မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ ၂ ယောက်သေပြီး ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၂၇ ရက် မနေ့က တောင်သာမြို့နယ် ၊ သပြေပင်ရွာအနောက်ဘက် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား ၇၀ ခန့်ပါ စစ်ကြောင်းကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက ထိပ်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က Mi 35 ရဟတ်ယာဥ်နဲ့ပါ ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအပြီးမှာတော့ စစ်ကောင်စီတပ်က ၂ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သလို G3 ကျည်ဘောက် 2 ဘောက်၊ လက်ပစ်ဗုံး 3 လုံး၊ ကျည် 80 တောင့်၊ 40 မမ သီး 1 လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းကလည်း ရဲဘော် ဇင်မင်းထိုက်(ခ)ထိုက်ကြီး ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

Myingyan District Special Operationမင်းနေကုန်းရဲစခန်းကိုလာတဲ့ စစ်အုပ်စုတွေ စောင့်ကြိုပစ်ခတ်ခံရပြီး စစ်ကြောရေးမှူးဆိုသူနဲ့ ရဲတစ်ယောက် သေ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေရဲ့ အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက်ရာ ကားပေါ်ပါလာတဲ့ မြို့သာစစ်ကြောရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင် ၁ယောက် သေပြီး ကျည်ဆံခဲယမ်းနဲ့ ပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ Hero Defence Force (မြင်းခြံ) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပျူစောထီးမင်းမင်းကို သုတ်သင်ရှင်းလင်းမှုကိစ္စမှာ တာဝန်ရှိတဲ့ တော်လှန်ရေးရဲဘော် ၄ ယောက်ကို ထောင်အချုပ် ၁ နှစ်စီ ချမှတ်…

ပျူစောထီးခေါင်းဆောင် မင်းမင်းကို သုတ်သင်ရှင်းလင်းခဲ့တဲ့ တော်လှန်ရေးရဲဘော် ၄ ယောက်ကို အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့နဲ့ ငြိစွန်းနေတဲ့အတွက် ထောင်အချုပ် ၁ နှစ်စီ ချမှတ်ခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်( မကွေးတိုင်းအရှေ့ခြမ်း) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနား

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို မတ်လ ၁၅ ရက် ဒီနေ့မှာ လွတ်မြောက်ဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

“ဗိုလ်ချုပ်မျှော်မှန်း ဖက်ဒရယ်လမ်းသို့ “ မြေပြင်လူထုသပိတ်တိုက်ပွဲ (ဓာတ်ပုံသတင်း)

“ဗိုလ်ချုပ်မျှော်မှန်း ဖက်ဒရယ်လမ်းသို့”ခေါင်းစဉ်နဲ့အတူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ် အပါအဝင် မြေပြင်လူထုသပိတ်တိုက်ပွဲကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ မြို့တော်ခန်းမရှေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

လက်ပံတန်းမှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၅ လုံးထက်မနည်း မီးလောင်ပျက်စီး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်က ညောင်ပင်ဇီးရွာကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးသွားတာကြောင့် အိမ်ခြေ ၁၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တော်လှန်ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်မယ့် ‘ကျည်ကာတပ်ဆင် ရွှေမန်းဝင်’ ကမ်ပိန်း

စစ်အာဏာရှင်ဖြုတ်ချရေး ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ မြေပြင်ရဲဘော်တွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်​ဒေသ၊ မန္တလေးခရိုင် အမှတ် (၄) တပ်ရင်းက ကမ်ပိန်းတစ်ခု ပြုလုပ်နေပါတယ်။