မြန်မာပြည်အလယ်ပိုင်းမှာ မြို့ပြအထိ အချိန်မရွေးတိုက်ပွဲတွေဖြစ်လာနိုင်ပြီး မြို့သိမ်းဆိုတဲ့ အခြေအနေအထိ ရှိလာနိုင်ကြောင်း တော်လှန်ရေးအင်အားစုတွေဘက်ကအခုရက်ပိုင်းအတွင်းပြောကြားမှု တွေများပြားလာပါတယ်။

ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အခုရက်ပိုင်းအတွင်းမြို့သိမ်းတိုက်ပွဲတွေ ဆက်တိုက်ဆင်နွဲလာချိန် မြေလတ်ဒေသနဲ့ပဲခူး အနောက်ခြမ်းဘက်မာ အခုလို မြို့သိမ်းဆိုတဲ့ စကားသံများကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

“ပြည်သူတွေအနေနဲ့ (ပဲခူး) ရိုးမ မှာရော မြို့ပေါ်မှာပါ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်လို့ ကြိုတင်ပြင်ဆင်ထားကြပါ။ မြို့သိမ်းဆိုတာမျိုးအထိ ဖြစ်သွားနိုင်တာမို့ ကြုံလာနိုင်တဲ့အခြေအနေကို မျက်ခြေမပြတ်ဖို့ လိုပါတယ်” 

သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက သတင်းမီဒီယာအချို့ကိုပြောကြားခဲ့ပါတယ်။

ထိုနည်းတူ အညာက PDF တပ်ဖွဲ့၀င်အများစုကလည်း ပြည်သူတွေအနေနဲ့ သတိထားသွားလာဖို့   ထုတ်ဖော်ပြောကြားထားပြီး ချိန်သားကိုက်စစ်ဆင်ရေးဖော်ဆောင်မှုတွေလည်း ရှိနိုင်ကြောင်း ပြောကြားထားပါတယ်။

တိုက်ပွဲတွေ ဖြစ်ပေါ်လာနိုင်လို့ ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးပေါ်မှာ မလိုအပ်ဘဲ ခရီးမသွားကြဖို့၊ ည အချိန်မတော် မထွက်ကြဖို့၊ တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း ရှေ့ဆက်တိုးပြီး မမောင်းနှင်ဘဲ နီးစပ်ရာ လုံခြုံတဲ့ နေရာတွေမှာ နေထိုင်ကြဖို့ အသိပေးတိုက်တွန်းပြောကြားမှုတွေ ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းက မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း – Natogyi People Defense Force နဲ့ မြင်းခြံခရိုင် အမှတ် -၁၀ တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့စဉ်

ထူးခြားတဲ့ လှုပ်ရှားမှုတစ်ရပ်ကတော့ နွားထိုးကြီး PDF တပ်ဖွဲ့၀င်တွေ အမြန်လမ်းပေါ်အထိရောက်လာကာ ခရီးသွားပြည်သူတွေနဲ့တွေ့ဆုံစကားပြောပြီး နယ်မြေစိုးမိုးမှုကိုပြသနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၃၁၇) နားက ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် အမှတ် (၄)၊ အမှတ် (၁၀) တပ်ရင်း၊ နဲ့ ရှာထူးဝေါ ဒရုန်းအဖွဲ့တို့ ပူးပေါင်းပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ညနေ (၃) နာရီ အချိန်မှာ တိုက်ခိုက်ခဲ့ပါတယ်။ 

ဒါ့ကြောင့်တိုက်ပွဲတွေဟာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ အမြန်လမ်းပေါ်အထိ ရောက်ရှိလာခြင်းလည်းဖြစ်ပါတယ်။

၁နာရီကျော်ကြာမြင့်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ကူတွေရောက်ရှိလာလို့သာ တော်လှန်ရေးအင်အားစုတွေဘက်က နောက်ပြန်ဆုတ်ပေးခဲ့ရပြီး စခန်းကိုလက်ရသိမ်းဆည်းနိုင်တဲ့အခြေအနေအထိ နီးစပ်မှုရှိခဲ့တာပါ။

 တစ်ဆက်တည်းမှာပဲ နိုင်ငံတွင်းမှာရှိတဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ တခြား လမ်းပိုင်းတွေပေါ်မှာ စိုးမိုးထားမှု၊ တိုက်ခိုက်မှုတွေ မြင့်တက်နေပါတယ်။ 

တပ်မ (၃၃) က ထွက်လာတဲ့ စစ်ယာဉ်တန်းကို မုံရွာ-မန္တလေးလမ်းပိုင်း မအူဂိတ်အနားမှာ တိုက်ခိုက်မှု အတွင်း စစ်ကား (၁) စီး ပျက်စီးသွားပြီး ရန်သူ့တပ်သား (၅) ဦး ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ 

မြင်းမူ မြို့နယ်၊ ချောင်းဦး မြို့နယ်၊ မုံရွာ မြို့နယ်တွေမှာလဲ ရန်သူ့ စစ်ကြောင်းကို အဆင့်ဆင့် မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း ရန်သူ့ စစ်သား (၈) ဦး သေဆုံးသွားခဲ့ပါတယ်။

ဒါတွေဟာထင်သာမြင်သာတဲ့ နယ်မြေစိုးမိုးထိန်းချုပ်တိုက်ခိုက်မှုတွေပဲဖြစ်ပါတယ်။

တိုက်ပွဲတွေ ဖြစ်ပေါ်လာနိုင်လို့ ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးပေါ်မှာ မလိုအပ်ဘဲ ခရီးမသွားကြဖို့၊ ည အချိန်မတော် မထွက်ကြဖို့၊ တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်း ရှေ့ဆက်တိုးပြီး မမောင်းနှင်ဘဲ နီးစပ်ရာ လုံခြုံတဲ့ နေရာတွေမှာ နေထိုင်ကြဖို့ အသိပေးတိုက်တွန်းပြောကြားမှုတွေ ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းက မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း – Natogyi People Defense Force နဲ့ မြင်းခြံခရိုင် အမှတ် -၁၀ တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့စဉ်

NUG ရဲ့ယာယီသမတပြောကြားမှုမှာလည်း လားရှိုးနဲ့ အမ်းလို စစ်ဌာနချုပ်တွေ ထပ်မံလက်လွှတ်ရမယ့်အခြေအနေတွေရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ တော်လှန်ရေးတပ်ဖွဲ့တွေဟာ မြို့ပေါင်း ၉၀ လောက်ကို စတင်ထိန်းချုပ်ထားပြီဖြစ်ကာ စစ်ကောင်စီက နိုင်ငံရဲ့ နေရာအနည်းငယ်သာ ထိန်းချုပ်နိုင်ပါတော့တယ်။

ရခိုင်ပြည်နယ်မှာ စစ်ရေးအရရှံုးနိမ့်နေတဲ့ စစ်ကောင်စီကတော့ ပြန်လည်အင်အားဖြည့်ပြီး AA ကိုတိုက်ခိုက်ဖို့ စီစဉ်နေစဉ်မှာပဲ မြန်မာပြည်အလယ်ပိုင်းနဲ့ ပဲခူးအနောက်ခြမ်းကို စစ်ကောင်စီဘက်က အင်အားလျှော့လို့မရဘူးဆိုတာ လက်ရှိတိုက်ပွဲတွေကပေါ်လွင်လျက်ရှိပါတယ်။

ကရင်ပြည်နယ်၊ ကရင်နီ နဲ့ကချင်ပြည်နယ်မှာလည်း စစ်မျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီအနေနဲ့ ဆုံးရှုံးနယ်မြေတွေကို ပြန်လည် ရရှိဖို့ အားစိုက်လုပ်ဆောင်မှုတွေလည်းရှိနေပါတယ်။

ဒါ့ကြောင့် ဆုံးရှုံး နယ်မြေတွေကို ပြန်လည် ရရှိဖို့ကြိုးစားနေစဉ်မှာပဲ ထပ်မံပြီး စစ်ကောင်စီဘက်ကနယ်မြေတွေ ထပ်မံဆုံးရှုံးမယ့် အလားအလာတွေလည်း ဖြစ်ပေါ်နေပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာ့ငလျင်ဘေး ကူညီရေးမှာ အမေရိကန်ရဲ့နေရာလွတ်ကို အာဆီယံက ဖြည့်နိုင်မလား

မြန်မာနိုင်ငံက အသေအပျောက်များခဲ့တဲ့ ငလျင်ဟာ နိုင်ငံခြားအကူအညီပေးရေးကိစ္စတွေကနေ နောက်ဆုတ်သွားခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နေရာလွတ်ကို ဖွင့်ပြလိုက်တာဖြစ်ပြီး တရုတ်လို အင်အားကြီးနိုင်ငံတွေက လူသားချင်းစာနာမှု တုံ့ပြန်ရေးကိစ္စတွေမှာ ၎င်းတို့ရဲ့ ကိုယ်ကျိုးအတွက် ပုံဖော်တာမျိူးမလုပ်ခင်၊ အာဆီယံအနေနဲ့ ဒေသတွင်းမှာ ရဲရဲတင်းတင်း ဦးဆောင်ဖို့ သတိပေးလှုံ့ဆော်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။
Read More

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲအပေါ် ပြင်သစ်အစိုးရ ကန့်ကွက်၊ နိုင်ကျဉ်းများ လွှတ်ပေးရန်နှင့်  အကြမ်းဖက်မှုများ ရပ်တန့်ရန် တောင်းဆို

ပြင်သစ်အစိုးရက မြန်မာစစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှုနဲ့ အားလုံးပါဝင်မှုဆိုင်ရာ စံချိန်စံနှုန်းတွေနဲ့ မကိုက်ညီနေကြောင်း မနေ့က နိုဝင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်တဲ့  "၂၀၂၀ ပြည့်နှစ် မြန်မာ့အထွေထွေရွေးကောက်ပွဲ၊ ပဥ္စမမြောက် နှစ်ပတ်လည်နေ့" ဆိုင်ရာ ကြေညာချက်မှာ ထည့်သွင်းပြောဆိုပါတယ်။
Read More

ကြိုတင်အချိန်ယူ ပြင်ဆင်ခဲ့တာကြောင့် စွယ်တော်ကုန်း စခန်းသိမ်းတိုက်ပွဲမှာ အောင်ပွဲဆင်နိုင်ခဲ့၊ ဒီစခန်းသိမ်းပွဲဟာ ချိုမြိန်တဲ့ လက်စားချေမှု ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေ ပြော

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့အနီးက စစ်ကောင်စီရဲ့ စွယ်တော်ကုန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်မှုဟာ ပြည်သူတွေကို နှစ်ပေါင်းများစွာ ဒုက္ခပေးနေတဲ့ စခန်းကို အောင်နိုင်ခဲ့တာဖြစ်လို့ ချိုမြိန်တဲ့ လက်စားချေမှုတစ်ခုဖြစ်တယ်လို့ တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
Read More

မင်းအောင်လှိုင် ဦးဆောင်တဲ့ ‘မုန့်ဟင်းခါး တပ်မတော်မှသည် ခေါက်ဆွဲကြော် တပ်မတော်ဆီ’

အာဏာသိမ်းစစ်ကောင်စီဟာ စစ်ကောင်စီတပ်ရင်းတွေအနေနဲ့ ရှေ့တန်း စစ်စခန်းနဲ့ နောက်တန်းဌာနချုပ်တွေမှာ စတုဒီသာ ကျွေးရင် ခေါက်ဆွဲကြော်ကိုသာ ကျွေးမွေးဖို့ ညွှန်ကြားလာကြောင်း စစ်ကောင်စီတပ်တွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မြန်မာ့ပြည်တွင်းစစ်ထဲမှာ သမိုင်းဝင်အမွေအနှစ်တွေ ဘယ်လို ဖျက်ဆီးခံနေရသလဲ

ပဋိပက္ခကာလ ငါးနှစ်နီးပါးရှိလာတဲ့အလျောက် ဒီပဋိပက္ခကြီးဟာ တိုင်းပြည်အနှံ့မှာရှိတဲ့ အဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင် အမွေအနှစ်နေရာတွေကို ထိခိုက်မှုများစွာ ဖြစ်လာစေပါတယ်။