ချင်းပြည် (Chinland) ၊  Siyin ဒေသမှာ စီးပွားရေးသမားတွေရဲ့ သွေးထိုးမှုနဲ့ စိုက်ပျိုးထားတဲ့ ဘိန်းခင်းတွေကို ဒီဇင်ဘာလ ၁၉ရက်နေ့က  ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း CDF Civic Defense Militia – CDM-Siyin တပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

Siyin ဒေသမှာ စိုက်ပျိုးထားတဲ့ ဘိန်းခင်း ၃ဧကနီးပါးကို ဖျက်ဆီးခဲ့တာဖြစ်ပြီး ကျန်ရှိနေသေးတဲ့ ဘိန်းခင်းတွေကိုလည်း အလျင်းသင့်သလို တစ်ခင်းပြီးတစ်ခင်းဖျက်ဆီးသွားမယ်လို့ CDF Civic Defense Militia – CDM-Siyin ကထုတ်ပြန်ပါတယ်။

အခုလို တပ်ဖွဲ့ဝင်တွေ ဖျက်ဆီးခဲ့တဲ့ ဘိန်းခင်းတွေဟာ ဒေသခံတွေအဖို့ စားဝတ်နေရေး အခက်အခဲကြောင့် စိုက်ပျိုးထားတာမဟုတ်ဘဲ နိုင်ငံရေးမတည်ငြိမ်မှုတွေကို အခွင့်ကောင်းယူတဲ့ ကိုယ်ကျိုးရှာ စီးပွါးရေးသမားတချို့ရဲ့ သွေးထိုးအားပေးမှုကြောင့် စိုက်ပျိုးထားကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးနဲ့ ပိုက်ဆံအလွယ်တကူရတဲ့ နည်းလမ်းဟာ အနာဂတ် နောက်လာနောက်သားတွေအတွက် ဆိုးကျိုးတွေပဲ ပိုဖြစ်စေမှာမို့ အခုလို ဖျက်ဆီးခဲ့ရတာလို့လည်း CDF Civic Defense Militia – CDM-Siyin တာဝန်ရှိသူကပြောပါတယ်။

ဒါ့အပြင်  CDF Civic Defense Militia – CDM-Siyin အနေနဲ့လည်း အဖွဲ့ထိန်းချုပ်နယ်မြေထဲ ဘိန်းတိုးချဲ့စိုက်ပျိုးတာကိုလုံးဝတားမြစ်ထားကြောင်းနဲ့ အခွန်ကောက်ရင် တရားဝင်စိုက်ခွင့်ပေးမယ့်သဘော သက်ရောက်မှာစိုးတဲ့အတွက် ဘိန်းအခွန်ကောက်ခွင့်ကိုလည်း CDF  CDM-Siyin အပါအဝင် ဘယ်အဖွဲ့စည်းကိုမှ ကောက်ခွင့်မပြုကြောင်း၊ ၃နှစ်တာကာလအတွင်း ထိန်းချုပ်နယ်မြေတစ်ခုလုံး ဘိန်းစိုက််ပျိုးခြင်းကင်းစင်ရေးအတွက် ချမှတ်ထားတဲ့ စီမံကိန်းတွေအတိုင်း ဆက်ပြီးသွားမယ်လို့ ပြောထားပါတယ်။


CDF Civic Defense Militia – CDM-Siyin အဖွဲ့သားတွေ ဘိန်းခင်း ဖျက်ဆီးရှင်းလင်းနေစဥ် (ဓာတ်ပုံ CDF Civic Defense Militia – CDM-Siyin)

0 Shares:
You May Also Like
Read More

KNDF တပ်ရင်းအမှတ် (၁၄) မှ ရှေ့တန်းတာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့သည့် ရဲဘော်၏ စျာပနအခမ်းအနား

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF အမှတ် (၁၄) တပ်ရင်းမှာ တာဝန် ထမ်းဆောင်နေရင်း ကျဆုံးခဲ့တဲ့ ရဲဘော် ချမ်းမြေ့အောင်ရဲ့ စျာပနမှာ အလေးပြုခြင်းနဲ့ သေနတ်ပစ်ဖောက်ဂုဏ်ပြုခြင်း ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူတွင် စစ်ကြောင်းဝင်ရောက်နေသည့် ၁၃ရက်အတွင်း အရပ်သား ၂၀ နီးပါး သတ်ဖြတ်ခံထားရ၊ ၄၀ ကျော် ဖမ်းဆီးခံထားရ… မြစ်ကြီးနား-မန္တလေးဗျူဟာလမ်းပိုင်းက ကျေးရွာများလည်း နေအိမ် ၅၀၀​ ကျော် မီးရှို့ဖျက်ဆီးခံရ…

"စစ်အုပ်စုက သူတို့ ထွက်ပြီဆိုတာနဲ့ ရွာတွေကို မီးတိုက်ထားခဲ့တယ်။ အဲ့မှာ အိမ်တွေထဲက မီးလောင်ထားတဲ့အလောင်းတွေ တွေ့ရတယ်။ သူတို့မသတ် ဘယ်သူသတ်မလဲ။ သူတို့က ပျူစောထီးမဖွဲ့နိုင်တဲ့ ရွာတွေဆို ရန်သူလို့ပဲ သတ်မှတ်ထားတာပါ။ ဒီတော့ ရွာတွေထဲ ဝင်ပြီဆို မဲမဲမြင်ရာ အကုန်သတ်ပါတယ်။" လို့ ကန့်ဘလူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကော့သောင်းခရိုင် ကျေးရွာတွေထဲ စစ်တပ် စစ်ကြောင်းထိုး မီးရှို့ပြီး အရပ်သားတွေကို အကြောင်းမဲ့ဖမ်းဆီးထား၊ စစ်တပ်လက်ပါးစေ အုပ်ကြီး ၁ယောက်ကို ကော့သောင်းပကဖ အိမ်ထဲအထိ ဝင်ရောက်ရှင်းလင်း

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်မှာ စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ကာ အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရေတာရှည်တွင် မဲရုံနှင့် စစ်တပ်စခန်းများ တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက မဲရုံနေရာကို ပြောင်းရွှေ့ စစ်အုပ်စုက သေဆုံးသွားသည့် ၄င်းတို့၏စစ်သားအလောင်းများကို ဖြစ်သလိုမီးရှို့ပြီး စစ်တောင်းမြစ်ထဲကို မျှော

"စစ်တပ်က သေဆုံးအလောင်းတွေကို စစ်တောင်းမြစ်ထဲမျောတယ်။ မီးရှို့လိုက်တာတွေ ရှိပါတယ်။ လောလောဆယ်တော့ ရေထဲမျောနေတာ ၁လောင်းတွေ့တယ်။ လွှင့်ပစ်လိုက်တာနဲ့တူတယ်" လို့ နေပြည်တော် PDFတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်မှုထမ်းမဲပေါက်လို့ စစ်တပ်ထဲ ဝင်ခဲ့ရသည့် တပ်သား ၃ ဦး ထွက်ပြေးလွတ်မြောက်လာ

ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ နေထိုင်တဲ့ အမျိုးသား ၃ ယောက်ဟာ စစ်မှုထမ်းအတွက် မဲပေါက်ပြီး စစ်တပ်ထဲ ပို့ဆောင်ခံခဲ့ရပေမယ့် အခုတော့ ပြန်လည် ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။
Read More

ဗန်းမော်သို့ စစ်ကူသွားသည့် စစ်ကောင်စီရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ၊ ၁ စီး ပျက်ကျပြီး ကျန် ၁စီး ထိမှန်ကာ အရေးပေါ် ဆင်းသက်ခဲ့ရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၂ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပစ်ချခဲ့ရာ ၁ စီး ပျက်ကျသွားပြီးနောက် ၁ စီးလည်း ထိမှန်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။