာစံလမ်းထောင့်ရှိ 68 Residence အိမ်ရာစီမံကိန်းအတွက် ဒေါက်တာသက်သက်ခိုင်နဲ့ စီးပွားဖက်တွေက ကမ္ဘောဇဘဏ်ဆီကနေ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် ချေးငှားခဲ့ပေမယ့် 68 Residence အိမ်ရာစီမံကိန်းဟာ အချိန်မီ ပြီးစီးခြင်းမရှိတဲ့အပြင် ကမ္ဘောဇဘဏ်ကနေ ချေးယူထားတဲ့ ငွေကျပ် ဘီလီယံ ၁၀၀ ကျော်ကိုလည်း ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။
Read More

စဥ့်ကူးတွင် စစ်ဘေးရှောင်များရှိနေသည့် ကျေးရွာစာသင်ကျောင်း လေယာဥ်ဖြင့်ဗုံးကြဲခံရပြီး ၄ဦးသေ၊ အများအပြားထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်ဘေးရှောင်တွေရှိတဲ့ ကျေးရွာ၂ရွာကို လေကြောင်း တိုက်ခိုက်မှုတွေ ရမ်းကားလုပ်ဆောင်ခဲ့ရာ အမျိုးသမီးတွေအပါအဝင် ၄ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ရှိသူ၁ယောက်ကမောင်းကိုပြောပါတယ်။ နိုဝင်ဘာလ ၇ရက်၊ မနေ့က နေ့လည်၁၂နာရီခွဲအချိန်ကစလို့ စစ်အုပ်စုရဲ့ မိတ္ထီလာလေဆိပ်တက် ဂျက်ဖိုက်တာ၁စီးက စဥ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာစာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှု၂ကြိမ်လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။
Read More

ဟားခါးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

ချင်းပြည်နယ်၊ မြို့တော် ဟားခါးရှိ စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ယောက်က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့သိမ်း စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းကို ဒေသခံ ပြည်သူတွေ ကြိုဆိုဂုဏ်ပြု…

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်း စစ်ဆင်ရေးမှာ မဟာမိတ်တပ်တွေနဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းကို ဒေသခံ ပြည်သူတွေ ကြိုဆိုနေတဲ့ မှတ်တမ်းပုံရိပ်တွေကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး(၂၇)လုံးနှင့် အဆိပ်ငွေ့ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၂၇)လုံးနဲ့ အဆိပ်ငွေ့ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုသိမ်ကြီးနှင့် မတ္တရာတွင် လက်နက်တပ်ဆင်ပေးထားသည့် အပြာဝတ် ရလဖများအား စစ်ကောင်စီ ပိုမိုအသုံးပြုလာ 

မန္တလေးတိုင်း၊ ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်တွေမှာ  စစ်ကောင်စီက အရပ်သားတွေကို စစ်မှုထမ်းနဲ့ ပြည်သူ့စစ်စုဆောင်းတာတွေအပြင် ရပ်ရွာလုံခြုံရေးအဖွဲ့ဝင်တွေအဖြစ်လည်း လက်နက်ပေး ဖွဲ့စည်းထားကြောင်း သိရပါတယ်။