စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် နေအိမ်တစ်အိမ်မှာ ဓားပြတိုက်လူသတ်ကာ ကားလုယူသွားသူတွေကို တစ်ရက်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၆ ရက် မနေ့က မနက်ပိုင်းမှာ မုံရွာမြို့ပေါ်က နေအိမ်တစ်အိမ်ကို ဓားပြတိုက်မှု ဖြစ်ပွါးခဲ့ပြီး ဓားပြတိုက်သူတွေဟာ အိမ်ရှင်ဖြစ်သူကို သေနတ်နဲ့ ပစ်သတ်ကာ Toyota Wish ကားတစ်စီးကို ယူဆောင်သွားခဲ့တာပါ။

မုံရွာမြို့တွင် လူသတ်လုယက်ပြီး ပြန်လည်စွန့်ပစ်ခဲ့သည့် ကား။

ဓားပြတိုက်မှု ဖြစ်ပွားကြောင်း သတင်းရတာနဲ့ သက်ဆိုင်ရာ နယ်မြေခံတော်လှန်ရေးအဖွဲ့အစည်းတွေက လမ်းတွေ ပိတ်ဆို့စစ်ဆေးရှာဖွေခဲ့ပြီး ဓားပြတွေ ယူဆောင်သွားတဲ့ ကားကိုတော့ သတင်းပေးပို့မှုတွေအရ မုံရွာမြို့နယ်၊ အက်တောရပ်ကွက်၊ ကန်သာဘုန်းကြီးကျောင်းအနီး ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် မုံရွာမြို့နယ်ပလဖ ရဲဘော်တွေက ဓားပြတိုက်မှု ကျူးလွန်သူတွေကို ၁၂နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ကျူးလွန်သူတွေရဲ့ ဓာတ်ပုံနဲ့တကွ နောက်ဆက်တွဲအရေးယူမှုတွေနဲ့ သက်‌သေခံထွက်ဆိုချက်တွေကိုလည်း တရားဝင် ထုတ်ပြန်သွားမယ်လို့ မုံရွာပလဖက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရသူ (၆) ယောက် ဒေါနတပ်ရင်းဆီ အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသခွဲအမှတ် (၃) ၊ ဗျူဟာ(၃၃)၊ ဒေါနတပ်ရင်းနယ်မြေအတွင်းကို စစ်ကောင်စီတပ်က တပ်သား (၆) ယောက် အလင်းဝင်ရောက်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေကျင်မြို့နယ်ရှိ စစ်အုပ်စု ပြန်လည်တည်ဆောက်နေသည့် ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြိီးဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်က ၂ ဦး ပြင်းထန်ဒဏ်ရာရ…

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ အကြမ်းဖက် စစ်အုပ်စုရဲ့ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြိီးနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်က ၂ ယောက် ပြင်းထန်ဒဏ်ရာရတယ်လို့ ပဲခူးခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်က ရွှေကျင်မြို့နယ် တပ်ရင်းပြန်လည်တည်ဆောက်နေတဲ့ စစ်ကော်မရှင်ရဲ့ ခမရ ၅၉၈ တပ်ရင်းကို သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
Read More

ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်၊ IEC ဒုဥက္ကဌ ခွန်းဘီတူး တို့ တက်ရောက်ခဲ့သည့် BPLA အမှတ်စဉ်(၉) သင်တန်းဆင်းပွဲ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၉) သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တနေရာမှာ ၂၀၂၅ခုနှစ်၊ ဇွန်လ(၇)ရက်နေ့ က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

KNDF အမှတ် (၁၅) တပ်ရင်း ၃နှစ်ပြည့် အခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF အမှတ်(၁၅)တပ်ရင်းအနေနဲ့ အောက်တိုဘာလ (၂၈) ရက်မှာ ကျရောက်ခဲ့တဲ့ (၃) နှစ်ပြည့်အခမ်းအနားကို မြေပြင်အခက်အခဲ အခြေအနေ အမျိုးမျိုးကြောင့် ဒီဇင်ဘာလ (၂၈) ရက်မှာမှ ကရင်နီပြည်နယ် မြေပြင်တစ်နေရာမှာ ပြုလုပ်နိုင်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မိုးမိတ်မြို့နယ် ဝဲဘောင်းကျေးရွာကို စစ်တပ်ဗုံးကြဲမှုကြောင့် ကလေး ၂ ဦးအပါ ပြည်သူ ၇ ဦး သေဆုံး

ရှမ်းပြည်နယ်‌မြောက်ပိုင်းက မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က မနေ့ညပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၇ယောက် သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ၏ မီးလောင်ဗုံးများကြောင့် လင်မယားနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် သေဆုံး၊ ဒဏ်ရာပြင်းထန်တဲ့ ၁၀ တန်းကျောင်းသားလည်း ထပ်မံသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ကန်ကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာ အပြင်းအထန်နဲ့ ဆေးကုသနေရသူ ၃ ယောက်ရှိကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းကို​ ပြောပါတယ်။