မန္တလေးတိုင်း၊ ညောင်ဦးမြို့အနောက်ပိုင်းမှာ ဓားပြတိုက် လူသတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာနေပြီး စစ်ကောင်စီကလည်း ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခြင်းမရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက်နေ့က ညောင်ဦးမြို့နယ်အနောက်ပိုင်းမှာ တစ်ညအတွင်း ဓားပြတိုက်မှု ၂ ခု ဖြစ်ပွားခဲ့ပြီး အမျိုးသား၂ ယောက် ​အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဓားပြမှုဖြစ်ပွားခဲ့တဲ့ ကျေးရွာ ၂ရွာလုံးဟာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် (ခေါ်) ပျူစောထီးတွေ စိုးမိုးရာ နယ်မြေဖြစ်တယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ကိုဇီးက မောင်းကိုပြောပါတယ်။

“ည ၇ နာရီမှာ မြို့သာရွာကအိမ် ဓားပြတိုက်ခံရတယ်။ မကြည်ဝင်းဆိုတဲ့ အမျိုးသမီးရိုက်နှက်ခံရပါတယ်။ နောက် ည၈နာရီကျတော့ ကြအိုရွာက ဆိုင်ကယ်ပစ္စည်းအရောင်းဆိုင် အတိုက်ခံရတာ.. ဓားပြတွေကဆိုင်ရှင် သားအဖ ၂ ယောက်လုံးကို သတ်သွားပါတယ်” လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန်ရှိသူ ကိုဇီးက ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၇ရက်နေ့ကလည်း ချောက်-ညောင်ဦး ကားလမ်းမပေါ်မှာရှိတဲ့ မေရီမြင့် စက်သုံးဆီဆိုင် ဓားပြတိုက်ခံရပြီး ပိုင်ရှင်အမျိုးသမီး ၂ယောက် သတ်ဖြတ်ခံရကာ ငွေကျပ်သိန်း ၅၀၀ ကျော်ကိုလည်း ဓားပြတွေက ယူဆောင်သွားတယ်လို့သိရပါတယ်။

“ဓားပြတွေက  များသောအားဖြင့် Alphad ကား ဒါမှမဟုတ် Mark 2 ကား သုံးတယ်လို့သိထားရတယ်ပေါ့နော်။ ၂၆ရက်နေ့ကတော့ ဆိုင်ကယ်၄စီးနဲ့ လူတွေကတိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် ရုပ်ရည်အနေအထားအရ အတူတူပဲတဲ့။ ဓားပြမှုတွေ အကုန်လုံးကို ဒီတစ်ဖွဲ့တည်းလုပ်နေတယ်လို့ ကျနော် ကောက်ချက်ချပါတယ်။ နောက်ပြီး အဲ့ဘက်နယ်မြေအနေအထားက ပျူစောထီးတွေစိုးမိုးထားတော့ ကျနော်တို့တွေ ထိန်းချုပ်နိုင်ဖို့ကြိုးစားနေဆဲပါ။ နောက်ပြီး ပျူတွေကလည်း ရွာခံတွေမဟုတ်ဘူး။ ညောင်ဦးမြို့ပေါ်က စစ်တပ်လက်နက်ပေးထားတဲ့ ပျူတွေပါ။ ဒီဓားပြမှုတွေကိုလည်း ဒီကောင်တွေက မဖမ်းဘဲ လုံးဝလွှတ်ထားတာ။ PDF တွေ ပုံရိပ်ကျအောင်ရယ် သူတို့လည်းငွေရ​တဲ့ သဘောပေါ့” လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန်ရှိသူ ကိုဇီးက ပြောခဲ့ပါတယ်။

ဒီ​လိုမျိုးဖြစ်စဥ်တွေအပေါ် စစ်ကောင်စီက တာဝန်ယူဖြေရှင်းနိုင်တာမျိုးမရှိသလို ပျူစောထီးအားကောင်းရာကျေးရွာတွေမှာဖြစ်တာကြောင့် တော်လှန်ရေး အင်အားစုတွေအနေနဲ့ ဖြေရှင်းနိုင်ဖို့ကြိုးစားနေတယ်လို့လည်း ကိုဇီးက ပြောပါတယ်။

လက်ရှိအခြေအနေအရ ညောင်ဦးမြို့နယ်အတွင်း စစ်ကောင်စီက လူငယ်တွေကို စစ်မှုထမ်းအတွက် ပစ်မှတ်ထား ဖမ်းဆီးတာတွေ များလာသလို ခိုးဆိုးလုနှိုက်တွေရဲ့ ဓားပြမှုတွေမှာ စသုံးလုံးအရာရှိတွေက ခွဲဝေယူတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ဦး-ချောက် လမ်းပိုင်းတွင် တပ်ကူသွားသည့် စစ်ကားများ ၂ ကြိမ် မိုင်းဆွဲခံရ၊ ၅ ဦး သေပြီး အများအပြား ထိခိုက်

မန္တလေးတိုင်း၊  ညောင်ဦး-ချောက်လမ်းပိုင်းမှာ စလင်းမြို့နယ်ကို စစ်ကူသွားတဲ့ စစ်ကောင်စီကားတန်း မိုင်း ၂ ကြိမ်ဆွဲခံရပြီး အကြမ်းဖက်စစ်သား ၅ ယောက် သေဆုံးခဲ့ကြောင်း Bagan Bo Cho PDF တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လက်နက်စက်ရုံ ကပစ- ၁၃ ကို ရှော့တိုက်ဒုံး အများအပြားနှင့် ပစ်ခတ်တိုက်ခိုက် …ထိခိုက်ပျက်စီးမှု များပြားနိုင်

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က စစ်ကောင်စီ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ- ၁၃) စက်ရုံကို ရှော့တိုက်ဒုံး ၁၀လုံးနဲ့ အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က‌ ဒီကနေ့သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

ဇွန်လ ဒုတိယပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၅၄ ဦး အလင်းဝင်လာ၊ လက်နက်ချ စစ်သုံ့ပန်း ၄၇ ဦး ရှိ

ဇွန်လ ဒုတိယပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကနေ အလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲ စုစုပေါင်း ၅၄ ယောက်နဲ့ လက်နက်ချ စစ်သုံ့ပန်း ၄၇ ဦး ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲမြို့ လက်လွှတ်ရခြင်းအတွက် စိတ်ဓာတ်မကျရန်နှင့် စတေးမှုများ အလဟသမဖြစ်စေရေး ပြန်လည်သိမ်းယူဖို့ ကြိုးပမ်းရန် မိုးဗြဲ PDF ကယ်ဆယ်ရေး ဆေးတပ်ဖွဲ့ ထုတ်ပြန်…

"မိုးဗြဲမြို့ ကျဆုံးသွားခြင်းဟာ မည်သူမည်ဝါရဲ့ အမှားကြောင့် လုံးဝမဟုတ်ခဲ့ပါ။ အားလုံး တာဝန်​ကျေကြပါတယ်။ တာဝန်​ကျေတယ်ဆိုတာထက် ပိုကြပါတယ်။ စစ်တပ်နဲ့ PNA ရဲ့ ၆လကျော် ထိုးစစ်ကို ခုခံကာကွယ်ရင်း ရလိုက်တဲ့ သင်ခန်းစာတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ လိုအပ်ချက်တွေကို ပြန်လည် ဖြည့်စွက်ပြီး အကောင်းဆုံး ပြန်လာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။" လို့ MPRT က ဆိုပါတယ်။
Read More

လားရှိုးက တရုတ်ဘုံကျောင်းနဲ့ လူနေအိမ်တွေကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

လားရှိုးမြို့ပေါ်က သမိုင်းဝင် ကွမ်ရင် တရုတ်ဘုံကျောင်းနဲ့ လူနေအိမ်တချို့ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အဆောက်အအုံတချို့ ထိခိုက်ပျက်စီးမှုခဲ့ကြောင်း လားရှိုးမြို့ဒေသခံတွေထံက သိရပါတယ်။
Read More

ပခုက္ကူခရိုင်၊ အမှတ် (၇) တပ်ရင်းမှ ရဲဘော် ရတီအောင်(ခ) J7 ရဲ့ ဈာပန အခမ်းအနား (ဓာတ်ပုံသတင်း)

ပခုက္ကူခရိုင်၊ အမှတ် (၇) တပ်ရင်းတွင် တာဝန်ထမ်းဆောင်ရင်း တိုင်းပြည်အတွက် အသက်ပေးလှူခဲ့တဲ့ ရဲဘော် ရတီအောင်(ခ) J7 ရဲ့ ဈာပနအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။