ကရင်နီပြည်၊ မိုးဗြဲမြို့ ရှေ့တန်းစစ်မြေပြင်မှာ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – နေပြည်တော်ရဲ့ တိုက်ခိုက်ရေးရဲဘော်ရဲဘက်တွေဆီကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ – နေပြည်တော် တိုင်းတာဝန်ခံနဲ့ ဦးဆောင်အဖွဲ့က သွားရောက်တွေ့ဆုံအားပေးပြီး မဟာမိတ်အဖွဲ့တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေအကြောင်း ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ နေပြည်တော် ပကဖ က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

မုန်တိုင်းဒဏ်ကို အံတုပြီး ခြေလျင်ခရီး ၆ ရက်ကြာ စစ်ကြောင်းချီခဲ့တဲ့ 96 Soldiers PDF ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ 96 Soldiers PDF က ရဲဘော်တွေဟာ မုန်တိုင်းဒဏ်ကို အံတုပြီး ခြေလျင်ခရီးနဲ့ ၆ ရက်ကြာ စစ်ကြောင်းချီခဲ့ရတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဘားအံ ဂေါက်ကွင်းမှာ စစ်ကောင်စီ ခေါင်းဆောင်အချင်းချင်း လုပ်ပိုင်ခွင့်ကိစ္စပြောဆိုရင်း ထိုးကြိတ်မှု ဖြစ်ပွါးခဲ့

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တောင်ကလေး ဂေါက်ကွင်းမှာ ဂေါက်ရိုက်နေတဲ့ အရှေ့တောင်ပိုင်းတိုင်း ဒုတိုင်းမှူးနဲ့ စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ်တို့ လုပ်ပိုင်ခွင့် အငြင်းပွါးရင်း ထိုးကြိတ်မှု ဖြစ်ခဲ့တယ်လို့ ဂေါက်ကွင်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ရွေးကောက်ပွဲ ပူးပေါင်းပါဝင်ရန် စစ်ကောင်စီ၏ဖိတ်ခေါ်မှု စစ်အာဏာရှင် အမြစ်ဖြတ် တော်လှန်ရေးကို အာရုံလွှဲနိုင်ပါ့မလား

စစ်ကောင်စီဟာ သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက်လို့ ယူဆထားတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လုံးပမ်းနေပြီး အဆိုပါ အတုအယောင် ဟန်ပြရွေးကောက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ပါဝင်လာဖို့ ကမ်းလှမ်းကြောင်း ပြောဆိုထားပါတယ်။
Read More

တော်လှန်ရေး ကြာမြင့်လာသည်နှင့်အမျှ လုပ်ဆောင်မှုတိုင်းက ချက်ချင်းမြင်သာသည့် အကျိုးရလဒ်များ ဖော်ပြနိုင်ရန် လိုအပ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် ပြော

အကြမ်းဖက်စစ်အာဏာရှင်ကို တော်လှန်နေတဲ့ နွေဦးတော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ လုပ်ဆောင်မှုတိုင်းဟာ ချက်ချင်း မြင်သာတဲ့ အကျိုးရလဒ်တွေ ဖော်ပြနိုင်ဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။
Read More

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ဦးအထိ ရှိလာ

ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ယောက်အထိရှိလာပြီလို့ ဒေသခံတွေနဲ့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာတွင် အကြမ်းဖက်စစ်တပ်မှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ နေအိမ် (၂) လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာမှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၂) လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။