ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က ဟုမ်းလမ်းဘူတာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့သူတွေကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီထောက်ခံတဲ့ ဝါဒဖြန့်သတင်းတွေမှာ ဖော်ပြလာပါတယ်။

ဒီဇင်ဘာလ ၂၄ရက် မနက်ပိုင်းက စမ်းချောင်းမြို့နယ်၊ ဟုန်းလမ်းဘူတာ ရပ်ကွက်ရုံးအတွင်း ရှိနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေ သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဝမ်းဗိုက်ကို ကျည်ထိမှန်တဲ့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရမှုအတွက် စစ်ကောင်စီက လက်ရှိမှာ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၁ယောက်ကို ဖမ်းဆီးထားပြီး ဖမ်းဆီးခံရသူတွေဟာ Freeland Attack Force အဖွဲ့က ကိုဇော်ဇော်ဗိုလ် (ခ) ထွန်းထွန်းအောင် ၊ ကိုကျော်ဇင်ဦး(ခ) ကျောင်းဆရာ၊ ကိုစိုင်းနောင် ထက်(ခ) အာကြီးနဲ့ မမေမြတ်သဉ္ဇာကျော် (ခ) ငယ်ငယ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်

စစ်ကောင်စီရဲ့အဆိုအရ ဒီဇင်ဘာ၂၄ရက် ညပိုင်းမှာရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းနေအိမ်မှာ ကိုဇော်ဇော်ဗိုလ် (ခ) ထွန်းထွန်းအောင် နဲ့ မမေမြတ်သဉ္ဇာကျော် (ခ) ငယ်ငယ်တို့ကို ပထမဆုံး လက်နက်ပစ္စည်းတချို့နဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ အဲဒီကမှတဆင့်  ထန်းတပင်မြို့နယ်နေ ကိုကျော်ဇင်ဦး(ခ) ကျောင်းဆရာ၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်နေ ကိုစိုင်းနောင်ထက် (ခ) အာကြီးတို့ကို အသီးသီး ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ဆက်လက်ပြောဆိုချက်အရ Freeland Attack Force လုပ်ဆောင်ခဲ့တဲ့ တာမွေမြို့နယ်၊ စည်ပင်သာယာရုံး ဗုံးပစ်ခံရမှု အပါအဝင် အင်းစိန်၊ မရမ်းကုန်းနဲ့ တာမွေမြို့နယ်တွေမှာ ချိန်ကိုက်မိုင်းခွဲတာ၊ လက်ပစ်ဗုံးပစ်တာတွေကို အထက်ပါ သူတွေက လုပ်ဆောင်ခဲ့ကြောင်းနဲ့ ဒီလုပ်ဆောင်မှုတွေကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နေထိုင်သူ ကိုနေမျိုးနွယ်ဆိုသူက ခိုင်းစေခဲ့တာဖြစ်ကြောင်း ဖော်ပြပါတယ်။

ရဲပြုတ် ၁ယောက်ဖြစ်သလို ဟုမ်းလမ်းအုပ်ချုပ်ရေးမှူးလည်းဖြစ်တဲ့ ဦးစန်းငွေကတော့ ဝမ်းဗိုက်ကျည်ထိမှန် ဒဏ်ရာတွေနဲ့ သေဆုံးသွားပြီဖြစ်ကြောင်း သိရပါတယ်။

စစ်ကောင်စီထုတ်ပြန်ထားတဲ့ ဟုမ်းလမ်းဘူတာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရမှု ဖမ်းဆီးရမိသူများ

ဦးစန်းငွေ သေဆုံးကြောင်းကိုလည်း လုပ်ဆောင်ခဲ့တဲ့ Freeland Attack Force အဖွဲ့ တာဝန်ရှိသူ၁ယောက်က “မနက် ၅နာရီ ၄၅မှာ သေပြီလို့သတင်း၀င်ထားတယ်ခင်ဗျာ။ ရပ်ကွက်ကလည်း အတည်ပြုတယ် သိရပါတယ်” ဆိုပြီး မောင်းကိုအတည်ပြုပြောကြားထားပါ​သေးတယ်။

0 Shares:
You May Also Like
Read More

CDF-Asho ၏ အခြေခံစစ်ပညာသင်တန်းအတွင်း သင်တန်းသား ရဲဘော် ၁ ဦး ကျဆုံး

ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) ရဲ့ အခြေခံစစ်ပညာသင်တန်းမှာ တက်ရောက်နေတဲ့ သင်တန်းသားရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပြည်ပနိုင်ငံတွေနဲ့ အဖွဲ့အစည်းတချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် တိုင်းပြည်မငြိမ်သက်ရခြင်း ဖြစ်တယ်လို့ မင်းအောင်လှိုင် စွပ်စွဲ

လက်ရှိ တိုင်းပြည်အနေနဲ့ တည်ငြိမ်အေးချမ်းမှု မရှိခြင်းဟာ ပြည်ပနိုင်ငံတွေနဲ့ အဖွဲ့အစည်းတချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။ 
Read More

ပေါက်ခေါင်းတွင် တပ်ဖွဲ့အချိန်းအပြောင်းလုပ်နေသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်မှာ ဘောင်ဒါအထိုင်စခန်းကနေ လူအချိန်းအပြောင်းလုပ်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၁) ဗျူဟာ၊ ပြည်ခရိုင် အမှတ် (၂)၊ ၃၆၀၂ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

ပဲခူးရိုးမအတွင်းရှိ ဘန့်ဘွေးကုန်းရွာ စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်များ ဝင်တိုက်၊ စခန်းကို အပြီးသတ်ရရှိခါနီးမှ ရန်သူ့စစ်ကူကြောင့် ပြန်ဆုတ်ခဲ့ရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်က ဘန့်ဘွေးကုန်းရွာ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၂ ယောက် သေ၊ ၃ ယောက် ဒဏ်ရာရခဲ့ပြီး စခန်းအပြီးသတ်သိမ်းပိုက်ဖို့ ကြိုးစားချိန် ရန်သူ့စစ်ကူကြောင့် ပြန်ဆုတ်ခဲ့ရကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြောင်မြို့နယ်တွင် CDM ဝန်ထမ်း အယောက် ၄၀ အတွက် ဂုဏ်ပြုပွဲ ပြုလုပ်ပေး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ “အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု” မှာ ပါဝင်ခဲ့ကြတဲ့ ကျေးရွာတစ်ခုက နိုင်ငံ့ဝန်ထမ်း (CDM) တွေကို ဂုဏ်ပြုပွဲ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ဆိပ်ဖြူမြို့နယ်၊ စိန်ပန်းကုန်းကျေးရွာရှိ အရပ်သား နေအိမ်များကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီး (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ စိန်ပန်းကုန်းကျေးရွာရှိ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကခရိုင် အမှတ် ၁၉ တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။