စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သလ္လာ အမှတ် ၄ ရပ်ကွက်၊ မိုဃ်းကောင်းလမ်းမှာ ဖြစ်ပွားခဲ့တဲ့ ဓားပြတိုက်လူသတ် ကားလုယူမှုမှာ ကျူးလွန်သူ ၆ ယောက်မှာ အသက် ၂၂ အောက်တွေ ဖြစ်ပြီး မိန်းကလေး ၂ ယောက်ပါဝင်တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ မုံရွာမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်ဓားပြတိုက်မှု ဖြစ်စဥ်မှာ ပြစ်မှု ကျူးလွန်သူတွေဟာ အသက် ၁၇ နှစ်၊ ၁၈ နှစ်၊ ၁၉ နှစ်နဲ့ ၂၂ နှစ်အရွယ် လူငယ် ၄ ယောက်နဲ့ အသက် ၂၀ အရွယ် မိန်းကလေး ၂ ယောက်တို့ ဖြစ်တယ်လို့ မုံရွာ ပလဖ က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
ကျူးလွန်ခဲ့သူတွေကို ချုပ်ရက်ရမာန်ယူကာ စတင်စစ်ဆေးမှုတွေ ပြုလုပ်နေပြီဖြစ်ပြီး တရားခံတွေရဲ့ ထွက်ဆိုချက်တွေ ရရှိရင် ဆက်ပြီး သတင်းထုတ်ပြန်သွားမယ်လို့ မုံရွာ ပလဖ က ဆိုပါတယ်။
လူသတ် ဓားပြတိုက်မှု ဖြစ်ပွားကြောင်း သတင်းရတာနဲ့ မုံရွာမြို့နယ် ပလဖ အပါအဝင် သက်ဆိုင်ရာ နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းတွေက လမ်းတွေ ပိတ်ဆို့စစ်ဆေးရှာဖွေခဲ့ပြီး ဓားပြတွေ ယူဆောင်သွားတဲ့ ကားကိုတော့ သတင်းပေးပို့မှုတွေအရ မုံရွာမြို့နယ်၊ အက်တောရပ်ကွက်၊ ကန်သာဘုန်းကြီးကျောင်းအနီး ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် မုံရွာမြို့နယ်ပလဖ ရဲဘော်တွေက ဓားပြတိုက်မှု ကျူးလွန်သူတွေကို ၁၂နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

ပွင့်လင်းရာသီ ပွဲတော်ကာလတွေမှာ လေကြောင်းအန္တရာယ်ရှိနေလို့ ပွဲတော်တွေမပြုလုပ်ဖို့ AA ကသတိပေး

မကြာခင်ရောက်ရှိလာတော့မယ့် သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတော်ကာလတွေမှာ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်း အန္တရာယ်ရှိနေလို့ လူစုလူဝေးနဲ့ ပွဲလန်းသဘင်တွေ မပြုလုပ်ဖို့ အာရက္ခတပ်တော် AA က သတိပေးတိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

အညာမြေတပ်ပေါင်းစုမှ ရဲဘော်တစ်ဦး ဦးခေါင်းလက်နက်ကြီး ထိမှန်ကာ နောက်တစ်ဦး လည်ပင်း ကျည်ဖောက်ဝင်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ အညာမြေတပ်ပေါင်းစုရဲ့ တပ်ဖွဲ့ဝင်၂ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။
Read More

မြင်းခြံမြို့နယ် ရေကြောင်းစစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက် စစ်သင်္ဘောများကို တော်လှန်ရေးအဖွဲ့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြိုန့ယ်က အကြမ်းဖက်စစ်တပ်ရဲ့ ရေကြောင်း စစ်ဆေးရေးဂိတ် ဆိတ်ညံ‌ရေတင်ရုံးကို အကြမ်းဖက်စစ်သင်္ဘောတွေ ရောက်ရှိ ဆိုက်ကပ်ထားချိန် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီအမြစ်ပြတ်ရေး အခွင့်အခါကောင်းဖြစ်လို့ အားလုံးနဲ့ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်လို့ KIA အသိပေး

စစ်ကောင်စီကို တိုင်းပြည်မှာ လုံး၀မရှိစေမယ့် အမြစ်ပြတ်စစ်ဆင်ရေးကို ဖော်ဆောင်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့ လက်တွဲဖော်ဆောင်နေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောပါတယ်။
Read More

ရွာငံတွင် ရွေးကောက်ပွဲ လုံခြုံရေးမှအပြန် စစ်ကားများကြားဖြတ် တိုက်ခိုက်ခံရပြီး ၁၉ ဦးသေဆုံးကာ ကားများ မီးလောင်ပျက်စီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်မှာ အတုအယောင် ရွေးကောက်ပွဲ လုံခြုံရေးယူပေးတဲ့ စစ်ကားတွေ တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား(၁၉) ယောက် သေဆုံးကာ ကားတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ရွာငံစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

TNLA စိုးမိုးနယ်မြေများတွင် ဧပြီ တစ်လတာအတွင်း စစ်ကျန်လက်နက်ပစ္စည်းများကြောင့် အရပ်သား (၁)ဦး သေဆုံးပြီး ကလေးငယ်အပါ (၄)ဦး ထိခိုက်ဒဏ်ရာရ

တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးထားတဲ့ မြို့နယ်တွေမှာ ဧပြီလတစ်လအတွင်း မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကြောင့် အရပ်သား (၁) ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။