မကွေးတိုင်း၊ ချောက်နဲ့ ဆိပ်ဖြူမြို့နယ်တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား ထိတွေ့တိုက်ခိုက်တွေမှုဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိကြောင်း သိရပါတယ်။
ဒီဇင်ဘာလ ၂၇ရက်၊ မနက်အစောပိုင်းမှာ ချောက်မြို့နယ်ရှိ Chauk Revolution Army အဖွဲ့ရဲ့စခန်းနားကို စစ်ကြောင်းထိုးလာတဲ့အင်အား ၁၀၀ခန့်ပါ အကြမ်းဖက်စစ်တ​ပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အချိန် ၁နာရီကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ကုန်းကြီးရွာထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေပေါင်းပြီး အင်အား၁၀၀နီးပါးနဲ့ ဝင်ရောက်လာတဲ့အချိန်မှာ Chauk Revolution Army တပ်ဖွဲ့ဝင်တွေက ဟန့်တားတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က အင်အားမမျှလို့ နောက်ဆုတ်ပေးလိုက်ရတဲ့နောက်မှာတော့ Chauk Revolution Army ရဲ့စခန်းအပါဝင် ကံသစ်ကုန်းကျေးရွာမှာရှိတဲ့ အရပ်သားနေအိမ်၃လုံးနဲ့ ကုန်းကြီး-နရွဲတာလမ်းပေါ်က Chauk Revolution Army ရဲ့စစ်ဆေးရေးဂိတ်စခန်းကိုပါ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ကံသစ်ကုန်းကျေးရွာနေ နဝမတန်းကျောင်းသား၁ယောက်ကိုလည်း ဖမ်းဆီးခေါ်​ဆောင်သွားခဲ့သလို တိုက်ပွဲအပြီး လက်နက်ကြီးတွေနဲ့ ရမ်းပစ်ခဲ့တဲ့အတွက် နရွဲတောရွာက နေအိမ်၂လုံးလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“တိုက်ပွဲထဲ ကျနော်တို့လည်းအထိခိုက်မရှိသလို စခအထိခိုက်လည်း အတည်မပြုနိုင်သေးပါဘူး။ ဒါပေမယ့်လည်းပြည်သူတွေရဲ့ပြောပြချက်အရ တွဲခေါ်လာတာတွေ ထမ်းလာတာတွေ ၆ယောက်လောက်ရှိတယ်လို့ သိရပါတယ်။ စစ်ကြောင်းဝင်လာတဲ့အချိန်မှာလည်း လက်ပြန်ကျိုးတုပ်ပြီးခေါ်လာတဲ့သူ တစ်ယောက်လည်းပါတယ်ပြောတယ်။ ဘယ်သူဘယ်ဝါမှန်းတော့မသိသေးပါဘူး။ အခု ကျနော်တို့ စခန်း၂ခု မီးရှို့ဖျက်ဆီးခံရတော့ ပျက်စီးဆုံးရှုံးမှု့က များပါတယ်။ အသေးစိတ်တော့ ချပြလို့မရသေးဘူးပေါ့နော်။ နောက်ပြီးဖမ်းခေါ်သွားတဲ့ကျောင်းသား​လေးကိုလည်း ချောက် ခလရ ၁၃ ထဲ ပေါ်တာဆွဲသွားတယ်လို့ သိရပါတယ်” လို့ Chauk Revolution Army တာဝန်ရှိသူ ၁ယောက်ကမောင်းကိုပြောပါတယ်။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာတော့ ထမ္မကောက်ကျေးရွာအထိုင် စစ်ကောင်စီစခန်းအပါဝင် တပေါင်းကျေးကွာအထိုင်စခန်းနဲ့ လက်ဆည်ကျေးရွာရဲစခန်းတို့ကို တော်လှန်ရေးအင်အားစုတွေက ဗုံးသီးအလုံး၅၀ ၊ ရော့ကတ် နဲ့ ၆၀ မမလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီးတွေ၊ ဗုံးသီးတွေက စစ်ကောင်စီအထိုင်စခန်းအဆောက်အအုံတွေအပါဝင် ဂျမ်ဘာတွေပါ ထိမှန်ပျက်စီးစေခဲ့ပြီး အကြမ်းဖက်စစ်သားအများအပြား ထိခိုက်သေဆုံးနိုင်ကြောင်း ဆိပ်ဖြူ​မြောက်ပိုင်း​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှု​တွေကို ဆိပ်ဖြူ​မြောက်ပိုင်း​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ​ ပခုက္ကူခရိုင် အမှတ်၄တပ်ရင်း၊ တပ်ခွဲ ၃၊ မကွေးတိုင်းပကဖ ဒရုန်းလက်ရုံးတပ်ဖွဲ့ ၊ သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦးအဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်းသိရပါတယ်။
ပုံစာ- Chauk Revolution Army ရဲ့စခန်းကိုစစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့စဥ်
0 Shares:
You May Also Like
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ အပတ်စဉ် (၁၅) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၅) သင်တန်း မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကြေးနီသယ်ဆောင်လာတဲ့ ယာဉ်တွေကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မနေ့က ဇန်နဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းလောက်မှာ ကြေးနီတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းနဲ့အတူ လုံခြုံရေး လိုက်ပါလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲက မောင်းကို အတည်ပြုပြောဆိုပါတယ်။
Read More

လက်ပံတန်းမြို့နယ်၊ သာယာကုန်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များဝင်တိုက်၊ ပျူစောထီး ၃ ယောက်နဲ့ ရဲ ၁ ယောက်သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေရှိနေတဲ့ သာယာကုန်းရဲစခန်းကို သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ပျူစောထီး ၄ ယောက်နဲ့ ရဲ ၁ ယောက်သေပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မြန်မာ့အရေး ၀င်ရောက်စွက်ဖက်နေတဲ့ တရုတ်ကို မြောက်ကယ်ရိုလိုင်းနားမှာ မြန်မာတွေ ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ချာပယ်ဟေးမြို့ရောက် မြန်မာတက်ကြွလှုပ်ရှားသူတွေက မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC ဖမ်း၀ရမ်းထုတ်ရေး ပြည်တွင်းလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

အင်းလေး အမျိုးသမီးသမဂ္ဂက ဦးဆောင်ကာ ပြည်သူတွေနဲ့အတူ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်းထုတ်နိုင်ရေး လှုံ့ဆော်လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
Read More

ဥကရစ်ထစခန်း ကာကင်းကုန်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ် အရာရှိ အပါအဝင် စစ်သားတွေ လက်နက်ချအညံ့ခံ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ အထိုင်ချ ဥကရစ်ထစခန်းအတွက် ကာကင်းလုပ်ထားတဲ့ ရွှေအေးမြိုင်ဘုရားကုန်းက အကြမ်းဖက်စစ်သားတွေ လက်နက်ချအညံ့ခံခဲ့တယ်လို့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။