မန္တလေးတိုင်း၊ ညောင်ဦးမြို့အနောက်ပိုင်းမှာ ဓားပြတိုက် လူသတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာနေပြီး စစ်ကောင်စီကလည်း ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခြင်းမရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက်နေ့က ညောင်ဦးမြို့နယ်အနောက်ပိုင်းမှာ တစ်ညအတွင်း ဓားပြတိုက်မှု ၂ ခု ဖြစ်ပွားခဲ့ပြီး အမျိုးသား၂ ယောက် ​အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဓားပြမှုဖြစ်ပွားခဲ့တဲ့ ကျေးရွာ ၂ရွာလုံးဟာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် (ခေါ်) ပျူစောထီးတွေ စိုးမိုးရာ နယ်မြေဖြစ်တယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ကိုဇီးက မောင်းကိုပြောပါတယ်။

“ည ၇ နာရီမှာ မြို့သာရွာကအိမ် ဓားပြတိုက်ခံရတယ်။ မကြည်ဝင်းဆိုတဲ့ အမျိုးသမီးရိုက်နှက်ခံရပါတယ်။ နောက် ည၈နာရီကျတော့ ကြအိုရွာက ဆိုင်ကယ်ပစ္စည်းအရောင်းဆိုင် အတိုက်ခံရတာ.. ဓားပြတွေကဆိုင်ရှင် သားအဖ ၂ ယောက်လုံးကို သတ်သွားပါတယ်” လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန်ရှိသူ ကိုဇီးက ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၇ရက်နေ့ကလည်း ချောက်-ညောင်ဦး ကားလမ်းမပေါ်မှာရှိတဲ့ မေရီမြင့် စက်သုံးဆီဆိုင် ဓားပြတိုက်ခံရပြီး ပိုင်ရှင်အမျိုးသမီး ၂ယောက် သတ်ဖြတ်ခံရကာ ငွေကျပ်သိန်း ၅၀၀ ကျော်ကိုလည်း ဓားပြတွေက ယူဆောင်သွားတယ်လို့သိရပါတယ်။

“ဓားပြတွေက  များသောအားဖြင့် Alphad ကား ဒါမှမဟုတ် Mark 2 ကား သုံးတယ်လို့သိထားရတယ်ပေါ့နော်။ ၂၆ရက်နေ့ကတော့ ဆိုင်ကယ်၄စီးနဲ့ လူတွေကတိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် ရုပ်ရည်အနေအထားအရ အတူတူပဲတဲ့။ ဓားပြမှုတွေ အကုန်လုံးကို ဒီတစ်ဖွဲ့တည်းလုပ်နေတယ်လို့ ကျနော် ကောက်ချက်ချပါတယ်။ နောက်ပြီး အဲ့ဘက်နယ်မြေအနေအထားက ပျူစောထီးတွေစိုးမိုးထားတော့ ကျနော်တို့တွေ ထိန်းချုပ်နိုင်ဖို့ကြိုးစားနေဆဲပါ။ နောက်ပြီး ပျူတွေကလည်း ရွာခံတွေမဟုတ်ဘူး။ ညောင်ဦးမြို့ပေါ်က စစ်တပ်လက်နက်ပေးထားတဲ့ ပျူတွေပါ။ ဒီဓားပြမှုတွေကိုလည်း ဒီကောင်တွေက မဖမ်းဘဲ လုံးဝလွှတ်ထားတာ။ PDF တွေ ပုံရိပ်ကျအောင်ရယ် သူတို့လည်းငွေရ​တဲ့ သဘောပေါ့” လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန်ရှိသူ ကိုဇီးက ပြောခဲ့ပါတယ်။

ဒီ​လိုမျိုးဖြစ်စဥ်တွေအပေါ် စစ်ကောင်စီက တာဝန်ယူဖြေရှင်းနိုင်တာမျိုးမရှိသလို ပျူစောထီးအားကောင်းရာကျေးရွာတွေမှာဖြစ်တာကြောင့် တော်လှန်ရေး အင်အားစုတွေအနေနဲ့ ဖြေရှင်းနိုင်ဖို့ကြိုးစားနေတယ်လို့လည်း ကိုဇီးက ပြောပါတယ်။

လက်ရှိအခြေအနေအရ ညောင်ဦးမြို့နယ်အတွင်း စစ်ကောင်စီက လူငယ်တွေကို စစ်မှုထမ်းအတွက် ပစ်မှတ်ထား ဖမ်းဆီးတာတွေ များလာသလို ခိုးဆိုးလုနှိုက်တွေရဲ့ ဓားပြမှုတွေမှာ စသုံးလုံးအရာရှိတွေက ခွဲဝေယူတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

NLD သန်လျင်လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် လွတ်မြာက်နယ်မြေမှာ ကွယ်လွန်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် (ခ) ကိုပေါက်စ ဟာ ဒီနေ့ ဧပြီလ ၂၇ ရက်နေ့မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထီးလင်းမှာ လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို ကျပ်သိန်း ၅၀ ဆုချီးမြှင့်

မကွေးတိုင်း၊ ထီးလင်းမြို့ ရုပ်သံကုန်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့တယ်လို့  ဗျူဟာ အမှတ် - ၈၁ (ယောဗျူဟာ) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ဆိပ်ဖြူ ကပစ ၂၂ မှ ကင်းလှည့်ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ မိုင်းနင်းမိလို့ ၂ ဦး ခြေပြတ်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ကပစ ၂၂ ကနေ ကင်းလှည့်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိတယ်လို့ ဆိပ်ဖြူကျားဇိုးပြောက်ကျားက မောင်းကို ပြောပါတယ်။
Read More

ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေး အတွင်း သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီး၊ စစ်ကောင်စီတပ်သားအချို့ မူးယစ်ဆေးဝါး သုံးစွဲမှသာ စစ်တိုက်နိုင်တယ်လို့ ဝန်ခံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ဦးဆောင်တဲ့ အဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေး အတွင်း သိမ်းဆည်းရရှိခဲ့တဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးခဲ့တံ အခမ်းအနားကို ဒေသခံပြည်သူတွေနဲ့အတူ တက်ရောက်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်အပြီး လေကြောင်းတိုက်မှုများ ဆက်တိုက်လုပ်နေသည့် အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီရဲ့ နေပြည်တော် အေလာလေဆိပ်ကို ဧပြီလ ၁၈ ရက် မနေ့က ညပိုင်းမှာ ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကြို့ပင်ကောက်တွင် အဖမ်းမခံဘဲ ပြန်လည်ခုခံခဲ့သည့် ပျူစောထီး ၂ ဦးအား ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကံကြီးအုပ်စု၊ ကံကြီးရွာမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေရောက်ရှိနေတယ်လို့ သတင်းရတဲ့အတွက် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆၊ Black Dragon (GBK-PDF) တပ်ဖွဲ့က တိုက်ခိုက်ဖို့အတွက် သွားခဲ့ပါတယ်။