အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်ဒေသခွဲ ၊ တိုင်းစစ် ဌာန၊ ဧရာဝတီတိုင်း ၊ အမှတ် (၂၉) ဗျူဟာ (တနည်း) AYA PDF (ဧရာဝတီ PDF) ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ AYA PDF အမှတ်(၂၉) ဗျူဟာက ဒီဇင်ဘာ ၂၇ ရက် မနေ့က ထုတ်ပြန်ကြေညာထားပါတယ်။
AYA PDF (ဧရာဝတီ PDF) ကို အမိန်နာခံပြီး စစ်စည်းကမ်းကောင်းမွန်သလို တိုက်ခိုက်ရေး ကောင်းမွန်တဲ့တပ်မှူးတွေ ခေါင်းဆောင်ထားပြီး အတွေ့အကြုံရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်လို့ သိရပါတယ်။
“ဟုတ်ပါတယ်ဗျ ဒီကနေ့ပဲ ဧရာဝတီ တောင်ပိုင်းတိုင်း အမှတ်၂ စစ်ဒေသခွဲ ဗျူဟာ ၂၉ ဖွဲ့စည်းထားပြီးကြောင်း ကြေငြာခဲ့တာဖြစ်ပါတယ်”လို့ မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ဧရာဝတီတိုင်း တော်လှန်ရေးတပ်ဖွဲ့ရဲ့ တပ်ရင်းမှူးတယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
“ဧရာဝတီတိုင်းသား အများစုပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တပ်ရင်းတွေ စုပေါင်းကာ တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသခွဲ ဗျူဟာ၂၉ ကို ဖွဲ့စည်းခဲ့တာပါ။ အိမ်ပြန်ခရီးဟာ မနီးမှန်းသိပေမယ့် ရောက်အောင် ပြန်ကြမှာ”လို့လည်း အဆိုပါတပ်မှူးက ဆက်ပြောပါတယ်
နိုင်ငံတစ်ဝန်း စစ်ရေးအရှိန်မြင့်မားလာနေချိန်မှာ ဧရာဝတီတိုင်းအတွက် အမှတ် ၂၉ ဗျူဟာကို ဧရာဝတီတိုင်း တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အချိန်နဲ့တစ်ပြေးညီ ဗျူဟာဖွဲ့စည်းပြီးစီးကြောင်း ထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

စစ်တပ် သတင်းပေး မလုပ်ဖို့ သတိပေးကာ ပြန်လွှတ်ပေးခဲ့သည့် ပျူစောထီး ဒီတစ်ကြိမ် ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေအကြောင်း စစ်အုပ်စုထံ သတင်းမပေးဖို့ သတိပေးခဲ့ပေမယ့် ဆက်လက်လုပ်ဆောင်နေတဲ့ ပျူစောထီးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ထံက သိရပါတယ်။
Read More

မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတားပေါ် ဖြတ်သန်းသွားလာနေတဲ့ CDM တွေ မကြာခဏ ဖမ်းဆီးခံနေရ

ကရင်ပြည်နယ် မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ဆက်သွယ်ထားတဲ့ အမှတ် (၁) ချစ်ကြည်ရေး တံတားပေါ် ဖြတ်သွားလာမှုပြုလုပ်နေတဲ့ CDM ဝန်ထမ်းတွေ နေ့စဥ်ဆိုသလို ဖမ်းဆီးခံနေရကြောင်း စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

မြောက်ဦးမှာ စစ်ကောင်စီတပ် ထောင်ထားခဲ့သည့် မိုင်းများ ရှိနေ၊ AA မိုင်းရှင်းလင်းရေး စတင်လုပ်ဆောင်

ရခိုင်ပြည်နယ်က ရှေးဟောင်းယဥ်ကျေးမှုနယ်မြေဖြစ်တဲ့ မြောက်ဦးမြို့မှာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းတွေကို အာရက္ခတပ်တော်(AA) က ရှင်းလင်းရေး လုပ်ဆောင်နေတယ်လို့ ရခိုင်ပြည်နယ် ဒေသတွင်းသတင်းဌာန Golden Era Media က ထုတ်ပြန်ထားပါတယ်။
Read More

ခရီးသွားရင်း ပေါ်တာဆွဲခံခဲ့ရသည့် စစ်မှုထမ်းတပ်သားတစ်ဦး အလင်းဝင်

စစ်ကိုင်းမြို့နယ်အတွင်း ခရီးသွားရင်း စစ်ကိုင်းတံတားပေါ်မှာ ပေါ်တာဆွဲခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သား တစ်ယောက်ဟာ ဇူလိုင်လ ၁၄ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ ဆိပ်ဖြူတစ်ကိုယ်တော် ကျားဇိုးက မောင်းကို ပြောပါတယ်။
Read More

ကလေး အကျဉ်းထောင် လက်ထောက် ကြီးကြပ်ရေးမှူးလာဘ်ယူခြင်း၊ ခေါင်းပုံဖြတ်ခြင်းများ ပြုလုပ်နေဟု ဆို

စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်ရှိ လက်ထောက်ကြီးကြပ်ရေးမှူး ကျော်ထက်ဦးဟာ အကျဥ်းသားတွေဆီက လာဘ်ယူတာ၊ ခေါင်းပုံဖြတ်တာတွေ လုပ်နေတယ်လို့ Political Prisoners Network - Myanmar က သိရပါတယ်။
Read More

ငလျင်ကြောင့် မဟာမြတ်မုနိဘုရား အဆောက်အအုံ အပါအဝင် သမိုင်းဝင် မယ်နုအုတ်ကျောင်း၊ ရွှေစာရံစေတီတို့လည်း ပြိုကျပျက်စီးခဲ့

မတ်လ ၂၈ရက် ဒီနေ့ နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် မန္တလေးနဲ့ စစ်ကိုင်းအတွင်းမှာ မန္တလေး မဟာမြတ်မုနိဘုရားကြီးရှိရာ အဆောက်အအုံ အပါအဝင် သမိုင်းဝင် အင်းဝမယ်နုအုတ်ကျောင်း၊ ပုထိုးတော်ကြီးနဲ့ ရွှေစာရံစေတီတော်တို့ ပြိုကျပျက်စီးခဲ့ကြောင်း သိရပါတယ်။