ကချင်ပြည်နယ်၊ မံစီမြို့က စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်စဉ် ခမရ (၃၁၉) တပ်ရင်းမှူးကို အရှင်ဖမ်းမိထားပြီး ဗျူဟာမှူးကတော့ သေဆုံးသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မံစီမြို့က စစ်ကောင်စီတပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး အရေးပါတဲ့ ပွိုင့်နေရာတစ်ခုကိုလည်း ထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ပြောပါတယ်။

မနေ့က  ဒီဇင်ဘာလ (၂၄)ရက်နေ့မှာ ခမရ (၃၁၉) တပ်ရင်းမှူး စခန်းကနေ စွန့်ခွာထွက်ပြေးစဉ် KIAပူးပေါင်းတပ်တွေက အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ 

တဆက်တည်းမှာပဲ KIA ဟာ ဗန်းမော်က နည်းပညာတက္ကသိုလ်(TU)နဲ့ ၆၄၁ စခန်းတို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး မြို့တွင်းနေရာအများစုကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။

ကျန်ရှိနေသေးတဲ့ ခလရ ၄၇ နဲ့ ၄မိုင်ရှိတပ်စခန်းတွေ၊ မန်စီက ၃၁၉ တပ်စခန်းတွေကို ဆက်လိုက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စကခ ၂၁ကိုလည်း ပိတ်ဆို့၀န်းရံ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

မံစီမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ငြိမ်းချမ်း သေဆုံးသွားတဲ့ ဖြစ်စဉ်ကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရန် ချန်နယ်တွေမှာ ဖော်ပြထားကြပါတယ်။ 

ဗန်းမော်မြို့ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်ပွါးနေပြီး ရဲစခန်း၊ ထွေအုပ်ရုံး၊ ကန်ဦးကျောင်းအနီးမှာပါ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂မိုင် လေယာဉ်ကွင်း ဝန်းကျင်နဲ့ စကခ (၂၁) ဝန်းကျင်မှာလည်း တိုက်ပွဲတွေ ဆက်ရှိနေပြီး ခလရ(၄၇) တပ်ရင်းအနီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ 

နှစ်ဘက်တပ်တွေ တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူတာတွေ ရှိနေပြီး တိုက်ပွဲအတွင်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့်သာမက လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပါ ဗန်းမော်မြို့ပေါ်က လူနေအိမ်တွေလည်း ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။

KIA ဘက်ကတော့ မံစီနဲ့ ဗန်းမော်တိုက်ပွဲအခြေအနေတွေကို တရားဝင် ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

အောက်တိုဘာလ ပထမပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုမှ အလင်းဝင်လာသူ ၁၅ ဦး ရှိ၊ ၄၀ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ

အောက်တိုဘာလ ပထမပတ်အတွင်း အကြမ်းဖက်စစ်အုပ်စုကို စွန့်ခွာကာ အလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲ ၁၅ ယောက် ရှိပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူ အယောက် ၄၀ ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မှာ စစ်တပ် ဂျက်ဖိုက်တာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ(၉) ယောက် သေဆုံးပြီး ကလေးငယ် ၁ ယောက်အပါ ဒေသခံ ၁၃ ယောက် ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၉) ယောက် သေဆုံးပြီး ကလေးငယ် ၁ ယောက် အပါအဝင် ဒေသခံ (၁၃) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က တပ်သား ၁ ယောက် လက်နက်နဲ့အတူ ထားဝယ်ခရိုင်တပ်ရင်း(၂) ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်အတွင်းက စစ်ကောင်စီတပ်သား တစ်ယောက်က လက်နက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့ (Nway Oo Guerrilla Force) က ထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမောက်တွင် စစ်ကောင်စီလက်အောက်ခံ SNA တပ်ဖွဲ့၏ ကာကင်းစခန်းကို PDF ဝင်ရောက်တိုက်ခိုက်၊ SNA ၃ ဦး ထက်မနည်း သေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ SNA တပ်ဖွဲ့ဝင်တွေရဲ့ ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရင်း တော်လှန်ရေး ရဲဘော်၁ယောက် ကျဆုံးခဲ့ကြောင်း ကသာခရိုင် အမှတ် (၄) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

KNDF ၁၀၂ တပ်ရင်းမှ ရဲဘော်တစ်ဦး ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့…

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သိမ်းစစ်ဆင်ရေးအတွင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ၊ ဗျူဟာအမှတ် ( ၉ ) ၊ ၁၀၂ တပ်ရင်းက ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ်ကို တော်လှန်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော်ရဲ့ အရိုးပြာကို ကဝမြို့နယ် ပကဖ ဂူသွင်းပြီး အလံတစ်ဝက်ချ အလေးပြု

ပဲခူးတိုင်းအခြေစိုက် ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် ရဲဘော်ဗထူးရဲ့ အရိုးပြာကို ဂူသွင်းခြင်း၊ အမိန့်ပြန်တမ်းဖတ်ကြားခြင်း၊ အလံတစ်ဝက်ချ ဂုဏ်ပြုအလေးပြုခြင်း၊ ချီတက်အလေးပြုခြင်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။