မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာတော်လှန်ရေး အင်အားစုတွေထိန်းချုပ်ထားတဲ့ ဝက်ပုတ်ရွာကို အကြမ်းဖက်စစ်အုပ်စုတွေက ဝင်ရောက်မီးရှို့ခဲ့တဲ့အတွက် နေအိမ် ၁၅လုံးမီးလောင်ပျက်စီးပြီး ဆိုင်ကယ်တွေပါ ဖျက်ဆီးခံလိုက်ရတယ်လို့ ​အညာမြေတပ်ပေါင်းစုတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၂၅ ရက်၊ မနေ့က မနက်ပိုင်းမှာ မြိုင်မြို့အနောက်တောင်ပိုင်းမှာရှိတဲ့ ဝက်ပုတ်ရွာကို မြိုင်ကပစ၊  စက်မှု (၂) က စစ်သားနဲ့ ပျူစောထီးတွေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စုတွေက နေအိမ်တွေကို မီးရှို့ရင်း ပြည်သူပိုင် ဆိုင်ကယ် ၃စီးကို ဖျက်ဆီးပြီး ၁စီးကို မီးရှို့ခဲ့ကြောင်းနဲ့ စစ်ကြောင်းဝင်လာချိန် မပြေးနိုင်ဘဲ ကျန်ရစ်နေတဲ့ သက်ကြီးပိုင်း အမျိုးသား ၂ ယောက်ကိုလည်း ရိုက်နှက်ဖမ်းဆီးကာ ၁ယောက်ကိုပဲ ပြန်လွှတ်ပေးခဲ့ကြောင်းကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက်စစ်အုပ်စုတွေ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်သလို စစ်ကောင်စီဖျက်ဆီးခဲ့တာတွေကို နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

“အစကတော့ ဝက်ပုတ်ဆိုတာ ပျူရွာပါ။ စခအထိုင်စခန်းတွေ ၊ ဘန်ကာတွေနဲ့ မြိုင်ဒေသမှာ အတော်လေးဒုက္ခပေးတာပေါ့။ အဲ့ဒါ ၈လပိုင်း၈ရက်နေ့မှာ ကျနော်တို့ အညာမြေတပ်ပေါင်းစုနဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းလိုက်တယ်။ အဲ့ကတည်းက အခုထိ ပြည်သူတွေပြန်ပြီး အခြေချနေကြတာပါ။ အခုတော့ အငြိုးနဲ့ဝင်ပြီး အလစ်မှာ မီးရှို့ဖျက်ဆီးတာပါ။ တကယ်ကတော့ ကျနော်တို့ တပ်ပေါင်းစုကို ဝင်စီးတာပါ။ ကျနော်တို့က လွတ်သွားတယ်။ ရုတ်တရက်မို့ ပြန်ခုခံချိန်မရှိခဲ့တာပါ။ စစ်ကြောင်းဝင်လာတဲ့အချိန် အဖမ်းခံရတဲ့အဘိုး၂ယောက်ကလည်း လူငယ်ဆို သေပါတယ်။ ဒါတောင် တစ်ယောက်ရိုက်နှက်လွှတ်ပြီး တစ်ယောက်ကို မြိုင်စက်မှု၂ကို ခေါ်သွားပါတယ် ” လို့ ​အညာမြေတပ်ပေါင်းစုတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ရက်နေ့က မြိုင်မြို့အနောက်တောင်ပိုင်းမှာရှိတဲ့ သရက်ကွ ပျူစောထီးရွာကို တော်လှန်ရေးတပ်ပေါင်းစုတွေ သိမ်းပြီးတဲ့နောက် အကြမ်းဖက်စစ်အုပ်စုတွေ အထိနာပြီး မြိုင် စက်မှု ၂ကို ဆုတ်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေအရ ကန်နီ၊ သရက်ကန်နဲ့ တွင်းမ ရွာ၃ရွာအပြင် မြိုင်မြို့စက်မှု၂မှာပဲ အကြမ်းဖက်စစ်အုပ်စုရှိတော့တာဖြစ်ပြီး ပြည်သူ့စစ် အားကောင်းတဲ့ ဝက်ပုတ်နဲ့ သရက်ကွ ရွာတွေကို ဒီနှစ်ထဲမှာ မြိုင်အခြေစိုက် တော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိထားတာလို့လည်း သိရပါတယ်။

ဒါ့အပြင် မြိုင်မြို့ကပ်လျက်၊ ပခုက္ကူ-​​ပေါက်ကားလမ်းပေါ်က ရေလာလေးပျူစခန်းကိုလည်း မြိုင်၊ ပခုက္ကူ၊ ကမ္မနဲ့ ပေါက်အခြေစိုက် တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

တစ်ဖက်မှာလည်း အထိနာနေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းဝင်ရောက် မီးရှို့မှုတွေကြောင့် ပခုက္ကူ၊ မြိုင်၊ ကမ္မရွာတွေက ဒေသခံထောင်နဲ့ချီဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဝက်ပုတ်ရွာ မီးရှို့ဖျက်ဆီးခံရပုံနဲ့ ဒေသခံတွေထွက်​ပြေးတိမ်းရှောင်နေရစဥ် (ဓာတ်ပုံ အညာမြေတပ်ပေါင်းစု)

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရကာ ၁၀ ယောက် သေပြီးနောက် တိုက်ပွဲနှင့် မသက်ဆိုင်သည့်ရွာကို စစ်တပ် ဗုံးကြဲဖျက်ဆီး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ စစ်ကူလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၀ ယောက် သေဆုံးခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

အမ်း-ပဒါန်းလမ်းပိုင်းအတိုင်း ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၇ ယောက်ကို CDF -Asho ဖမ်းဆီးရမိ

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ချိတ်ဆက်ထားတဲ့ အမ်း- ပဒါန်းလမ်းပိုင်းမှာ ၉ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၇ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ Chin Defense Force - Asho ရဲ့ သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပြည်သူတွေ လယ်ယာရိတ်သိမ်းဖို့ တော်လှန်ရေးရဲဘော်တွေက မိုင်းကွင်းတွေနဲ့ ကာကွယ်ပေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက ပျူရွာတွေ အနီးမှာရှိတဲ့ ပြည်သူတွေစိုက်ပျိုးထားတဲ့ လယ်ယာတွေ အဆင်ပြေပြေရိတ်သိမ်းနိုင်ဖို့ တော်လှန်ရေးရဲဘော်တွေက မိုင်းကွင်းတွေနဲ့ ကာကွယ်ပေးခဲ့တယ်လို့ ShweBo Crocodile အဖွဲ့က ထုတ်ပြန်ထားပါတယ်။ 
Read More

လက်နက်စက်ရုံ ကပစ- ၁၃ ကို ရော့တိုက်ဒုံးများနှင့် တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး အရာရှိအပါအဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိ…

အဲ့ဒီတိုက်ခိုက်မှုအတွင်း တာဝန်ကျ အရာရှိ ၃ ယောက်နဲ့ စစ်သား ၁၂ ယောက် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး အရာရှိ ၃ ယောက်ထဲက ၁ ယောက်ဟာ ဘယ်ဘက်နားရွက် ပြတ်ထွက်သွားသလို နောက်တစ်ယောက်ကတော့ ဘယ်ခြေသလုံး အစဖောက်ထွက်ပြီး ကျန်တစ်ယောက်က ကျောတစ်ပြင်လုံး မီးလောင်ဒဏ်ရာ အသီးသီး ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

MSDF ခေါင်းဆောင်များဖြစ်သည့် ဒေါက်တာ သီရိမွန်ချမ်းနှင့် နိုင်ကိုသူတို့အား ကောင်စီတာဝန်မှ ယာယီရပ်ဆိုင်းထား

အငြင်းပွားဖွယ်ရာ ပြဿနာတွေဖြစ်ခဲ့တဲ့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ရဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒေါက်တာ သီရိမွန်ချမ်းနဲ့ နိုင်ကိုသူတို့ကို ကောင်စီတာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေ တိမ်းမှောက်၊ တစ်ဦး ပျောက်ဆုံးနေ

ရန်ကုန်မြစ်အတွင်း ခရီးသည်တင်စက်လှေတစ်စီး တိမ်းမှောက်ခဲ့လို့ ၁၁ ယောက်ကို ကယ်ဆယ်ထားပြီး ၁ ယောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။