ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က ဟုမ်းလမ်းဘူတာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့သူတွေကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီထောက်ခံတဲ့ ဝါဒဖြန့်သတင်းတွေမှာ ဖော်ပြလာပါတယ်။

ဒီဇင်ဘာလ ၂၄ရက် မနက်ပိုင်းက စမ်းချောင်းမြို့နယ်၊ ဟုန်းလမ်းဘူတာ ရပ်ကွက်ရုံးအတွင်း ရှိနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေ သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဝမ်းဗိုက်ကို ကျည်ထိမှန်တဲ့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရမှုအတွက် စစ်ကောင်စီက လက်ရှိမှာ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၁ယောက်ကို ဖမ်းဆီးထားပြီး ဖမ်းဆီးခံရသူတွေဟာ Freeland Attack Force အဖွဲ့က ကိုဇော်ဇော်ဗိုလ် (ခ) ထွန်းထွန်းအောင် ၊ ကိုကျော်ဇင်ဦး(ခ) ကျောင်းဆရာ၊ ကိုစိုင်းနောင် ထက်(ခ) အာကြီးနဲ့ မမေမြတ်သဉ္ဇာကျော် (ခ) ငယ်ငယ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်

စစ်ကောင်စီရဲ့အဆိုအရ ဒီဇင်ဘာ၂၄ရက် ညပိုင်းမှာရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းနေအိမ်မှာ ကိုဇော်ဇော်ဗိုလ် (ခ) ထွန်းထွန်းအောင် နဲ့ မမေမြတ်သဉ္ဇာကျော် (ခ) ငယ်ငယ်တို့ကို ပထမဆုံး လက်နက်ပစ္စည်းတချို့နဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ အဲဒီကမှတဆင့်  ထန်းတပင်မြို့နယ်နေ ကိုကျော်ဇင်ဦး(ခ) ကျောင်းဆရာ၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်နေ ကိုစိုင်းနောင်ထက် (ခ) အာကြီးတို့ကို အသီးသီး ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ဆက်လက်ပြောဆိုချက်အရ Freeland Attack Force လုပ်ဆောင်ခဲ့တဲ့ တာမွေမြို့နယ်၊ စည်ပင်သာယာရုံး ဗုံးပစ်ခံရမှု အပါအဝင် အင်းစိန်၊ မရမ်းကုန်းနဲ့ တာမွေမြို့နယ်တွေမှာ ချိန်ကိုက်မိုင်းခွဲတာ၊ လက်ပစ်ဗုံးပစ်တာတွေကို အထက်ပါ သူတွေက လုပ်ဆောင်ခဲ့ကြောင်းနဲ့ ဒီလုပ်ဆောင်မှုတွေကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နေထိုင်သူ ကိုနေမျိုးနွယ်ဆိုသူက ခိုင်းစေခဲ့တာဖြစ်ကြောင်း ဖော်ပြပါတယ်။

ရဲပြုတ် ၁ယောက်ဖြစ်သလို ဟုမ်းလမ်းအုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့ ဦးစန်းငွေကတော့ ဝမ်းဗိုက်ကျည်ထိမှန် ဒဏ်ရာတွေနဲ့ သေဆုံးသွားပြီဖြစ်ကြောင်း သိရပါတယ်။

စစ်ကောင်စီထုတ်ပြန်ထားတဲ့ ဟုမ်းလမ်းဘူတာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရမှု ဖမ်းဆီးရမိသူများ

ဦးစန်းငွေ သေဆုံးကြောင်းကိုလည်း လုပ်ဆောင်ခဲ့တဲ့ Freeland Attack Force အဖွဲ့ တာဝန်ရှိသူ၁ယောက်က “မနက် ၅နာရီ ၄၅မှာ သေပြီလို့သတင်း၀င်ထားတယ်ခင်ဗျာ။ ရပ်ကွက်ကလည်း အတည်ပြုတယ် သိရပါတယ်” ဆိုပြီး မောင်းကိုအတည်ပြုပြောကြားထားပါ​သေးတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များကို ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဥပဒေရုံးမှ စစ်သည်တော်ကျင့်ဝတ်နှင့် စစ်ဘက်ဆိုင်ရာဥပဒေသင်တန်း ပို့ချ

ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ”စစ်သည်တော်ကျင့်ဝတ်နှင့်စစ်ဘက်ဆိုင်ရာဥပဒေသင်တန်း”ကို စက်တင်ဘာလ ၁ ရက်‌နေ့ကနေ ၃ ရက်နေ့အထိ ၃ ရက်ကြာ Online System နဲ့ ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်း ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမှာ စစ်ကောင်စီတပ်တွေရဲ့ ၂ရက်တာ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၇၂ လုံး မီးလောင်ပျက်စီး

ကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မြေစွန်းတော်ကျေးရွာကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ကာ မီးရှို့ခဲ့တာကြောင့် ဒေသခံပြည်သူနေအိမ် ၂၇၂ လုံး မီးလောင်ပျက်စီးကုန်တယ်လို့ Yesagyo Township Info Committee က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

သာယာဝတီက အုပ်ချုပ်ရေးမှူး ဒုတိယအကြိမ် အပစ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ စည်ပင်ကျေးရွာအုပ်စုရဲ့အုပ်ချုပ်ရေးမှူးကို ဒုတိယအကြိမ်ပစ်ခတ်ခဲ့ရာ ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပေါ်တာဆွဲနေသည့် စစ်ကော်မရှင်တပ်သားများ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ခံရပြီး ရဲစခန်းထဲ ဝင်ပြေး

မကွေးတိုင်း၊ စလင်းမြို့နယ်နဲ့ ဆင်ဖြူကျွန်းမြို့ရှိ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း ထံက သိရပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ကမ်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းကြောင့် ၁လကျော်အတွင်း သေဆုံးသူ ၁၀ယောက်အထိရှိလာ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ခြမ်းက​ ကျေးရွာတွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းတွေကြောင့် ၁ လ ကျော်အတွင်း အရပ်သား ၁၀ ယောက်သေဆုံးကာ ၂၉ ယောက် ထိခိုက်ခဲ့ပြီး နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Read More

တံတားဦးမှ ငါန်းဇွန်သို့ ထွက်လာသည့် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ် ဖောကားကို မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၄ ဦးသေပြီး ၁၉ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ကနေ ငါန်းဇွန်မြို့နယ်ဆီ ထွက်ခွာလာတဲ့ အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်ရဲ့ ဖောကားကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၄ ယောက် သေဆုံးပြီး ၁၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် ၆ တပ်ရင်း၊ တပ်ခွဲ ၂ က ဒီနေ့ ထုတ်ပြန်ပါတယ်။