နိုင်ငံတစ်ဝန်း အတင်းအဓမ္မ စုဆောင်းခြင်းခံထားရတဲ့ လူငယ်လူရွယ်တွေကို စစ်မှုထမ်း အပတ်စဉ် (၆) သင်တန်းဆင်းပွဲကို ပြုလုပ်ပြီး ရှေ့တန်းနယ်မြေတွေကို စတင်ပို့ဆောင်နေပြီလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။  

“နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ “ ဟုဆိုကာ စစ်ကောင်စီက အမှတ်စဉ် (၆) သင်တန်းဆင်းပွဲကို နိုင်ငံတစ်ဝန်းမှာပြုလုပ်ခဲ့တယ်လို့ ဝါဒဖြန့် ရေးသားခဲ့ပါတယ်။

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆) ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၃ လအကြာမှာ သင်တန်းဆင်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

အမှတ်စဉ် (၆) သင်တန်းဆင်းတွေထဲမှာ စစ်ကောင်စီက အတင်းအဓမ္မ စုဆောင်းခြင်းခံရသူ ရာခိုင်နှုန်းက ၈၀ ရာခိုင်နှုန်းလောက်ပါဝင်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းအချို့ကပြုလုပ်တဲ့ စာရင်းဇယားအချို့မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေ ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

စစ်မှုထမ်းသင်တန်းသားခေါ်ယူမှုကို ၂၀၂၄ ခုနှစ် ဧပြီလတွင် စတင်ဆောင်ရွက်ခဲ့ပြီး သင်တန်းအပတ်စဉ် တခုလျှင် အင်အား ၅,၀၀၀ နှုန်းဖြင့် တနှစ်လျှင် အင်အား ၆၀,၀၀၀ နှုန်း ခေါ်ယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

အပတ်စဉ် (၆)မှ စတင်ကာ လူစုဆောင်းဖို့ ခက်ခဲလာတာကြောင့် သတ်မှတ်ထားတဲ့အရေအတွက်မပြည့်မှီပဲ သင်တန်းဖွင့်လှစ်ခဲ့၇မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။   

စစ်မှုထမ်းဥပဒေထွက်လာပြီးနောက် လူငယ်များမှာ စစ်ကောင်စီလက်မှလွတ်မြောက်ရန် နည်းလမ်းမျိုးစုံ ဖြင့်ထွက်ပြေးကြပြီး တော်လှန်ရေးတပ်ဖွဲ့များသို့ဝင်ရောက်သည့်လူငယ်များလည်းရှိသလို၊ ပြည်ပသို့ထွက် ပြေးတိမ်းရှောင်သည့် လူငယ်များလည်း ရှိနေပါတယ်။

လက်ရှိတွင် ဧရာဝတီတိုင်းမှ အသက် ၁၈ မှ ၃၅ နှစ်အတွင်း အမျိုးသားဦးရေ ထောင်ချီဟာ စစ်ကောင်စီ ၏ စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းခံရပြီး  ရှေ့တန်းကို အများဆုံးပို့ဆောင်ခြင်းခံနေရပါတယ်။ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၁၀ ရက်မှာ ပြည်သူတွေစစ်မှုထမ်းရမယ့် ဥပဒေကိုလက်မှတ်ရေးထိုးခဲ့ပြီး မတ်လ ၂၉ ရက်ကစတင်ပြီး သင်တန်းကျောင်း ၁၅ ကျောင်းမှာ စတင်ဖွင့်လှစ်ပြီး အပတ်စဉ် (၈) အတွက်စတင်ပြီး လူစုဆောင်းမှုတွေလည်းပြုလုပ်နေပါတယ်။

0 Shares:
You May Also Like
Read More

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ နိုင်ပြီ…

ဒီကနေ့ညမှာ ကျင်းပတဲ့ One Championship မွေထိုင်းပွဲစဥ်မှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ က ထိုင်းဖိုက်တာ ဂျူနီယာဖဲတက်စ်ကို ဒုတိယအချီမှာ အလဲထိုးအနိုင်ယူသွားပါတယ်။
Read More

အင်းတော်မြို့နယ် ပကဖ ဆေးတပ်သားများ ပြည်သူလူထုကို ကျန်းမာ‌ရေးစောင့်ရှောက်မှုပေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ပကဖ ဆေးတပ်သားတွေဟာ ပြည်သူတွေကို ကျန်းမာ‌ရေး စောင့်ရှောက်မှု ပေးခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့အတွင်း ဒီဇင်ဘာလ အားကစားပြိုင်ပွဲ ကျင်းပ…

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ယပကတ) - YPDF ရဲ့ ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာလ အားကစားပြိုင်ပွဲကို ဒီဇင်ဘာလ (၂၇) ရက် မနေ့က မွန်းလွဲပိုင်းက တပ်ဖွဲ့ ဗဟိုဌာနချုပ် အားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ YPDF က ထုတ်ပြန်ထားပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ က စိုးမိုးနယ်မြေအတွင်း ကျေးရွာနေ ပြည်သူတွေဆီ စစ်သတင်းလွှာ ဖြန့်ဝေ… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ (အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်) အနေနဲ့ တပ်ရင်းစိုးမိုးနယ်မြေအတွင်းက ဆက်သွယ်ရေး ခက်ခဲပြီး သတင်းအချက်အလက်နဲ့ ဝေးကွာနေတဲ့ ကျေးရွာတွေက ပြည်သူတွေဆီ စစ်သတင်းလွှာ အတွဲ ၂ အမှတ် ၂ ဖြန့်ဝေခဲ့တဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စလင်းမြို့နယ်တွင် လူ့အခွင့်အရေး အသိပညာပေးမှုပြုလုပ်

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးဧရိယာတစ်ခုမှာ ဒေသခံပြည်သူတွေအတွက် လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ အခြေခံအကြောင်းအရာတွေကို အခုစက်တင်ဘာလထဲမှာ ဆွေးနွေးပြောကြားမှု ပြုလုပ်ခဲ့တယ်လို့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်သားတွေလိုက်ပါလာတဲ့ ခွေးဘီလူးကား မြင်းခြံ အနိမ့်လမ်းပေါ်မှာ မိုင်းဆွဲခံရပြီး ၂ ယောက်သေ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ခွေးဘီလူးကားကို မိုင်းဆွဲတိုက်ခိုက်ရင်း လေကြောင်းဒဏ်သင့်ပြည်သူတွေအတွက် သွေးကြွေးဆပ်ခဲ့တယ်လို့ Myingyan Black Tiger (MBT) အဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။