၃ လတာအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၆၀ ကျော် သေဆုံးခဲ့ရတယ်လို့  နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အသိပေး ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကနေ ဒီဇင်ဘာလ ၂၅ ရက်နေ့အထိ မြေပြင်ကနေ ရရှိလာတဲ့ စာရင်းတွေအရ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့်  နိုင်ငံတစ်ဝန်း ၁၆၃ ယောက် သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတစ်ဝန်း တစ်လကို လူ ၅၀ ကျော် သေဆုံးနေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေကို အခုကာလအတွင်း ပိုမိုအင်အားသုံး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိနေပါတယ်။

လတ်တလောမှာ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ အများဆုံး ပြုလုပ်နေပြီး အရပ်သားဆုံးရှုံးထိခိုက်မှုတွေလည်း မြင့်တက်လျက်ရှိပါတယ်။

ထုတ်ပြန်ချက် အနှစ်ချုပ်
ထုတ်ပြန်ချက် အနှစ်ချုပ်

လေကြောင်းတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က တိုက်လေယာဉ်တွေ အသုံးပြုခြင်းအပြင် တရုတ်နိုင်ငံထုတ် ဒရုန်းတွေကို ပိုမိုအသုံးပြုလာတယ်လို့လည်း သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံထုတ်ဒရုန်းတွေကို တိုက်ခိုက်ရေးမှာ ပိုမိုအသုံးပြုလာတယ်လို့ သိရပါတယ်။

လက်ရှိ KIA နဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ဗန်းမော်မြို့မှာလည်း စစ်ကောင်စီက ဒရုန်းတွေကို တိုက်ခိုက်ရေးနဲ့ ကင်းထောက်မှုတွေအတွက် အဓိက အသုံးပြုနေတယ်လို့ သိရပါတယ်။ ညီနောင် မဟာမိတ်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်ဒေသမှာတော့ ဒီဇင်ဘာလအတွင်းလေကြောင်းတိုက်ခိုက်မှုတွေ အနည်းငယ်လျော့နည်းသွားတယ်လို့ သိရပါတယ်။

တစ်ဖက်မှာတော့ အညာဒေသနဲ့ ကရင်နီဒေသတွေမှာ စစ်ကောင်စီဘက်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမို မြင့်တက်လာခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားနိုင်တဲ့ ဒေသတချို့မှာ ပြည်သူတွေကို ပြန်လည်နေထိုင်ခွင့် မပြုသေးပါဘူး။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံ AVIC လုပ်ငန်းစုကနေ ဝယ်ယူထားတဲ့ တိုက်ခိုက်ရေးနဲ့ ထောက်ပို့လေယာဉ် ၈စီးကို တပ်တော်ဝင်ခဲ့ပြီး နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေကို တိုးမြှင့်ဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

ပွင့်ဖြူ PDF ၊ ပွင့်ဖြူ ပကဖ နဲ့ Yenanthar Youth Force တို့ရဲ့ စုပေါင်းကထိန် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း (ပွင့်ဖြူ PDF) ၊ Yenanthar Youth Force နဲ့ ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး စုပေါင်းကထိန်ပြုလုပ်ခဲ့တယ်လို့ ပွင့်ဖြူ PDF က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မင်းအောင်လှိုင် (သို့) အရှေ့တောင်အာရှရဲ့ ပထမဆုံး ICC ဝရမ်းပြေး အလောင်းအလျာ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ပေးဖို့ ICC ရဲ့ အစိုးရ ရှေ့နေချုပ် Karim A.A. Khan KC က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ လျှောက်ထားလိုက်ပါတယ်။
Read More

အလွမ်းကဖီးရဲ့ ဒေါင့်လေးမှာ ဂျေညီညီ မရှိတော့ပါ

၁၉၈၀ ခုနှစ် ရေဒီယိုခေတ်တွေမှာ တချိန်ကနာမည်ကြီးခဲ့တဲ့ တေးသံရှင် ဂျေညီညီဟာ ဒီနေ့ မတ်လ ၃၁ ရက် မနက်အစောပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။
Read More

မြောက်ဦးမှာ တရားမဝင် ပြင်ပအရက်၊ ဘီယာ ရောင်းချတာတွေကို ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ (DLEPS) ဝင်ရောက်ဖမ်းဆီး 

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ မြောက်ဦးမြို့အတွင်း တရားမဝင် ပြင်ပအရက်၊ ဘီယာတွေကို အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ (DLEPS) က ဝင်ရောက်ဖမ်းဆီးနေတယ်လို့ ဒေသတွင်းသတင်းမီဒီယာဖြစ်တဲ့ Arakan Princess Media က ဖော်ပြထားပါတယ်။
Read More

မန္တလေးတိုင်းရှိ NUG စိုးမိုး‌ကျေးရွာများမှ ငလျင်ဒဏ်သင့် ပြည်သူများကို ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စိုးမိုး‌ကျေးရွာတွေမှာ ငလျင်ဒဏ်သင့် ပြည်သူတွေကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ NUG က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

Breaking News : စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစင်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပစ်ချ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာ ​အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၁ စီးကို ပစ်ချနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ထုတ်ပြန်ပါတယ်။