ချင်းပြည်နယ် မင်းတပ်မြို့က အကြမ်းဖက်စစ်ကောင်စီတပ်ရင်း ခလရ ၂၇၄ မှာ တော်လှန်ရေးရဲဘော် ၁ ယောက် ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရင်း ခလရ ၂၇၄ ကို  ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့က  ဒီဇင်ဘာ ၂၁ ရက်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မင်းတပ်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ 

တိုက်ပွဲကနေ ထွက်ပြေးနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို လိုက်လံဖမ်းဆီးနေပြီး ဒီဇင်ဘာ ၂၄ ရက်နဲ့ ၂၅ ရက်တို့မှာ ဆောမြို့နယ် ရေရှည်ကျေးရွာအနီး ခလရ ၂၇၄ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်သား ၁၂ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေက အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဘေးကင်းလုံခြုံတဲ့ကျောင်းများ တည်ဆောက်နိုင်ရေး ကမ်ပိန်းမှာ ပါဝင်ကြရန် ဒေါက်တာ ဇော်ဝေစိုး တိုက်တွန်း (ရုပ်/သံ)

ကလေးသူငယ်များ ဘေးကင်းလုံခြုံစွာ ပညာသင်ယူခွင့်ရရှိစေရေးအတွက် ဘေးကင်းလုံခြုံသော ကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေးကမ်ပိန်းမှာ ပါဝင်ကူညီပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီး ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
Read More

စစ်‌တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၂ ယောက်ဖမ်းမိပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တဲ့ မှတ်တမ်းရုပ်သံ နွေဦးစစ်သည်‌တော်များစစ်‌ကြောင်းထုတ်ပြန်

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်း စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေး ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီတပ်သား ၂၂ ယောက် ဖမ်းမိပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တဲ့ မှတ်တမ်း ရုပ်သံကို နွေဦးစစ်သည်‌တော်များစစ်‌ကြောင်း (Spring Warriors Column)မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်အာဏာရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲအတုကို ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ ရေတာရှည်မြို့မှာပြုလုပ် (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့မှာ စစ်အာဏာရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲအတုကို ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါဆန္ဒပြပွဲအတွင်း “နိုင်ငံရေးအကျည်းသားများ ပြန်လည်လွတ်မြောက်‌ရေး ဒို့အရေး၊ စစ်အာဏာရှင်လုပ်တဲ့ ရွေးကောက်ပွဲ အလိုမရှိ၊ ပါတီမစုံနဲ့ ရွေးကောက်ပွဲ အလိုမရှိ၊ လူထုမပါတဲ့ ရွေးကောက်ပွဲ အလိုမရှိ'' စတဲ့ ကြွေးကြော်သံတွေနဲ့ ချီဆက်ဆန္ဒပြခဲ့ကြပါတယ်လို့ သိရပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်း အတင်းအဓမ္မတပ်သားစုဆောင်း၊ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တာဝေးပစ်ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ်က တပ်မ ၁၀၁ နဲ့ လက်အောက်ခံတပ် ၂၅၁၊ ၂၅၂ တပ်တွေကို ဒီဇင်ဘာ ၁၇ ရက် ဒီနေ့မနက်ပိုင်းမှာ တာဝေးပစ်ရော့ကတ် ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE Pakokku အဖွဲ့ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်အတွင်း အသံတိတ်သပိတ်မှာ ပူးပေါင်းပါဝင်ကြဖို့ လူထုလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တစ်နေရာမှာ အသံတိတ်သပိတ်မှာ ပါဝင်ကြဖို့ လူထု လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီမှ ဒီဇင်ဘာ ၁၀ နေ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ပြုလုပ်မယ့် အသံတိတ်သပိတ်မှာ ပူး ပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့တယ်လို့ သိရပါတယ်။
Read More

သရက်ချောင်းမြို့နယ် ကျေးရွာများတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၁၃ ဦးခန့် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကျေးရွာတွေမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းညီနောင်ဒရုန်းတပ်ဖွဲ့ - PBDF ထံက သိရပါတယ်။