မကွေးတိုင်း ကမ္မမြို့မှာ အရပ်သားပြည်သူတွေရဲ့ တန်ဖိုးရှိပစ္စည်းတွေ ခိုးယူနေတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာ ၂၆ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစုထံက သိရပါတယ်။

ကမ္မမြို့ပေါ်စျေးကို ဖောက်ထွင်းပြီး ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ကမ္မရဲစခန်းအနီးပတ်ဝန်းကျင်မှာ တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ကမ္မတပ်ပေါင်းစုရဲ့ Droneအဖွဲ့ Three Brother Drone Force၊ Black Eagle Drone Force၊ ပေါက်ပကဖရဲ့ Drone အဖွဲ့၊ BLY ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြိုင်ပကဖရဲ့ Drone အဖွဲ့၊ MGPDF(ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ၊ မကွေးတိုင်းDrone အဖွဲ့နဲ့ မဟာမိတ်Droneအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး စစ်ကောင်စီလက်အောက်ခံတပ်သားတွေရဲ့ ထိခိုက်မှုကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကမ္မမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ပြီး စစ်သားများ ခိုးယူထားသည့် ဆိုင်ကယ်များကို ပြည်သူထံ ပြန်လည်အပ်နှံ (ရုပ်/သံ)

မကွေးတိုင်း၊ ကမ္မမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ကာ စစ်သားတွေ ခိုးယူထားတဲ့ ဆိုင်ကယ်တွေကို ပြည်သူထံ ပြန်လည်အပ်နှံပေးခဲ့တယ်လို့ RED GIANT အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်တွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၂ ဦး သေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာရွာမှာ ကျောက်စိမ်းလုပ်ကွက်ဟောင်း ပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၂ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မုံရွာမြို့အတွင်း အကြမ်းဖက်စစ်တပ် အရာရှိများ စီးနင်းလာသည့် ယာဥ်တန်းနှင့် ဂိတ်စခန်းကို တိုက်ခိုက်ရာ G2 နှင့် ဗိုလ် ၂ဦး အပါအဝင် ၁၀ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ G2 အဆင့်ရှိ အရာရှိ စီးနင်းလာတဲ့ ယာဉ်တန်းနဲ့ ဂိတ်စခန်းကို တိုက်ခိုက်ခဲ့ရာ G2 နဲ့ ဗိုလ် အပါအဝင် စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ Black Falcon Guerrilla Forces က သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၇ ရက် ညပိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ အရာရှိတွေ စီးနင်းလာတဲ့ ယာဉ်တန်းကို မုံရွာမြို့အတွင်း ပြည်ထောင်စုလမ်းမပေါ်မှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားဆောင်းအခြေစိုက် ခလရ ၁၃၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ KNDF ထုတ်ပြန် (ရုပ်/သံ)

ကရင်နီပြည်နယ် ဖားဆောင်းမြို့ရှိ စစ်ကော်မရှင်ရဲ့ ခလရ ၁၃၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ တဲ့ မှတ်တမ်းရုပ်သံကို KNDF မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ပွင့်ဖြူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား အများအပြား သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ မြိုင်ပဖက က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကမ္မမြို့ပေါ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်ရှိ ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ RED GIANT တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။