စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ မိုင်းရှင်းဖို့ အိမ်စီးကား ၃ စီးနဲ့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၂ ယောက်သေကာ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Taw Twin Tup Pee Local အဖွဲ့ထံက သိရပါတယ်။

ဒီဇင်ဘာ ၂၃ ရက် နေ့လည်ပိုင်းက စစ်ကိုင်းမြို့ တပ်မ ၃၃ က ထွက်လာတဲ့ သံပြားကာယာဉ် ၆ စီးကို ပြည်ထောင်စုတိုင်းရင်းသား စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်အနီး ရေမျက်လမ်းဆုံမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာက စတင်ပြီး မိုင်းရှင်းဖို့ အိမ်စီးကား ၃ စီးနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေနဲ့ တော်လှန်ရေးရဲဘော် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ၂ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၂ ယောက်သေကာ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် လက်နက်ကောက်ဖို့ ကြိုးစားတဲ့ ပြည်သူ့ရဲဘော်ကို ယာဉ်ဘေးမှာ ဝပ်နေတဲ့ အကြမ်းဖက်စစ်သားက ပစ်ခတ်တဲ့အတွက်  ဦးခေါင်းကျည်ထိမှန်ကာ ကျဆုံးခဲ့ရပြီး အခြား ရဲဘော် ၂ ယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖရဲသီးသတင်းပေးချက်အရ သေဆုံးတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားထဲမှာ တပ်မ ၃၃ နှစ်ပွင့်ဗိုလ်နဲ့ ရွာထောင်ပျူစောထီး ခေါင်းဆောင်တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို စစ်ကိုင်းမြို့နယ်ပကဖ Taw Twin Tup Pee Local၊ စစ်ကိုင်းမြို့နယ် ပကဖ မှောင်မဲအဖွဲ့၊ Generation Z Power၊ BRAနဲ့  @Phoe Nix (SGG) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင် ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကန့်ဘလူမြို့နယ် ယမနေရွာက စစ်တပ်အထိုင်စခန်း ဒရုန်းနဲ့ ဗုံးသီးကြဲခံရပြီး မီးလောင်ပေါက်ကွဲမှုဖြစ်ပွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ယမနေရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဇန်နဝါရီ ၂ ရက် မနေ့ညပိုင်းက ကန့်ဘလူခရိုင်တပ်ရင်း ၄ က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

၁၁ လအတွင်း စစ်ကောင်စီတပ်ရဲ့ ဒုဗိုလ်မှူးကြီးအဆင့်၊ ဒုရဲမှူးအဆင့် အပါအဝင် တပ်သား ၄၇၅ ယောက်အလင်းဝင်ခဲ့ဟု NUG ထုတ်ပြန် (ရုပ်/သံ)

၂၀၂၄ နှစ်စကနေ နိုဝင်ဘာလအထိ ၁၁ လတာအတွင်း စစ်ကောင်စီတပ်ရဲ့ ဒုဗိုလ်မှူးကြီးအဆင့်၊ ဒုရဲမှူးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၄၇၅ ယောက် အလင်းဝင်ရောက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ဝန်ကြီးချုပ်ရုံး‌ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြည်သူလူထုနှင့် နိုင်ငံတကာသို့ စကား‌ပြောကြားခြင်း(Press Briefing) အစီအစဉ် ၄/၂၀၂၄ မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
Read More

ရွှေဘိုမှာ ပြည်သူအပေါ် အနိုင်ကျင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း ပြည်သူတွေကို အနိုင်ကျင့်နေတဲ့ ပန်းရံပျူစခန်းက စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့  Shwebo Crocodile အဖွဲ့ထံက သိရပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်သင်္ဘောနှင့် တွဲတွန်းသင်္ဘောအုပ်စုကို မိုင်းဖောက်ခွဲပြီး လက်နက်ငယ်များ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်သင်္ဘောနဲ့ တွဲတွန်းသင်္ဘောအုပ်စုကို ရှေ့ထွက်မိုင်းတွေ ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group (CFG) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပုလောမြို့နယ် တွင် ပြည်သူပိုင်ပစ္စည်းများ ခိုးယူနေသည့် စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်​များ တိုက်ပွဲဖြစ်၊ စစ်သား ၂ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် တောင်ယာကမ်းရွာမှာ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူနေတဲ့ စစ်ကော်မရှင်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ယောက်သေဆုံးခဲ့တယ်လို့ KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

အင်းတော်မြို့ ဂျပန်လှိုဏ်ဂူအား ပြင်ဦးလွင်ခရိုင်ရဲဘော်များ တိုက်ခိုက်သိမ်းပိုက်ခဲ့မှု (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ခံစစ်ပြင်ထားတဲ့ ဂျပန်လှိုဏ်ဂူကို ပြင်ဦးလွင်ခရိုင် အမှတ် - ၅၀၉ ၊ အမှတ် - ၅၁၀ ၊ အမှတ် - ၅၁၂နဲ့ ပြင်ဦးလွင်ခရိုင်တပ်ရင်း - ၁၊ တပ်ရင်း -၂ ရဲဘော်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ facebook လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့လာပါတယ်။