မန္တလေးတိုင်း၊ မြင်းခြံခရိုင်ထဲက တောင်သာနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၃ရက်ဆ​က် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ​၂ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၃ရက် ညပိုင်းက နွားထိုးကြီးမြို့နယ်၊ ဒေါင်းဘိုရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့လို့ အရပ်သား၂ယောက်နေရာတ​င်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇ ယောက်မှာ ၁ယောက်ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မွေးမြူထားတဲ့ နွားတွေလည်းသေဆုံးခဲ့ပြီး နေအိမ်၊ ဆိုင်ကယ်နဲ့ ထော်လာဂျီတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၅ရက်နေ့က တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာ တိုက်ခိုက်ခံရစဉ် (ဓာတ်ပုံ ပေးပို့)
ဒီဇင်ဘာ ၂၅ရက်နေ့က တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာ တိုက်ခိုက်ခံရစဉ် (ဓာတ်ပုံ ပေးပို့)
ဒီဇင်ဘာ ၂၅ရက်နေ့က တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာ တိုက်ခိုက်ခံရစဉ် (ဓာတ်ပုံ ပေးပို့)

အဲ့ဒီနေ့မနက်ပိုင်းမှာပဲ နွားထိုးကြီးအခြေစိုက် PDF တပ်ရင်းတွေက ရန်ကုန်-မန္တလေးအမြန်လမ်း၊ မန္တလေးနဲ့မိတ္ထီလာကြား၊ ၃၁၈မိုင် ဝန်းကျင်မှာ ခရီးသွားကားတွေကို လုံခြုံရေး စစ်ဆေးသတိပေးမှု လုပ်ဆောင်ခဲ့ပါသေးတယ်။

ဒါ့အပြင် ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် ည၈နာရီကနေ မနက် ၆နာရီအတွင်း နွားထိုးကြီးနဲ့ ထိစပ်နေတဲ့ လမ်းတွေကို အသုံးမပြုဖို့ နွားထိုးကြီးပကဖက အသိပေးထားပါတယ်။

အလားတူ ဒီဇင်ဘာ ၂၄ရက်ကလည်း နွားထိုးကြီးမြို့ အရှေ့မြောက်ဘက်က မြိုင်သာရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုတော့ မရှိခဲ့ပါဘူး။

ဒီဇင်ဘာ ၂၅ရက် နေ့လည်ပိုင်းမှာလည်း တောင်သာမြို့အရှေ့ဘက်က ဇရပ်ကြီးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့လို့ စာသင်ကျောင်းထိခိုက်ပျက်စီးပြီးအရပ်သား၁ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၅ရက်နေ့က တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာ တိုက်ခိုက်ခံရစဉ် (ဓာတ်ပုံ ပေးပို့)
ဒီဇင်ဘာ ၂၅ရက်နေ့က တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာ တိုက်ခိုက်ခံရစဉ် (ဓာတ်ပုံ ပေးပို့)
ဒီဇင်ဘာ ၂၅ရက်နေ့က တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာ တိုက်ခိုက်ခံရစဉ် (ဓာတ်ပုံ ပေးပို့)

အရင်ဆုံး နေ့လည် ၁၂နာရီလောက်မှာ မိတ္ထီလာ ရှမ်းတဲလေဆိပ်တက် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့သလို နောက်၁နာရီအကြာမှာတော့ လေထီး(အင်ဂျင်) စက်တွေနဲ့ ဗုံးသီးတွေ ကြဲချခဲ့တာလို့ သိရပါတယ်။

“လေထီးစက်က မလှိုင်ကနေ တက်တာပေါ့နော်။ အဲ့ဒါနဲ့ ဗုံးသီး၂လုံးချခဲ့ပါတယ်။ လေထီးစက်နဲ့ချတာတော့ ဇရက်ကြီးစာသင်ကျောင်းပဲ ထပ်ချတာစာသင်ကျောင်း ရေသန့်စက်ထပ်ပျက်စီးတယ်။ပြည်သူ၁ယောက်ထိပါတယ်။ စိုးတော့မစိုးရိမ်ရဘူး”  လို့ မြင်းခြံခရိုင် တပ်ရင်း၃ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီအသုံးပြုတဲ့ လေထီးတွေဟာ မလှိုင်မြို့နယ်အတွင်း ဆင်းသက်ခဲ့သလို အခုလိုအသုံးပြုမှုဟာ လေယာဥ်ဆီပြတ်လက်မှုကြောင့်ဖြစ်ကြောင်းနဲ့ လေထီးဆင်းသက်ရာနေရာတွေကိုတပ်ရင်းတပ်ဖွဲ့ အချင်းချင်းသတိပေးဖို့ လိုအပ်ကြောင်း လူထုလှုပ်ရှားမှုကော်မတီ (တောင်သာ) က ပြောထားပါတယ်။

စစ်ကောင်စီ အသုံးပြုခဲ့တဲ့ လေထီးတပ်စက် (ဓာတ်ပုံ ပေးပို့)

စစ်ကောင်စီတပ်တွေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဇရပ်ကြီးရွာထဲ အရင်က စစ်အုပ်စုတွေ တပ်စွဲနေထိုင်ခဲ့ပေမယ့် တော်လှန်ရေးအင်အားစုတွေရဲ့တိုက်ခိုက်မှုကြောင့် စွန့်ခွာထွက်ပြေးသွားပြီဖြစ်ရာ လက်ရှိမှာအရပ်သားတွေပဲ နေထိုင်တော့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ရက်နေ့တုန်းကလည်း တောင်သာမြို့နယ်၊ မိုးနှောင်းကင်းရွာကို စစ်အုပ်စုတွေ လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရပါသေးတယ်။

0 Shares:
You May Also Like
Read More

မိုးဗြဲမြို့ မကျရေး ခုခံတိုက်ခိုက်နေသည့် တိုက်ပွဲအတွင်း မိုးဗြဲPDF ကျွဲချိုတပ်ခွဲမှ ၁၈ နှစ်နှင့် ၁၉ နှစ်အရွယ် ရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၊ အမှတ် (၁၀၀၁)တပ်ရင်း ၊ တပ်ခွဲ-၃ ကျွဲချိုတပ်ခွဲရှိ ရဲဘော် မောင်ဒေးဗစ်နဲ့ ရဲဘော် မောင်ဝင်းကိုနိုင် တို့ (၂) ယောက်ဟာ အကြမ်းဖက်စစ်ကောင်စီတပ်ကို ရွပ်ရွပ်ချွန်ချွန် တိုက်ခိုက်ချေမှုန်းရင်း ဇွန်လ(၃၀)ရက်မှာ ကျဆုံးခဲ့တယ်လို့ ကျွဲချိုတပ်ခွဲက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်သပိတ်အင်အားစု၏ အထွေထွေစာအုပ် ၁၀၀ ကျော် ပါဝင်သည့်  ရွေ့လျားစာကြည့်တိုက် 

စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ် သပိတ်အင်အားစုအနေနဲ့ ကျောင်းသားလူငယ်တွေနဲ့ တော်လှန်ပြည်သူတွေ လေ့လာဖတ်မှတ်နိုင်စေဖို့ ရည်ရွယ်ပြီး ရွေ့လျားစာကြည့်တိုက် ပြုလုပ်နေတယ်လို့ သိရပါတယ်။
Read More

လက်ရှိအခြေအနေနှင့် အချိန်အခါအရ ရွေးကောက်ပွဲ ဖြစ်လာလျှင် စစ်မှန်သည့် ရွေးကောက်ပွဲ လုံးဝမဟုတ်ကြောင်း ကရင်အမျိုးသားရဲတပ်ဖွဲ့ (ဗဟို) ရဲမှူးချုပ် ပြောကြား

အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကော်မရှင်က ဦးဆောင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့ (ဗဟို) ရဲမှူးချုပ် ဗိုလ်မှူးကြီးစောအယ်ကလူဖိုးက စစ်မှန်တဲ့ ရွေးကောက်ပွဲ လုံးဝမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
Read More

နောင်ချိုမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းစစ်တပ် ရိုက်နှက်လို့ မြန်မာအမျိုးသားတစ်ယောက် သေဆုံးခဲ့

၂၀၂၄ ခုနှစ်အစောပိုင်းက ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာအမျိုးသားတစ်ယောက်ကို ထိုင်းစစ်တပ်က သေတဲ့အထိ ရိုက်နှက်ခဲ့ကြတယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုက နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စွပ်စွဲထားပါတယ်။
Read More

ဧရာဝတီတိုင်းတွင် တစ်လခွဲအတွင်း စစ်ကောင်စီတိုက်ခိုက်မှုများကြောင့် ပြည်သူ ၉ ဦး သေဆုံးခဲ့

ဧရာဝတီတိုင်းမှာ စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် မေလ ၁၅ ရက်ကနေ ဇွန်လ ၃၀ ရက်အတွင်း ပြည်သူ ၉ ယောက် သေဆုံးခဲ့တယ်လို့ People's Liberation Force - ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ပါတယ်။