ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲ၂ ၊ ဗျူဟာ၂၅ ၊ ဖာပွန်ခရိုင်တပ်ရင်း ၁ – Spring Warriors Column (P27001) က တပ်ရင်းမှူးအပါအဝင် ကျဆုံးရဲဘော် ၆ ယောက်ရဲ့ ကျဆုံးခြင်း တစ်နှစ်ပြည့်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဖာပွန်ခရိုင် တပ်ရင်း ၁ ရဲ့ တပ်ရင်းမှူး ညီသန့်၊ ဒုတပ်ခွဲမှူး စွန်ရဲ၊ ရဲဘော်ဝတုတ်၊ ရဲဘော်မိုးညို၊ ရဲဘော်ဗေဒါ၊ ရဲဘော်တူးတူး တို့ဟာ နွေဦးတော်လှန်ရေးမှာ အာဏာရူး စစ်ကောင်စီတပ်ကို ခုခံတော်လှန်တိုက်ထုတ်ရင်း နတ်သံကွင်းတိုက်ပွဲမှာ အသက်ခန္ဓာပေးလှူခဲ့တာ ဒီနေ့မှာ တစ်နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီလို့ ဆိုပါတယ်။

Spring Warriors Column က တပ်ရင်းမှူးညီသန့်နဲ့ ဒုတပ်ရင်းမှူး ကိုထက်အပါအဝင် တပ်ရင်းမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေကို ရည်စူးပြီး အာဇာနည်ဗိမ္မာန်မှာ အလေးပြုခြင်း၊ ကျန်ရစ်သူ မိသားစုဝင်တွေက လာရောက်‌တွေ့ဆုံနှုတ်ဆက်ခြင်းနဲ့ ဆွမ်းကျွေးတရားနာခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးရဲဘော်တွေရဲ့ ရဲဘော်ရဲဘက်နဲ့ လက်အောက်ငယ်သားတွေအပေါ်  အနစ်နာခံမှုနဲ့ ဦးဆောင်မှုတွေကို အစဥ်အမြဲ သတိရနေမှာဖြစ်သလို ကောင်းရာဘုံဘဝမှာ ရောက်ရှိနေမယ်ဆိုတာ ယုံကြည်ပြီး အစဉ်အမြဲ လေးစားသတိရနေတယ်လို့ Spring Warriors Column က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ရှောင်နေအိမ်များကို ဖောက်ထွင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စောင့်ကြိုတိုက်ခိုက်ခံရ​၊ ၆ ဦး သေပြီး အများအပြား ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ ပဲခူးတိုင်းအစပ်က စစ်ရှောင်ကျေးရွာတွေကို ဖောက်ထွင်းပြန်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၆ယောက်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မြိုင်မှာ ရဲတပ်ကြပ် ၁ ယောက် ဇနီးသည်နဲ့အတူ လက်နက်ယူဆောင်ပြီး အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရဲတပ်ကြပ်၁ယောက် ဇနီးသည်နဲ့အတူ လက်နက်ခဲယမ်းတွေပါ သယ်ဆောင်ပြီး မြိုင်ပကဖထံ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
Read More

ရွှေမြို့နယ်ပကဖ မှ တိုက်နယ်ပကဖများကို MA 1 သေနတ် ၂ လက်နဲ့အတူ ယူနီဖောင်း၊ စစ်အသုံးအဆောင်များ တပ်ဆင်ပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်နယ် (၆)ပကဖ တိုက်ခိုက်ရေးရဲဘော် (၂၂) ယောက်ကို ယူနီဖောင်း၊ ပွိုင့်ဖိနပ်၊ ဦးထုပ်၊ ခါးပတ်၊ ဘက်တံဆိပ်တို့နဲ့အတူ MA 1 သေနတ် (၂)လက်တို့ကို အောက်တိုဘာလ (၁၂)ရက် မနေ့က တပ်ဆင်ပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပကဖ က ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ ၂၂၂ တပ်ရင်းရဲ့ ၂/၂၀၂၄ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ…

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA၊ ၂၂၂ တပ်ရင်းရဲ့ ၂/၂၀၂၄ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၀ ရက်က လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

AA ထိန်းချုပ်နယ်မြေများအား စစ်အုပ်စု အပြင်းအထန် ထိုးစစ်ဆင်လာသဖြင့် စစ်ရေးအထူးသတိထားကြရန် AA ထုတ်ပြန်… ကျောက်ဖြူအပါ ပင်လယ်ကမ်းစပ်မြို့များတွင် စစ်အုပ်စု ထိုးစစ်အတွင်း စစ်အုပ်စုမှ ထိခိုက်သေဆုံးမှု များပြားဟု ဆို…

အာရက္ခတပ်တော် AA ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ အကြမ်းဖက်စစ်အုပ်စုက ရေကြောင်း၊ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်လာတာကြောင့် စစ်ရေးအန္တရာယ် သတိထားဖို့ AA က အောက်တိုဘာ ၁၀ ရက် မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မွန်ပြည်နယ် ကျေးရွာအုပ်စု ၁၄၀ တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ စစ်ကော်မရှင်ကြေညာ

မွန်ပြည်နယ်က ကျေးရွာအုပ်စုပေါင်း ၁၄၀ မှာ စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့မှာ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ကြေညာပါတယ်။ မွန်ပြည်နယ် (၁၀) မြို့နယ်ထဲက မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံမြို့နယ်ကလွဲရင် ကျန်တဲ့ ၇ မြို့နယ်မှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေ ကျေးရွာအုပ်စု ၁၄၀ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။