မကွေးတိုင်း ကမ္မမြို့မှာ အရပ်သားပြည်သူတွေရဲ့ တန်ဖိုးရှိပစ္စည်းတွေ ခိုးယူနေတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာ ၂၆ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစုထံက သိရပါတယ်။

ကမ္မမြို့ပေါ်စျေးကို ဖောက်ထွင်းပြီး ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ကမ္မရဲစခန်းအနီးပတ်ဝန်းကျင်မှာ တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ကမ္မတပ်ပေါင်းစုရဲ့ Droneအဖွဲ့ Three Brother Drone Force၊ Black Eagle Drone Force၊ ပေါက်ပကဖရဲ့ Drone အဖွဲ့၊ BLY ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြိုင်ပကဖရဲ့ Drone အဖွဲ့၊ MGPDF(ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ၊ မကွေးတိုင်းDrone အဖွဲ့နဲ့ မဟာမိတ်Droneအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပြီး စစ်ကောင်စီလက်အောက်ခံတပ်သားတွေရဲ့ ထိခိုက်မှုကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြို့သာစက်မှုဇုန်မှ အင်အား ၇၀ ဖြင့် ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြို့သာစက်မှုဇုန်ကနေ အနောက်ဘက်သို့ ထွက်လာတဲ့ အင်အား ၇၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို ဇန်နဝါရီ ၃ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ TGYR-​​ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဇူလိုင် ၁၆ ရက်မှာ ကျရောက်တဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO Day) အခမ်းအနားမှာ ကရင် အမျိုးသားအစည်းအရုံး ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေ၏ ပြောကြားချက် (ရုပ်/သံ)

ဇူလိုင် ၁၆ ရက်မှာ ကျရောက်တဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO Day) အခမ်းအနားမှာ ကရင် အမျိုးသားအစည်းအရုံး ဒုဥက္ကဌ ပဒိုစောဆဲဂေက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
Read More

မြင်းမူမြို့ရွှေဆိုင်မှာ ဓားပြတိုက်လာသူ ၄ ယောက်ကို PDF ရဲဘော်တွေက ဖမ်းဆီးပြီး ရွှေထည်ပစ္စည်းများကို ပိုင်ရှင်ထံ ပြန်လည်အပ်နှံ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့ ရွှေဧကရာဇ်ရွှေဆိုင်မှာ ဓားပြတိုက်ပြီး ပြန်လာတဲ့ အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးပြီး ရွှေထည်ပစ္စည်းများကို မူလပိုင်ရှင်ထံ ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။
Read More

ရေးပြောက်ကျားတပ်ရဲဘော်များ သင်္ကြန်ကာလ ဘယ်လိုဖြတ်သန်းခဲ့ကြလဲ (ရုပ်/သံ)

မြန်မာ့ရိုးရာတန်ခူးလ သင်္ကြန်ကာလမှာ ရေးပြောက်ကျားတပ်ရဲဘော်တွေရဲ့ ဖြတ်သန်းမှုပုံရိပ် တွေကို ရေးပြောက်ကျားတပ်က ထုတ်ပြန်ပြသခဲ့ပါတယ်။
Read More

ပဲခူးရိုးမအတွင်း အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်မှု ၆ ယောက်သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက်သေခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၅) ဗျူဟာထံက သိရပါတယ်။
Read More

ကနီမြို့နယ် ချင်းတွင်းမြစ်ဆိပ်ကမ်းတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ထောက်ကြံ့ကုန်ကျေးရွာအနီးရှိ ချင်းတွင်းမြစ်ဆိပ်ကမ်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ယောက်သေဆုံးပြီး စက်လှေ ၁ စီး ပျက်စီးခဲ့တယ်လို့ ကနီမြို့နယ် သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၄ ရက် နေ့လယ်ပိုင်းက ကနီမြို့နယ် ထောက်ကြံ့ကုန်းကျေးရွာအနီး ချင်းတွင်းမြစ်ဆိပ်ကမ်းကို တိုက်လေယာဉ် ၂ စီးနဲ့ ၇ ကြိမ် တိုက်ခိုက်ခဲ့တဲ့အပြင် စက်တပ်လေထီးယာဉ် ၂ စီးနဲ့လည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။