မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ယောက် သေဆုံးပြီး အရပ်သားပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ (၂၆) ရက် ဒီနေ့ ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ မတ္တရာမြို့နယ် ၊ ထန်းတောကုန်း တဲတိုက် ဘုန်းကြီးကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို အကြမ်းဖက်စစ်ကောင်စီ မဆင်မခြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် (၂) ယောက် အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူ (၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ Voice of Mandalay – PDF)

အကြမ်းဖက်စစ်ကောင်စီက စစ်ရှုံးလာတာနဲ့အမျှ ပြည်သူကို ပစ်မှတ်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို အကြိမ်ကြိမ် ကျူးလွန်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေအကြား မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ်နဲ့ နောင်ချိုမြို့နယ်တို့မှာ တိုက်ပွဲတွေ ဖြစ်ပွါးနေတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်မြို့လယ်ခေါင်က ကြောက်ခေတ်ကို မှောက်ပစ် (ဓာတ်ပုံသတင်း)

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီ ဒုတပ်ကြပ် ၁ ဦး ဆေးကြောင်ကာ ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်ခတ်အဆုံးစီရင်

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့မှာ ခလရ ၅၀ တပ်က ဒုတပ်ကြပ်ဂျူလိုင်ထွန်းဆိုသူ မူးယစ်ဆေးကြောင်ပြီး ကိုယ့်ကိုကိုယ် သေနတ်နဲ့ပစ်ခတ် အဆုံးစီရင်သွားကြောင်း ယောအလင်းတန်းအဖွဲ့ ထံက သိရပါတယ်။
Read More

ချင်းပြည်နယ်မှာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းမှ စစ်မှုထမ်းဆင်း စစ်သား ၁၁ ဦး သေနတ် ၈ လက်၊ ခဲယမ်းများနှင့် အလင်းဝင်လာ

ချင်းပြည်နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁၁ ယောက်က သေနတ် ၈ လက်နဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ကလေးမြို့ပြပြောက်ကျား UG အဖွဲ့ဆီက သိရပါတယ်။
Read More

ကန်နီရွာအတွင်း ပိုက်ဆံအစား သူ့တံဆိပ်တုံးပါ စက္ကူကို သုံးခိုင်းသည့် ပျူခေါင်းဆောင် လက်အောက်ငယ်သားတွေကို ရိက္ခာဖြတ်ထား

မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ်မှာ ပိုက်ဆံကို မိတ္ထူဆွဲသုံးခိုင်းတဲ့ ကန်နီရွာ ပျူစောထီးခေါင်းဆောင်ဟာ လက်အောက်ငယ်သားတွေကို ဆန်ပြုတ်တောင် နပ်မှန်အောင်မတိုက်နိုင်တော့ဘဲ ရိက္ခာ ဖြတ်တောက်ထားတယ်လို့ ဒေသတွင်း တော်လှန်ရေးရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရွှေဘိုခရိုင် အမှတ် (၂၆) တပ်ရင်းမှ ရဲဘော် ချက်ပြား ကျဆုံး

အမှတ် (၁) စစ်ဒေသ၊ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂၆ တပ်ရင်းက ကျဆုံး ရဲဘော် ချက်ပြား (ခေါ်) ပြည့်ဖြိုးကျော်အတွက် အမိန့်ပြန်တမ်း ထုတ်ပြန်လိုက်ပါတယ်။
Read More

ကန့်ဘလူတွင် စစ်ကြောင်းဝင်စစ်အုပ်စုက အရပ်သား ၂ ဦးကို ပစ်သတ်ခဲ့၊ ကလေးငယ်နှင့် အမျိုးသမီးများအပါ အရပ်သား ၁၆ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက အရပ်သား ၂ ယောက်ကို ရွာထဲဝင်ရောက် ပစ်ခတ်သတ်ဖြတ်ရင်း ကလေးငယ်နဲ့အမျိုးသမီးတွေအပါ ၁၆ ယောက်ကို ဖမ်းဆီးခေါ်​ဆောင်သွားတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။