ပြည်နယ်ပုံရိပ်ကို ကျဆင်းစေတဲ့ KTV ဖွင့်တာ၊  မူးယစ်ဆေးရောင်းဝယ်သုံးစွဲတာနဲ့ စလော့ဂိမ်းဆော့တာ တွေ မပြုလုပ်ကြဖို့ ရှေ့တန်းရောက် KNDF B-06 ရဲဘော်တွေက အခုလိုပဲ တောင်းဆိုလိုက်ပါတယ်။

ရှေ့တန်းရောက် ရဲဘော်တွေဟာ ပြည်သူတွေ လွတ်လွတ်လပ်လပ်သွားလာနိုင်ဖို့၊ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနိုင်ဖို့၊ စိုက်ပျိုးမွေးမြူရေးတွေ ရောင်းဝယ်ဖောက်ကားနိုင်ဖို့နဲ့ အုပ်ချုပ်မှုတွေ လည်ပတ်နိုင်ဖို့  အသက်နဲ့ ရင်းပြီး ကာကွယ်နေကြပေမယ့် နောက်တန်းပြန်ရောက်တဲ့အချိန် မကောင်းတဲ့အရာတွေကို ကြားရတာ စိတ်ဓာတ်ကျစေတယ်လို့  KNDF B-06 ရဲဘော်တွေက ဆိုပါတယ်။ 

အဲဒါကြောင့် ပြည်နယ်ပုံရိပ် မကျစေဖို့ ပြည်သူတွေ ဝိုင်းဝန်းကူညီပေးကြဖို့ တောင်းဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းမြို့ပေါ် စည်ပင်ရုံးဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ် စည်ပင်ရုံးအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၂၅ ရက် ဒီနေ့ မနက်အစောပိုင်းမှာ လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မှော်ဘီမြို့နယ် ဝါးနက်ချောင်းစံပြရွာ အုပ်ချုပ်ရေးမှူးရုံးကို ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ရန်ကုန်တိုင်း ဝါးနက်ချောင်းစံပြရွာ အုပ်ချုပ်ရေးမှူးရုံးကို မတ်လ ၁၁ ရက် မနေ့ညပိုင်းက ၄၀ မမ ဗုံး ပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Civilian Military SRDF အဖွဲ့ထံက သိရပါတယ်။
Read More

ဒီပဲယင်းမြို့ထဲ ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်ရှင်းလင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ပေါ်မှာ အထိုင်ချတပ်စွဲပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force ထံက သိရပါတယ်။
Read More

မတ္တရာမြို့နယ် စကျင်ရွာအတွင်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးပေါက်ကွဲပြီး ကလေးငယ် ၁ ယောက် အပါ ပြည်သူ ၃ ယောက် သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း မတ္တရာမြို့နယ် စကျင်ရွာအတွင်း ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက တုန်ကုန်းရွာ အနောက်ဘက် ယမ်းကုန်းအုတ်စက်က အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၁ ယောက်အပါအဝင် အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် စုစုပေါင်း ၃ ယောက် သေဆုံးခဲ့ရတယ်လို့ Wetlet Informational Network ထံက သိရပါတယ်။
Read More

တနင်္သာရီမြို့နယ် ခမရ ၅၅၈ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီမြို့နယ်ရှိ  အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခမရ ၅၅၈ တပ်ရင်းကို မတ်လ ၁ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲ ရုပ်သံမှတ်တမ်း PLA ထပ်မံထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ (၂) ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။