မွန်ပြည်လွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်ပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက် မနေ့က KNU တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ Mon Liberation Army – MLA က ထုတ်ပြန်ထားပါတယ်။

အဲဒီ သင်တန်းဆင်း အခမ်းအနားမှာ TNLA ရဲ့ ပြင်ပဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး တားဆငည်းလေး၊ မွန်ပြည်လွတ်မြောက်ရေး တပ်တော်ရဲ့ ဒုစစ်ဦးစီးချုပ် နိုင်မာဃ နဲ့ စစ်ဦးစီးရုံးချုပ်က ဗညားမင်းကန်စီ၊ အရှင်တေဇိန္ဒာဘိဝံသ ၊ ABSDF ဦးဇော်ထွန်းတို့က တက်ရောက်ဂုဏ်ပြုကာ အမှာစကားတွေ ပြောကြားပေးခဲ့တယ်လို့ သိရပါတယ်။

သင်တန်းကာလ ၄၅ ရက်ကြာမြင့်ခဲ့တဲ့ ဒီစစ်သင်တန်း ပြီးဆုံးတဲ့အထိ စစ်ပညာသင်ယူခဲ့တဲ့ ရဲဘော်၊ ရဲမေတွေရဲ့ တော်လှန်ရေးယုံကြည်ချက် ခိုင်မာမှု နဲ့ ဇွဲလုံလကြီးမှုကို အထူးဂုဏ်ယူမိတယ်လို့ MLA က ဆိုပါတယ်။

မွန်ပြည်လွတ်မြောက်ရေးတပ်တော် – MLA ဟာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနဲ့ မဟာလူမျိုးကြီးဝါဒ ပျက်သုဉ်းရေးအတွက် တော်လှန်တိုက်ပွဲဝင်နေသလို အရည်အသွေးနဲ့ စည်းကမ်းပြည့်ဝတဲ့ ရဲဘော်ရဲမေတွေ အဆက်မပြတ် ထွက်ပေါ်လာရေးအတွက် အခြေခံစစ်ပညာသင်တန်းတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

လူထုခေါင်းဆောင် အပါအဝင် နိုင်ကျဉ်းအားလုံး လွတ်မြောက်ရေးနှင့် ပန်းသပိတ် (ဓာတ်ပုံသတင်း)

ကလေးဒေသခံ ပြည်သူလူထုဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် လမ်းပေါ်ထွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
Read More

တောင်သာမြို့နယ်က ဝဲလောင်တိုက်နယ်ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ရဲ ၃ ယောက် သေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်က ဝဲလောင်တိုက်နယ်ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်က ရဲ ၃ ယောက် သေဆုံးခဲ့တယ်လို့ တောင်သာ ပကဖ (TTA - PDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမြို့နယ်မှာ တစ်ပတ်အတွင်း စစ်ကောင်စီတပ် ဒရုန်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ပြည်သူ (၆) ယောက် ထိခိုက်ဒဏ်ရာရကာ ပြည်သူ (၁) ယောက်ကိုလည်း စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ နိုဝင်ဘာလ (၂၀) ရက်ကနေ (၂၆) ရက်အတွင်း စစ်ကောင်စီတပ်က ကျေးရွာတွေအတွင်း လက်နက်ကြီး(၁၈)လုံး၊ ဒရုန်းနဲ့ အကြိမ် (၂၀)ကြိမ် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ (၆) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့အပြင် အပြစ်မဲ့ ပြည်သူ (၁) ယောက်ကို စစ်ကောင်စီတပ် အကြောင်းမဲ့ဖမ်းဆီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ရွေးကောက်ပွဲအတုကို ဝင်ခွင့်ရရေး သက်သက်ခိုင်၏ အသနားခံစာကို စစ်ကော်မရှင် UEC ပယ်ချ

ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင်ဟာ စစ်ကောင်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိဖို့အရေး စစ်ကောက်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင် (UEC) ကို အသနားခံစာ ၂ဆောင် တင်သွင်းထားပေမယ့် UEC က လက်မခံပဲ ပယ်ချခဲ့တယ်လို့ သိရပါတယ်။ သနားခံစာပယ်ချခံခဲ့ရကြောင်းကို နိုဝင်ဘာလ ၁၄ ရက် မနေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ မဲဆွယ်ပွဲမှာ သက်သက်ခိုင်ကိုယ်တိုင် ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်းတွင် ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များတိုက်ပွဲဖြစ်၊ အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်း သေပြီး ခဲယမ်းများရရှိ

ပဲခူးနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ ရိက္ခာပို့ပြီးပြန်လာတဲ့ အကြမ်းဖက်စစ်ကားတွေကို စောင့်ကြိုတိုက်ခိုက်ရင်း လုံခြုံရေးယူစစ်ကောင်စီတပ်သားတွေနဲ့ပါ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကမ်းနီကြားဒေသ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တွံတေး ပကဖ က အခြေခံစစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားအသစ်ခေါ်ယူနေ

ရန်ကုန်တိုင်း ၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က စစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားအသစ် တွေခေါ်ယူ‌နေတယ်လို့ သိရပါတယ်။