စစ်သားတွေရဲ့ အသက်ကိုငဲ့ညှာပြီး ရခိုင်တစ်ပြည်လုံးမှာ စစ်ရှုံးနေတာကို မင်းအောင်လှိုင်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ လက်ခံပေးပါလို့ AA က သုံးပန့်အဖြစ် ဖမ်းဆီးထားတဲ့ နပခ တိုင်းစစ်ဦးစီးမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကပြောကြားလိုက်ပါတယ်။

ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက ဒီဇင်ဘာ ၂၆ ရက်ညပိုင်းမှာ AA က ထုတ်ပြန်တဲ့ ၁၃မိနစ် ကျော်ကြာမြင့်တဲ့ အမ်းစစ်ဌာနချုပ် တိုက်ပွဲရုပ်သံအတွင်း အင်တာဗျူး အစီအစဉ်မှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

“စစ်သားတွေရဲ့ အသက်တွေ ငဲ့ညာပြီး ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတယ်ဆိုတာ လက်ခံပေးပါ”လို့ ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက ဆိုပါတယ်။

ဒါ့အပြင် AA က သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ ကျောက်ဖြူ၊ စစ်တွေမှာ ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း မိသားစုနဲ့ မိမိအသက် ချမ်းသာရာရရေးကိုသာ အထူးဂရုပြုစေလိုကာ ခုခံပြီး မစွန့်စားဖို့  ၎င်းကပြောပါတယ်။

အမ်းစစ်ဌာနချုပ် အဓိကကျရှုံးရတဲ့ ကိစ္စရပ်မှာ စစ်ကောင်စီဘက်က စစ်ကူတွေ အချိန်မှီမရောက်ရှိလာခြင်းနဲ့ အာရက္ခတပ်တော်ရဲ့ တိုက်ရည်ခိုက်ရည် စွမ်းဆောင်ရည်ကြောင့် အရေးနိမ့်ခဲ့ရတယ်လို့လည်း ဗိုလ်မှူးချုပ်ကပြောပါတယ်။

“AA ရဲ့ လေးဘက်လေးတန် ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ကျနော်တို့ဘက်က အထိနာခဲ့ရပါတယ်။ အထဲမှာ ရိက္ခာပြတ်တောက်ပြီး သောက်စရာရေတောင် မရှိတော့အထိ အခြေအနေဆိုးရွားခဲ့ပါတယ်”လို့ ဗိုလ်မှူးချုပ်က ဆိုပါတယ်။

ဗိုလ်မှူးချုပ်က နေပြည်တော်မှာရှိတဲ့ သူ့ရဲ့မိသားစုဝင်တွေကို သူ့အနေနဲ့ ကျန်းမာရေးကောင်မွန်ပြီး အာရက္ခတပ်တော်က ဖမ်းဆီးထားခြင်းခံရပေမယ့် စနစ်တကျ ကြည့်ရှုစောင့်ရှောက်ထားတာဖြစ်လို့ စိတ်မပူဖို့လည်း သတင်းစကားပါးခဲ့ပါတယ်။

၁၃ မိနစ်နီးပါးကြာမြင့်တဲ့ အမ်းစစ်ဌာနချုပ် တိုက်ခိုက်သိမ်းပိုက်ခဲ့မှု ဗီဒီယိုမှာ စစ်ကောင်စီထံက သိမ်ဆည်းရရှိခဲ့တဲ့ လက်နက်ကြီးတွေကို AA ကပြန်လည်အသုံးချကာ “ရန်သူ့လက်နက် မိမိလက်နက်” ဆိုပြီးတော့လည်း ဖော်ပြလာပါတယ်။

ရုပ်သံအတွင်း အဆောက်အအုံထဲ သေဆုံးပုပ်ပွနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေကို တွေ့ရပြီး ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးရမိထားမှုကိုလည်း ဖော်ပြထားပါတယ်။

ရုပ်သံအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်း လိမ္မော်ရောင်ဝတ်စုံတွေ ဝတ်ဆင်စေကာ ရာနဲ့ချီတဲ့ လူအုပ်ကြီးကို ထမင်းကျွေးနေတဲ့ မှတ်တမ်းတွေကိုဖော်ပြခဲ့ပြီး ဒဏ်ရာရရှိသူတွေကို AA ဆေးတပ်ဖွဲ့က ဆေးဝါးကုသ စောင့်ရှောက်ပေးမှုတွေကိုလည်း အဓိကဖော်ပြထားပါတယ်။

အမ်းမြို့နယ်တစ်ခုလုံးကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်တာကြောင့် အမ်းမြို့ဟာ အာရက္ခတပ်တော်က အပြည့်အဝ အလုံးစုံထိန်းချုပ်ထားနိုင်တဲ့ (၁၄) ခုမြောက် မြို့ဖြစ်လာခဲ့ပါပြီ။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား ဒီဇင်ဘာလအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က အရာရှိကြီးတွေဖြစ်တဲ့ ဗိုလ်မှူးချုပ် ၃ ယောက်ကို AA အရှင်ဖမ်းဆီးရမိပြီး ဗိုလ်မှူးကြီးအဆင့် တပ်မမှူး ၁ ယောက်ကို အသေမိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ သိမ်းပိုက်လိုက်တဲ့ အမ်း အပါအဝင် AA ထိန်းချုပ်ရရှိထားတဲ့ စုစုပေါင်း (၁၄) မြို့ကတော့ ပလက်ဝမြို့၊ ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့၊ သံတွဲမြို့၊ တောင်ကုတ်မြို့၊ မောင်တောမြို့နဲ့ အမ်းမြို့တို့ ပဲဖြစ်ပါတယ်။

လက်ရှိမှာ ဂွမြို့ကိုလည်း အာရက္ခတပ်တော်က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး၊ ဂွမြို့ ဒေသခံတပ်ရင်းတွေနဲ့ စစ်ကူလာတဲ့ တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းတွေ၊ အခြားသော တပ်ရင်းပေါင်း များစွာနဲ့ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွါးလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ အကြီးအကျယ် စစ်ရေးရှုံးနိမ့်နေပြီး ရာထောင်နဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေလည်း သေဆုံးခဲ့ရပါတယ်။

စစ်ကောင်စီအနေနဲ့ ရခိုင်ဒေသအတွင်း တပ်ရင်း တပ်မ အများအပြားနဲ့ လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းနဲ့ လေယာဉ်ကွင်းနှစ်ခုကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တစ်ခုလုံးကိုပါ လက်လွှတ်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမှာ ဆက်ကြေးကောက်ဖို့လာတဲ့ ရဲတပ်သားတွေကို မိုင်းဆွဲ၊ ၁ ဦးသေကာ ၂ ဦး သေဆုံးနိုင်ခြေရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဆက်ကြေးကောက်ဖို့လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ရဲတပ်သား (၁)ယောက် သေဆုံးပြီး (၂) ယောက် ဒဏ်ရာရရှိသွားတယ်လို့ Myingyan Black Tiger (MBT) ထံက သိရပါတယ်။ 
Read More

ညစ်ညမ်းစာပေ ထုတ်ဝေတယ် ဟုဆိုကာ စစ်ကောင်စီက စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုကို လိုင်စင်ပိတ်သိမ်း

ညစ်ညမ်း စာပေထုတ်ဝေတယ်ဟုဆိုကာ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတစ်ခုကို စစ်ကောင်စီက လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြပါတယ်။ 
Read More

အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့မှ တပ်ခွဲမှူး ကျဆုံး

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်မှ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်မှုအတွင်း တရုတ်ထုတ်လက်နက်များ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေထဲမှာ တရုတ်ထုတ် လက်နက်တွေ ပါဝင်နေတာကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားတဲ့ မှတ်တမ်းဓာတ်ပုံတွေထဲမှာ မြင်တွေ့ရပါတယ်။
Read More

တောင်တွင်းကြီးနှင့် ဆင်ပေါင်ဝဲကြားတွင် စစ်အုပ်စု မိုင်းဆွဲခံရ၊ ဗိုလ်ကြီးအဆင့်ရှိသူအပါ ၄ ဦး သေပြီး အများအပြားဒဏ်ရာရ

မကွေးတိုင်း၊ တောင်တွင်းကြီးနဲ့ ဆင်ပေါင်ဝဲမြို့နယ်ကြားမှာ ဂိတ်အချိန်းအပြောင်းလုပ်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ယောက် အပါအဝင် အကြမ်းဖက်စစ်သား ၄ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်- ပုဏ္ဏဝတီ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နွေဦးဖွံ့ဖြိုးရေးဘဏ် အသုံးပြုသူတွေက ရေဘေးသင့် ပြည်သူတွေအတွက် ထပ်မံရရှိတဲ့ လှူဒါန်းငွေ ကျပ်သိန်း ၈၀၀ အထိ ရှိလာ

လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး ရံပုံငွေအဖြစ် နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) အသုံးပြုသူတွေက ကျပ်သိန်း ၈၀၀ အထိ ထပ်မံလှူဒါန်းထားတယ်လို့ SDB က ထုတ်ပြန်ထားပါတယ်။