ဧရာဝတီတိုင်း ဖျာပုံမြို့မှာ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲအတွက် လက်မှတ်တွေ ကြိုတင်ရောင်းချထားခဲ့ပြီး အခုအခါ ဖျော်ဖြေပွဲမှာ ဖြူဖြူထွေး ပါလို့ဆိုပြီး ပွဲလက်မှတ်တွေကို ဆုတ်ဖြဲလွှင့်ပစ်တာတွေ၊ ဝယ်ပြီးသားကို ပြန်လည်ရောင်းချတာတွေ လုပ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဖြူဖြူထွေးဟာ အခုရက်ပိုင်းအတွင်း သူ့ရဲ့ ဟောင်စု ပရုတ်ဆီ ကြော်ငြာကြောင့် ပြည်သူတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့ အပြင်းအထန် ဝေဖန်မှုတွေနဲ့ ကြုံနေရတာပါ။ ပရုတ်ဆီကြော်ငြာအတွင်း ဖြူဖြူထွေးရဲ့ အဝတ်အစား ဆင်ယင်ပုံ၊ ပန်းပန်ထားပုံ၊ “ခြံစည်းရိုး” “မယ်တော်ဟောင်စု” “၇၉” စတဲ့ အသုံးအနှုန်းတွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပျက်ရယ်ပြု ပုတ်ခတ်စော်ကား​နေတယ်လို့ အားလုံးက  ကောက်ချက်ချကြပါတယ်။

အခု လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲဟာ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဖြူဖြူထွေးပါဝင်မည့် ဖျာပုံ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲ လက်မှတ်

“လွတ်လပ်ရေးအကြိုနေ့ ဖျော်ဖြေပွဲအတွက် လက်မှတ်တွေကို မယူမနေရ ပုံစံမျိုးနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ရောင်းချထားတာ။ လွတ်လပ်ရေးအကြိုဖျော်ဖြေပွဲကိုလည်း စည်ကားသိုက်မြိုက်စွာကျင်းပပဖို့ အာဏာပိုင်တွေက စီစဥ်ထားတာ။ အခု ဖြူဖြူထွေး ပါဝင်ဖျော်ဖြေမယ်ဆိုလို့ ဝန်ထမ်းတချို့က စုတ်ဖြဲပစ်သလို တခြားဒေသခံတချို့ ဝယ်ယူထားတဲ့ လက်မှတ်တွေကို လျှော့ဈေးနဲ့ ပြန်ရောင်းနေတာ” လို့ အမည်မဖော်လိုတဲ့ ဖျာပုံမြို့ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။

ပြည်သူတွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရပြီးတဲ့နောက် ဖြူဖြူထွေးအနေနဲ့ ဟောင်စု ပရုတ်ဆီ ကြော်ငြာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပုတ်ခတ်တာမျိုး မဟုတ်ကြောင်း၊ ဇာတ်ညွှန်းကလည်း သူရေးတာ မဟုတ်ကြောင်း ရှင်းပြရင်း တောင်းပန်စကား ပြောဆိုခဲ့ပေမယ့် ပြည်သူလူထုရဲ့ ဒေါသကို မပြေပျောက်စေခဲ့ပါဘူး။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝတ်စားဆင်ယင်မှုကိုတုပခဲ့သလို သရော်ခဲ့တယ်ဆိုပြီး ဝေဖန်ကန့်ကွက်မှုတွေ မြင့်တက်ခဲ့သည့် ဆေးပရုတ်ဆီ အွန်လိုင်းကြော်ငြာထဲက ဆယ်လီ ဖြူဖြူထွေး၏ သရုပ်ဆောင်မှု

အာဏာသိမ်းမှု အစောပိုင်းကာလမှာတုန်းက “၁နှစ်ပဲ အာဏာသိမ်းတာကို နင်တို့က ဘာထဖြစ်နေကြတာလဲ” ဆိုပြီးတော့လည်း ဖြူဖြူထွေးက လူမှုကွန်ရက်စာမျက်နှာမှာ မှတ်ချက်ပေးခဲ့ဖူးပါတယ်။

“အရမ်းကိုမိုက်ရိုင်းတဲ့သူ။ မအေလောက်ရှိတဲ့သူကို မိုက်ရိုင်းစော်ကားထားတာ။ သူက အခုလွတ်လပ်ရေးအကြို​ဖျော်ဖြေပွဲကိုပါ မျက်နှာ​ပြောင်တိုက်ပြီး လာဖျော်ဖြေရဲတယ်ဆိုတော့အတော်လေးကို အော့နှလုံးနာစရာကောင်းလို့ အခုလို လူတွေက ပွဲလက်မှတ်တွေကို စုတ်ဖြဲပစ်ကြတာ” လို့လည်း အထက်ပါဒေသခံက ပြောခဲ့ပါတယ်။ 

ဖြူဖြူထွေးနှင့် ကြော်ငြာဇာတ်ညွှန်းရေးသူတို့ ကြော်ငြာနှင့် ပတ်သက်၍ ပြန်လည်တောင်းပန်သည့် ရုပ်သံဗီဒီယိုမှ 
0 Shares:
You May Also Like
Read More

စစ်ဆင်ရေး ၁ နှစ်ပြည့်ချိန် မြို့ပေါင်း ၁၂ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီ အလုံးစုံချုပ်ငြိမ်းရေး လုပ်ဆောင်နေတယ်လို့ AA ထုတ်ပြန်

အမ်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်စခန်း ၈ ခုကို သိမ်းပိုက်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အပါအဝင် ကျန်ရှိတပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ ရခိုင့်တပ်တော် AA က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ငလျင်အတွက် NUG Public affairs hotline ကနေ ဝန်ဆောင်မှုပေးနေဟု အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ က NUG public affairs hotline နဲ့ ငလျင်ဘေးသင့် ပြည်သူများအတွက် ဝန်ဆောင်မှုတွေ ပြုလုပ်ပေးနေတယ်လို့ မနေ့က ဧပြီ ၄ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ စွယ်တော်ကုန်း အမြောက်စခန်းသိမ်းတိုက်ပွဲက ပြန်လာတဲ့ Venom စစ်ကြောင်းက ရဲဘော်များ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီရဲ့ စွယ်တော်ကုန်းအမြောက်တပ် စခန်းသိမ်းတိုက်ပွဲကနေ ပြန်လာတဲ့ ကော်ဘရာစစ်ကြောင်း ၂ (Venom) စစ်ကြောင်းက ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေနဲ့ ကြိုဆိုခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တရုတ်ကောင်စစ်ဝန်ရုံးချုပ် တိုက်ခိုက်ခံရမှုကို NUG က ကန့်ကွက်ရှုံ့ချ

မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံခဲ့ရမှုဖြစ်စဉ်ကို ကန့်ကွက်ရှုံ့ချတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ  NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

အင်းတော်မြို့ကို တော်လှန်ရေးတပ်တွေ အပြီးသတ် သိမ်းပိုက်

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်မှု ၈ လနီးပါး ကြာမြင့်ပြီးနောက် ဧပြီလ ၇ ရက် မနေ့ က ညပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်လိုက်ပြီလို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ကျောင်းသားပေါင်း ၉ သိန်းကျော်အတွက် ဘေးကင်းလုံခြုံရေး ကမ်ပိန်း ပြုလုပ်နေဟု ဒေါက်တာဇော်ဝေစိုး ပြော

နိုင်ငံတစ်ဝန်း ထိန်းချုပ်နယ်မြေတွေက ကျောင်းပေါင်း ၆ ထောင်ကျော်မှာရှိတဲ့ ကျောင်းသားပေါင်း ၉ သိန်းကျော်အတွက် “ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေး” ကမ်ပိန်း ပြုလုပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး က ပြောပါတယ်။