ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဌာနလုံခြုံရေးအတွက်ဆိုပြီး စစ်သင်တန်း တက်ရောက်ခိုင်းနေတယ်လို့ သိရပါတယ်။

စစ်သင်တန်းတက်ဖို့ တစ်ဌာနကို ၅ယောက် တောင်းထားပြီး စစ်တပ်ရဲ့ ညွှန်ကြားမှုနဲ့အတူ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဒီဇင်ဘာလ နောက်ဆုံးအပတ် စာရင်းအပြီးပို့ဖို့ တောင်းယူထားကြောင်း သိရပါတယ်။

“ဝန်ထမ်း ၅ယောက်တောင်းတယ်ဆိုတာ ကိုယ့်ဌာနကို ကာကွယ်ဖို့နဲ့ ရခိုင်ဒေသက စစ်ပွဲတွေဖြစ်နေပြီး ကိုယ့်မြို့နယ်အတွင်း ဝင်ရောက်လာရင် ကာကွယ်နိုင်ဖို့ လုပ်ဆောင်ရတာဖြစ်ကြောင်း ပြောတယ်” လို့ အမည်မဖော်လိုတဲ့ ဌာနဆိုင်ရာဝန်ထမ်းတစ်ယောက်က မောင်းကိုပြောပါတယ်။

“စစ်သင်တန်း တက်ရောက်ရမယ်ဆိုပြီး စာရင်းတောင်းနေတာပဲရှိသေးတယ်။ ဘယ်နေရာ ဘယ်တပ်မှာ စစ်သင်တန်းတက်ရောက်ရမယ်ဆိုတာတော့ မပါသေးဘူး။ ဌာနကတော့ အလှည့်ကျပဲ။ သင်တန်းတက်ခိုင်းမှာလား မဲဖောက်ပြီးပဲ စာရင်းထဲထည့်မှာလားတော့ မသိသေးဘူး” လို့လည်း အထက်ပါဝန်ထမ်းက ဆက်ပြောပါတယ်။

ကျုံပျော်မြို့နယ်မှာ ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း အရပ်သား မော်တော်ကား ပိုင်ရှင်တွေကို အစည်းအဝေးခေါ်ယူပြီး စစ်တပ်က ယူသုံးဖို့မတွက် နေ့စဉ် ကား ၂ စီး အဆင်သင့်လုပ်ထား ညွှန်ကြားခဲ့ကြောင်းလည်း ဒေသခံတွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

ဝမ်းတွင်းမှာ ကင်းလှည့်ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရ

ရန်ကုန်-မန္တလေးလမ်းဟောင်း ဝမ်းတွင်းမြို့အနီး လိန်ပင်ရွာထိပ်မှာ ဆက်ကြေးကောက်ခံနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သား ၅ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ဘေးရှောင်ပြည်သူတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဆန်နဲ့ အနွေးထည်တွေ ဝေမျှကူညီ… (ဓာတ်ပုံသတင်း)

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတစ်ခုရှိ စစ်ဘေးရှောင်စခန်း တစ်ခုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ၊ နိုင်ငံရေးဌာန ရဲဘော်တွေက ဒီဇင်ဘာ ၂၅ ရက်က သွားရောက်ပြီး ဆန်နဲ့ အနွေးထည်တွေ ဝေမျှကူညီခဲ့တယ်လို့ သိရပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသည့် အရပ်သား ၇၁ ဦး ရှိဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရတဲ့ အရပ်သားပြည်သူ ၇၁ ယောက် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက အဖြေမဟုတ်ဘူးဆိုတာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေ သဘောပေါက်ဖို့ လိုကြောင်း NUG ဝန်ကြီး ဒေါ်ဇင်မာအောင် ပြော

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ဒေသတွေမှာ အင်အားကြီးထွားလာနေတဲ့ ကျားဖြန့်လိုမျိုး လူလိမ်ဂိုဏ်း ကိစ္စတွေဟာ နိုင်ငံတွင်းသာ မဟုတ်ဘဲ ဒေသတွင်း ကိစ္စဖြစ်တာကြောင့် တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်ကောင်စီဟာ အဖြေမဟုတ်ဘူးဆိုတာကို သဘောပေါက်ဖို့ လိုတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောလိုက်ပါတယ်။ 
Read More

စစ်ကောင်စီ၏ ဘုရင့်နောင် တိုက်ခိုက်ရေးကျောင်းကို ရှော့တိုက်ဒုံးများ ပစ်ခတ်မှု သင်တန်းသား ဗိုလ်မှူးများအပါ ၇ ဦး သေဆုံးဟု ဆို

ပဲခူးတိုင်း၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့က စစ်ကောင်စီရဲ့ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးသွားတယ်လို့ Brave Warriors For Myanmar (BWM) က နောက်ဆက်တွဲ သတင်းထုတ်ပြန်လာပါတယ်။
Read More

ကမ္မမြို့နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူ အရပ်သား ၃ ဦးနှင့် တော်လှန်ရေးအဖွဲ့ဝင် ၃ ဦးကို ဖမ်းမိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်တစ်နေရာမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ Red Giant တော်လှန်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။