မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပါးတောင်ပေါ်က အကြမ်းဖက်စစ်တပ်ဆက်သွယ်ရေးစခန်းမှာ တာဝန်ကျနေတဲ့ စစ်သားတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ သေနတ် ၂ လက်နဲ့အတူ အကြမ်ဖက်စစ်သား ၂ ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက ကနဦးသတင်း ရရှိခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၇ ရက် ညပိုင်းမှာ ပုပ္ပါးတောင်ပေါ်က စစ်တပ်ဆက်သွယ်ရေးစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆက်သွယ်ရေးတပ်သားတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားပေမယ့် အရာခံဗိုလ်အဆင့်ရှိသူနဲ့ တပ်သားအဆင့်ရှိသူ စစ်သား ၂ ယောက်ကို သေနတ်၂ လက်နဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ကနဦးသတင်းများအရ သိခဲ့ရတာပါ။
“ဝင်ရောက်စီးနင်းတဲ့အချိန်မှာ စစ်သားက ၃ ယောက်ရှိတာပါ။ ၁ ယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်၊ ပစ်ခတ်ဖမ်းဆီးလို့ရပေမယ့် ပြည်သူတွေရှိလို့၊ မလိုအပ်ပဲ ပြည်သူတွေ ထိခိုက်မှုရှိမှာစိုးလို့ လက်လွှတ်ပေးခဲ့တယ်” လို့ Myingyan Black Tiger တပ်ဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်
ဖမ်းဆီးရမိထားတဲ့ အကြမ်းဖက်စစ်သား ၂ ယောက်ကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး စစ်သုံ့ပန်း ဥပဒေနဲ့အညီ ထားရှိခဲ့ပေမယ့် တပ်စခန်းရှိရာ ခေါ်ဆောင်သွားချိန်မှာ ခုခံထွက်ပြေးဖို့ ကြိုးစားတာကြောင့် ပစ်ခတ်ရှင်းလင်းရာ ၂ ယောက်စလုံး သေဆုံးသွားတယ်လို့ ၄င်းကဆိုပါတယ်။
” အဲ့ဒီ ၂ ယောက်ကို ဖမ်းဆီးထားပါပြီ၊ ၂ ယောက်စလုံးကို ကျနော်တို့ အထိုင်စခန်းဆီ ခေါ်သွားတဲ့ လမ်းမှာ ထွက်ပြေးဖို့ ကြိုးစားတယ်၊ အဲ့ဒါကြောင့် ကျနော်တို့အနေနဲ့ ၂ ယောက်စလုံးကို ပစ်ခတ်ရှင်းလင်းလိုက်ရတယ်” လို့ MBT တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောဆိုခဲ့ပါတယ်။
Myingyan Black Tiger MBT နဲ့ Popa Guerilla Force PGF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ အဆိုပါ ပုပ္ပါးတောင်ဆက်သွယ်ရေးစခန်း ဝင်ရောက်တိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ စစ်သားတွေ ကိုင်ဆောင်တဲ့ MA 11 သေနတ် ၁ လက်၊ အူဇီ သေနတ် ၁ လက်နဲ့အတူ ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ် လို့ MBT တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

ပတ္တမြားမြေရောက် အမရပူရ ရဲဘော်များ (ဓာတ်ပုံသတင်း)

တရုတ်ရဲ့ ကြားဝင်မှုကြောင့် မိုးကုတ်မြို့ကို တအာင်းတပ်မတော် TNLA လက်လွှတ်ခဲ့ရပြီးနောက် MDY PDF ၊ မိုးကုတ်ဗျူဟာ အပါအဝင် မြန်မာပြည်အလယ်ပိုင်းဒေသက တော်လှန်ရေးတပ်ဖွဲ့တွေကို မိုးကုတ်ကို အစွမ်းကုန် ကာကွယ်သွားမယ့်အကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

မိန်းမဖြစ်သူကို သတ်ဖြတ်ခဲ့သူအား PDF ဖမ်းဆီး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စု၊ ဆယ်ရွာ တိမ်မြုပ်ချောင်းကမ်းအနီး နေအိမ်မှာ ဇနီးဖြစ်သူကို သတ်ဖြတ်ခဲ့တဲ့ အမျိုးသားကို PDF တွေ လတ်တလောမှာ ဖမ်းဆီးထားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၅) က သတင်းထုတ်ပြန်လာပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက အကြမ်းဖက်စစ်သား ၅ ယောက် အလင်းဝင်…

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက အကြမ်းဖက်တပ်သား ၅ ယောက်က နိုဝင်ဘာလ ၂၆ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ ဗျူဟာ(၃၁)က မနေ့ညက ထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသား ၂ ဦး၏ ရုပ်အလောင်း တွေ့ရှိ

ကချင်ပြည်နယ်၊ ဖားကန့်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

မုံရွာ GTC ရှိ အကြမ်းဖက်စစ်အုပ်စု နေရာများ စီးနင်းတိုက်ခိုက်ခံရပြီး ၄ ဦး သေ၊ ၇ ဦး ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ နည်းပညာတက္ကသိုလ်(GTC) ကျောင်းဝန်းအတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုတွေ စီးနင်းတိုက်ခိုက်ခံရပြီး ၄ ယောက် သေ၊ ၇ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း (၂) ဒေါင်းမျိုးဆက် က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်မှာ သြဂုတ်လ ၁ လအတွင်း စစ်မှုထမ်းရန်အတွက် လူ ၃၀ ကျော် ကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီး၊ စိတ်ကျန်းမာရေးအားနည်းသူနှင့် အသက်မပြည့်သူများပါ ဖမ်းဆီးခံ စာရင်းတွင် ပါဝင်နေ…

"အခုက လူငယ်တွေ တော်တော်ဖမ်းခံနေရတာ။ လွတ်နေတဲ့ ဆယ်လီတွေ ဘာတွေဆိုတာကလည်း စစ်တပ်ရယ်၊ ကြံ့ဖွံ့ရယ်နဲ့ ဆက်စပ်နေတဲ့သူတွေရယ်ပဲ လွတ်နေတာပါ” လို့ ရန်ကုန်မြို့နေအမျိုးသား ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။