တပ်မတော်(ရေ)ကို  သုံးဖက်မြင် စစ်ဆင်ရေးတွေလုပ်ဆောင်နိုင်တဲ့ တိုက်ပွဲဝင်အသင့် ရေတပ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

တစ်နိုင်ငံလုံးမှာ စစ်ရေးအရရှုံးနိမ့်နေတဲ့မင်းအောင်လှိုင်ဟာ  တပ်မတော်ရေဟာ ပင်လယ်ပြင်ကို ကာကွယ်နိုင်တဲ့ (Three Dimensional Combat Ready Navy) အဖြစ်ကို ရောက်ရှိနေပြီလို့ ဒီဇင်ဘာ ၂၄ ရက်က  (၇၇) နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အခမ်းအနားမှာ အမွှမ်းတင်ပြောကြားလိုက်တာပါ။

မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များကို  ဖြန့်ကျက်နိုင်စွမ်းရှိတဲ့ရေတပ် (Adjacent Force Projection Navy / Regional Navy) အဖြစ် တက်လှမ်းနိုင်ရေးအတွက်လည်း ကြိုးစားရမယ်လို့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ မင်းအောင်လှိုင်က သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

(၇၇)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့တဲ့ အကြမ်းဖက် မင်းအောင်လှိုင်

စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်အတွင်း အကြီးမားဆုံး ရေတပ်ဌာနချုပ်တွေထဲက တစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်၊ သံတွဲမြို့က မောင်ရွှေလေး ရေတပ်စခန်းကိုလည်း လက်လွှတ် ဆုံးရှုံး ထားရတာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ စစ်ရေးအသုံးစရိတ်တွေကို တိုးမြှင့်ကာ မနေ့က ပြုလုပ်တဲ့ရေတပ် နှစ်ပတ်လည် အခမ်းအနားမှာ (၁၃၅) မီတာဖရီဂိတ် သာလွန်မင်းစစ်ရေယာဉ်ကို သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာနချုပ်တွင် ရေချခြင်းပြုလုပ်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံရဲ့ ပင်လယ်ပြင်နယ်စပ်တစ်လျှောက်မှာလည်း စစ်ကောင်စီကနယ်မြေတွေ ဆက်တိုက် လက်လွှတ်ဆုံးရှုံးထားရပြီး အာရက္ခတပ်တော် AA ကအများဆုံး နယ်စပ်ပင်လယ်ပြင် ကမ်းရိုးတမ်းတွေကို ထိန်းချုပ်ထားပါတယ်။ 

မင်းအောင်လှိုင်ဟာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နယ်၊ တပ်ရင်းဌာနချုပ်နဲ့ ဗိုလ်သင်တန်းဆင်းပွဲတွေမှာ သွားရောက်ပြီး စိတ်ဓာတ်ပျက်ပြားနေတဲ့ ၎င်းရဲ့ စစ်ကောင်စီတပ်သားတွေကို သွားရောက်ပြီး စိတ်ဓာတ်မြှင့်တင်ရေးတွေ လုပ်ဆောင်လျက်ရှိပါတယ်။

0 Shares:
You May Also Like
Read More

NUG နိုင်ငံခြားရေးဝန်ကြီးက ၇၅ နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားနေ့ စိန်ရတုအထိမ်းအမှတ် သဝဏ်လွှာပေးပို့

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အောက်တိုဘာလ ၁ ရက်မှာ ကျရောက်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ၇၅ နှစ်မြောက် အမျိုးသားနေ့စိန်ရတုအထိမ်းအမှတ် သဝဏ်လွှာကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

ပင်လည်ဘူးတိုက်ပွဲကို ခိုးကြောင်ခိုးဝှက် ပို့ဆောင်ခံရသူတွေထဲက ဗိုလ်မှူး ဖြိုးကိုကိုဦး ထပ်မံသေဆုံးကြောင်း သတင်းထွက်လာပြီးနောက် တပ်အတွင်း တင်းကျပ်မှုတွေ ပိုများလာ

ပင်လည်ဘူးမြို့ကို ပို့ဆောင်ခံရတဲ့ ဂန့်ဂေါ ခလရ ၅၀ တပ်က စစ်ကောင်စီအဖွဲ့ဝင်တွေထဲ 2IC အဆင့်ရှိသူ ဗိုလ်မှူးဖြိုးကိုကိုဦး ဆေးကုသခွင့်မရတဲ့ ဒဏ်ရာနဲ့သေဆုံးသွားကြောင်း သတင်းတွေ ထွက်ပေါ်လာပြီး တပ်တွင်းတင်းကြပ်တာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ၏ စစ်ဌာနချုပ်မှာ ပြုလုပ်သည့် ၇၆ ကြိမ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ (ဓာတ်ပုံသတင်း)

ဇူလိုင်လ ၅ ရက် မနေ့က ကျရောက်တဲ့ ၇၆ ကြိမ်မြောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ (KNLA Day) ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (စစ်ဌာနချုပ်) မှာ ကျင်းပခဲ့တဲ့ပုံရိပ်တွေကို ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းတိုင်းမှာ ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၅၉ ဦး သေဆုံးခဲ့…

စစ်ကိုင်းတိုင်းအတွင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဧပြီလ ၈ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ ၅၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်း၊ ထုံးဘိုကြီးရွာအထွက်တွင် ရွာမီးရှို့လာသည့် စစ်တပ်နှင့် ကမ်းနီကြားဒေသကာကွယ်ရေးတပ် တိုက်ပွဲဖြစ်၊ စစ်ကောင်စီ အထိနာပြီး အရပ်သားများကို ဖမ်းဆီးရင်း စျေးဆိုင်နှင့် နေအိမ်များကို ဖျက်ဆီးသွား

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ အရပ်သားနေအိမ်တွေနဲ့ ခရစ်ယာန်ဘာသာရေးကျောင်း‌ဆောင်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်တွေ အထိနာပြီး ဆုတ်ခွာသွားတယ်လို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သိမ်းငှက်စစ်ဆင်ရေးအတွင်း စစ်မှုထမ်းတပ်သား ၁ဦး၊ ပျူ ၂ ဦးနှင့် ဆယ်အိမ်မှူး ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင် အလင်းဝင်ရောက်ခဲ့

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာ တော်လှန်ရေးတပ်တွေ "သိမ်းငှက်စစ်ဆင်ရေး" လုပ်ဆောင်နေချိန်အတွင်း စစ်မှုထမ်းတပ်သားနဲ့ ပျူစောထီးတွေအပါ လူ ၄ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး အလင်းဝင်ခိုလှုံလာခဲ့တယ်လို့ မော်လိုက်တော်လှန်ရေးအင်အားစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။