စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ မိုင်းရှင်းဖို့ အိမ်စီးကား ၃ စီးနဲ့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၂ ယောက်သေကာ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Taw Twin Tup Pee Local အဖွဲ့ထံက သိရပါတယ်။

ဒီဇင်ဘာ ၂၃ ရက် နေ့လည်ပိုင်းက စစ်ကိုင်းမြို့ တပ်မ ၃၃ က ထွက်လာတဲ့ သံပြားကာယာဉ် ၆ စီးကို ပြည်ထောင်စုတိုင်းရင်းသား စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်အနီး ရေမျက်လမ်းဆုံမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာက စတင်ပြီး မိုင်းရှင်းဖို့ အိမ်စီးကား ၃ စီးနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေနဲ့ တော်လှန်ရေးရဲဘော် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ၂ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၂ ယောက်သေကာ ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် လက်နက်ကောက်ဖို့ ကြိုးစားတဲ့ ပြည်သူ့ရဲဘော်ကို ယာဉ်ဘေးမှာ ဝပ်နေတဲ့ အကြမ်းဖက်စစ်သားက ပစ်ခတ်တဲ့အတွက်  ဦးခေါင်းကျည်ထိမှန်ကာ ကျဆုံးခဲ့ရပြီး အခြား ရဲဘော် ၂ ယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖရဲသီးသတင်းပေးချက်အရ သေဆုံးတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားထဲမှာ တပ်မ ၃၃ နှစ်ပွင့်ဗိုလ်နဲ့ ရွာထောင်ပျူစောထီး ခေါင်းဆောင်တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို စစ်ကိုင်းမြို့နယ်ပကဖ Taw Twin Tup Pee Local၊ စစ်ကိုင်းမြို့နယ် ပကဖ မှောင်မဲအဖွဲ့၊ Generation Z Power၊ BRAနဲ့  @Phoe Nix (SGG) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင် ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကွမ်းဆိပ်ကျေးရွာ စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းအား တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို KNLA Nighthawks ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

သေ့ဘောဘိုးစခန်းကို စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်း ဘယ်လိုတိုက်ခိုက်ခံခဲ့ရလဲ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် သေ့ဘောဘိုးစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNLA မဟာမိတ်ပူးပေါင်းတပ်တွေ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ အယောက် ၃၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ပလမြို့အတွင်းရှိ ရပ်ကွက်များကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

တနင်္သာရီတိုင်း ပလမြို့အမှတ် (၁)ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်နဲ့ အမှတ်(၄) ဆားဖိုဆိပ်ရပ်ကွက်တွေကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးတဲ့အတွက် နေအိမ်အများအပြား ပျက်စီးခဲ့ရတယ်လို့ ပုလော ပကဖ မှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

ရိက္ခာပို့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီး ကြဲချတိုက်ခိုက်၊ စစ်သား ၆ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်အခြေစိုက် ခလရ ၇၃ ကနေ သပြေညွန့်စခန်းကို ရိက္ခာလာပို့တဲ့ အကြမ်း ဖက်စစ်တပ်စစ်ကြောင်းကို ဧပြီ ၂၈ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ယောနသံဒရုန်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ထိုင်း LGBT အလှမယ် တောင်းဆို (ရုပ်/သံ)

ထိုင်းနိုင်ငံ ပတ္တယားမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ LGBT အလှမယ်ပြိုင်ပွဲမှာ အလှမယ် Chayavate Somwong က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
Read More

(၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံသို့ တက်ရောက်နေသည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဝင်းမြတ်အေးမှ ပြည်သူသို့ တင်ပြချက်‌ (ရုပ်/သံ)

"ကျနော်တို့ CRPH ကို နိုင်ငံတကာပါလီမန်တွေကနေပြီးတော့ မြန်မာနိုင်ငံရဲ့ တရားဝင်လွှတ်တော်အနေနဲ့ အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ ပြည်သူ့ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီးတော့ ဒီမှာ ဆွေးနွေးညှိနှိုင်းဖို့ အခွင့်အရေး ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာပါလီမန်များ ညီလာခံကို ကျေးဇူးတင်ပါတယ်။ ကျနော် တက်ရောက်ခဲ့တဲ့ အချိန်တိုင်းမှာ ပြည်သူတွေရဲ့ ဒုက္ခတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ ပြည်သူတွေအတွက် လိုအပ်ချက်တွေ၊ ဒါတွေအတွက် နိုင်ငံတကာက သိအောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ "