မန္တလေးတိုင်း၊ ညောင်ဦးမြို့အနောက်ပိုင်းမှာ ဓားပြတိုက် လူသတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာနေပြီး စစ်ကောင်စီကလည်း ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခြင်းမရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက်နေ့က ညောင်ဦးမြို့နယ်အနောက်ပိုင်းမှာ တစ်ညအတွင်း ဓားပြတိုက်မှု ၂ ခု ဖြစ်ပွားခဲ့ပြီး အမျိုးသား၂ ယောက် ​အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဓားပြမှုဖြစ်ပွားခဲ့တဲ့ ကျေးရွာ ၂ရွာလုံးဟာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် (ခေါ်) ပျူစောထီးတွေ စိုးမိုးရာ နယ်မြေဖြစ်တယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ကိုဇီးက မောင်းကိုပြောပါတယ်။

“ည ၇ နာရီမှာ မြို့သာရွာကအိမ် ဓားပြတိုက်ခံရတယ်။ မကြည်ဝင်းဆိုတဲ့ အမျိုးသမီးရိုက်နှက်ခံရပါတယ်။ နောက် ည၈နာရီကျတော့ ကြအိုရွာက ဆိုင်ကယ်ပစ္စည်းအရောင်းဆိုင် အတိုက်ခံရတာ.. ဓားပြတွေကဆိုင်ရှင် သားအဖ ၂ ယောက်လုံးကို သတ်သွားပါတယ်” လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန်ရှိသူ ကိုဇီးက ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၇ရက်နေ့ကလည်း ချောက်-ညောင်ဦး ကားလမ်းမပေါ်မှာရှိတဲ့ မေရီမြင့် စက်သုံးဆီဆိုင် ဓားပြတိုက်ခံရပြီး ပိုင်ရှင်အမျိုးသမီး ၂ယောက် သတ်ဖြတ်ခံရကာ ငွေကျပ်သိန်း ၅၀၀ ကျော်ကိုလည်း ဓားပြတွေက ယူဆောင်သွားတယ်လို့သိရပါတယ်။

“ဓားပြတွေက  များသောအားဖြင့် Alphad ကား ဒါမှမဟုတ် Mark 2 ကား သုံးတယ်လို့သိထားရတယ်ပေါ့နော်။ ၂၆ရက်နေ့ကတော့ ဆိုင်ကယ်၄စီးနဲ့ လူတွေကတိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် ရုပ်ရည်အနေအထားအရ အတူတူပဲတဲ့။ ဓားပြမှုတွေ အကုန်လုံးကို ဒီတစ်ဖွဲ့တည်းလုပ်နေတယ်လို့ ကျနော် ကောက်ချက်ချပါတယ်။ နောက်ပြီး အဲ့ဘက်နယ်မြေအနေအထားက ပျူစောထီးတွေစိုးမိုးထားတော့ ကျနော်တို့တွေ ထိန်းချုပ်နိုင်ဖို့ကြိုးစားနေဆဲပါ။ နောက်ပြီး ပျူတွေကလည်း ရွာခံတွေမဟုတ်ဘူး။ ညောင်ဦးမြို့ပေါ်က စစ်တပ်လက်နက်ပေးထားတဲ့ ပျူတွေပါ။ ဒီဓားပြမှုတွေကိုလည်း ဒီကောင်တွေက မဖမ်းဘဲ လုံးဝလွှတ်ထားတာ။ PDF တွေ ပုံရိပ်ကျအောင်ရယ် သူတို့လည်းငွေရ​တဲ့ သဘောပေါ့” လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန်ရှိသူ ကိုဇီးက ပြောခဲ့ပါတယ်။

ဒီ​လိုမျိုးဖြစ်စဥ်တွေအပေါ် စစ်ကောင်စီက တာဝန်ယူဖြေရှင်းနိုင်တာမျိုးမရှိသလို ပျူစောထီးအားကောင်းရာကျေးရွာတွေမှာဖြစ်တာကြောင့် တော်လှန်ရေး အင်အားစုတွေအနေနဲ့ ဖြေရှင်းနိုင်ဖို့ကြိုးစားနေတယ်လို့လည်း ကိုဇီးက ပြောပါတယ်။

လက်ရှိအခြေအနေအရ ညောင်ဦးမြို့နယ်အတွင်း စစ်ကောင်စီက လူငယ်တွေကို စစ်မှုထမ်းအတွက် ပစ်မှတ်ထား ဖမ်းဆီးတာတွေ များလာသလို ခိုးဆိုးလုနှိုက်တွေရဲ့ ဓားပြမှုတွေမှာ စသုံးလုံးအရာရှိတွေက ခွဲဝေယူတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထောက်ကြံ့မြို့နယ်က ရဲအကြပ်အတက်သင်တန်းကျောင်း (လှော်ကား) ကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်…

ရန်ကုန်တိုင်း၊ ထောက်ကြံ့မြို့နယ်က ရဲအကြပ် အတက်သင်တန်းကျောင်း ( လှော်ကား) ကို လောင်ချာနဲ့ပစ်ခတ်တိုက်ခိုက်မှုမှာ ရဲတွေ ထိခိုက်မှုရှိတယ်လို့ Rangoon Urban Column ( RUC) ရဲ့ တာဝန်ရှိသူ ကိုရဲခေါင်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကောလင်းမြို့နယ်တွင် စစ်တပ် ဗုံးကြဲမှုကြောင့် မိခင်ဖြစ်သူ သေဆုံးကာ ကလေး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိခင်ဖြစ်သူ သေဆုံးပြီး ကလေး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကောလင်းနယ်ခံတွေဆီက သိရပါတယ်။
Read More

နောင်မွန်မြို့နယ်ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲရာ အရပ်သားပြည်သူ ၁ ယောက် ခြေထောက် ၁ ဖက် ဆုံးရှုံးခဲ့ရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီခရိုင် ၊ နောင်မွန်မြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ပြည်သူ ၁ ယောက် ခြေထောက် ၁ ဖက် ဆုံးရှုံးခဲ့ရတယ်လို့ ကိုးကန့်တပ်မတော် MNDAA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

၁၈ မိုင် စစ်ကောင်စီစခန်းကုန်းကို သိမ်းပိုက်ခဲ့တဲ့ PDF တွေကို ပြည်သူတွေက ကြိုဆို (ဓာတ်ပုံသတင်း)

စလင်းမြို့က ၁၈ မိုင် စစ်ကောင်စီစခန်းကုန်း သိမ်းပိုက်နိုင်ခဲ့တဲ့ PDF တွေကို ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့တယ်လို့ ပခုက္ကူခရိုင် အ မှတ်(၁၅)တပ်ရင်းက ဒီနေ့ ဧပြီလ ၁၄ရက်နေ့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြိုင်နှင့် ပခုက္ကူတွင် ကျေးရွာများကို စစ်တပ် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးပြီး လေကြောင်း ဗုံးကြဲမှုကြောင့် အရပ်သားများ သေဆုံးခဲ့

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်ပါတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ ရက်သတ္တပတ်အတော်ကြာ လှည့်လည်ကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက်ကျူးလွန်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။
Read More

ဖြူးမြို့နယ်မှာ အာဠာဝကစစ်ကြောင်းက ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေ…

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်း ​ရေ​ဘေးသင့်ပြည်သူတွေကို ကူညီပေးခဲ့တဲ့ ဘာသာ​ပေါင်းစုံ လူမှူ​ရေးအဖွဲ့အစည်းတွေ ကျေးဇူးတင်ကြောင်းနဲ့ ပြန်လည်ထူ​ထောင်​ရေး လုပ်ငန်းတွေကိုလည်း ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃ - အာဠာဝကစစ်​ကြောင်းက မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။