မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ စစ်ကြောင်းထိုးလာတဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးစစ်ကြောင်းကို ဒီဇင်ဘာ ၁၉ ရက်က Fixed wing Drone ၆ စီးနဲ့ ဗုံးသီး ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရဲဘော်ညီနောင်-ပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။

တိုက်ခိုက်မှုမှာ ပျူစောထီးစစ်ကြောင်း ထိခိုက်သေဆုံးမှုရှိခဲ့ပြီး  တော်လှန်ရေးရဲဘော်တွေရဲ့ Fixed wing Drone ၅ စီးလည်း ပျက်ကျဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရေစကြိုမြို့နယ် မင်းရွာမှာ အထိုင်ချတပ်စွဲထားတဲ့ မြင်းခြံမြို့က အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကို ဒီဇင်ဘာ ၁၆ ရက်ကနေ ဒီဇင်ဘာ ၁၉ ရက်အထိ Fixed wing Drone  အစီး ၂၀နဲ့ Mar T ၁ စီးအသုံးပြုပြီး ဗုံးသီးအလုံး ၂၀၀ ကြဲချတိုက်ခိုက်ကာ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို ရဲဘော်ညီနောင်ပြောက်ကျားတပ်ဖွဲ့၊ ရေစကြိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ YLK ပြောက်ကျားတပ်၊ ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့၊ ရေစကြိုတပ်ပေါင်းစု Drone တပ်ဖွဲ့၊ Bright Star Group၊ M.D.F Drone ကျားခင်စိန်တပ်ဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်း(၁) တပ်ခွဲ(၃)၊ 

စစ်ကိုင်းခရိုင် တပ်ရင်း(၂)တပ်ခွဲ(၃)၊ PEACOCk Drone Team-Myaung၊ ငါးဇွန်အားမာန်သစ်တပ်ဖွဲ့၊ ဗိုလ်စားကလေးဒရုန်းတပ်ဖွဲ့(Sparrow Drone Strike)၊ မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း၊တပ်ခွဲ(၃)လျှပ်စီးတပ်ခွဲ၊ ဧရာဝတီမင်းသားပြောက်ကျားတပ်နဲ့ ယင်းမာပင်ခရိုင် ဓားမဆိုင်းတပ်မတော်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆားတောင်မြို့က ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်ကို အသင့်စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်၊ စစ်သားအများအပြားသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားတောင်မြို့ကနေ ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက အသင့်စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားအ များအပြားသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

အုတ်ဖိုမြို့နယ် စင်မြင့်ရွာကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး၊ မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စင်မြင့်ရွာကို ဖေဖော်ဝါရီ ၇ ၇က် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က ထုတ်ပြန်ထားပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ် အကြမ်းဖက်စစ်တပ်စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ အမှတ် ၂ ရပ်ကွက်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို ဇန်နဝါရီ ၁၉ ရက် နေ့လည်ပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ချင်းညီနောင်ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားမှာ KIO/KIA ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ရဲ့ စကား (ရုပ်/ သံ)

ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်တဲ့ ချင်းညီနောင်ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားမှာ KIO/KIA ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောကြားခဲ့တာဖြစ်ပါတယ်။
Read More

စစ်ကိုင်းဗဟိုပြုလှုပ်ခဲ့သည့် ငလျင်ကို မန္တလေးငလျင်ကြီးဟု စစ်ကောင်စီ အမည်ပေး (ရုပ်/သံ)

၂၀၂၅ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းက စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကို မန္တလေးငလျင်ကြီးလို့ အမည်သတ်မှတ်ပြီး သတင်းရေးသားရာမှာ သုံးစွဲကြဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမြို့နယ် ကျောက်ကန်ပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူစခန်းကို အောက်တိုဘာ ၇ ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ထံက သိရပါတယ်။