မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအပါအဝင် ဒေသတွင်းကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ Bernama သတင်းက ဒီဇင်ဘာ ၂၇ ရက်မှာ ဖော်ပြပါတယ်။
သက်ဆင်နဲ့တွေ့ဆုံရာမှာ လာမဲ့နှစ် မလေးရဲ့ အာဆီဥက္ကဋ္ဌတာဝန်ယူချိန် ၎င်းရဲ့ အလွတ်တမ်း အကြံပေးအဖြစ် သက်ဆင်ရဲ့ အခန်းကဏ္ဍအပါအဝင် အရေးကြီး ကိစ္စရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြကြောင်း အန်ဝါက ပြောပါတယ်။
“သက်ဆင်ရဲ့ ပြိုင်ဘက်ကင်းတဲ့ ဒေသတွင်း ဆက်ဆံရေးကွန်ရက်နဲ့ သူ့ရဲ့ထူးခြားတဲ့ ကျွမ်းကျင်တွေနဲ့ ပေါင်းသွားမယ်ဆိုရင် မလေးရှားနဲ့ အာဆီယံအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အခွင့်အလမ်းတွေ ဖွင့်ပေးနိုင်မှာပါ” လို့ အန်ဝါက သူ့ရဲ့ လူမှုကွန်ရက်မှာ ပြောပါတယ်။
မကြာသေးမီက သက်ဆင်ရဲ့သမီး ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်နဲ့ ‌ဆွေးနွေးထားတဲ့အတိုင်း မလေးရှား-ထိုင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး ကြိုးပမ်းမှုတွေကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ သူက ပြောပါတယ်။
“မလေးရှားနဲ့ ထိုင်းတို့ဟာ နိုင်ငံနဲ့ ဒေသတွင်း နှစ်နိုင်ငံလုံးအတွက် အောင်မြင်မှုအမျိုးမျိုးကို အတူတကွ ရရှိနိုင်တယ်ဆိုတဲ့ တူညီတဲ့ယုံကြည်ချက်ကို ဆယ်စုနှစ်များစွာ မျှဝေခဲ့ကြတယ်။ သက်ဆင်နဲ့ ကျွန်တော်ဟာ ဒီအမြင်ကို အကောင်အထည်ဖော်ဖို့ သန္နိဋ္ဌာန်ချထားပါတယ်” လို့ သူကဆိုပါတယ်။
0 Shares:
You May Also Like
Read More

စလင်းမြို့နယ် တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း ပြည်သူတွေရှိရာ ကျေးရွာများတွင် စလင်း ပကဖ လှည့်လည်ဖျော်ဖြေခဲ့ (ဓာတ်ပုံသတင်း)

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

သရက်ခရိုင် PDF အမှတ် ၄ တပ်ရင်း အပတ်စဥ် (၈) နှင့် (၉) အခြေခံစစ်သင်တန်းဆင်း အခမ်းအနား ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း သရက်ခရိုင် အမှတ်(၄) တပ်ရင်းက ကွပ်ကဲတဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၈) နဲ့ အပတ်စဥ် (၉) သင်တန်းဆင်းပွဲ အခမ်းအနားကို စစ်ရေးအခြေအနေအရ လွတ်မြောက်နယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ရေဦးပကဖ ထံ အကြမ်းဖက်စစ်တပ် ဗိုလ်ကြီးတစ်ဦး အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ဆီကို အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်ရှိသူ ၁ ယောက် အလင်းဝင်လာတယ်လို့ ရေဦး ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မှာ စစ်အုပ်စုကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ၂ဦး သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင် ပကဖ ထံက သိရပါတယ်။
Read More

အညာပစ်တိုင်းထောင်လေးများအဖွဲ့က စစ်ရှောင်စခန်းတွေကို ကျွေးမွေးလှူဒါန်းမှု (ဓာတ်ပုံသတင်း)

အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဟာ ဆားလင်းကြီးမြို့နယ်က ရက်ရှည်စစ်ရှောင်စခန်း နေရာ ၃ ခုကို ၃၇၅ နပ်မြောက် လှူဒါန်းမှုအနေနဲ့ မွေးနေ့ရှင်၊ အလှူရှင်တွေကိုယ်စား ကျွေးမွေးလှူဒါန်းမှု ပြုခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူ ခရိုင် အမှတ် ၁၄ တပ်ရင်းရဲ့ တပ်ရင်း၂ နှစ်ပြည့်အခမ်းအနား… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ပခုက္ကူခရိုင် အမှတ် ၁၄ တပ်ရင်းက တပ်ရင်း ၂ နှစ်ပြည့်အခမ်းအနားကို ဒီဇင်ဘာလ ၁ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။