မြန်မာနိုင်ငံမှာ LNG ဆိပ်ကမ်း တည်ဆောက်ကာ သဘာဝဓာတ်ငွေ့တွေ ထုတ်ယူပြီး စစ်ကောင်စီက တရုတ်နိုင်ငံကို တင်ပို့ဖို့ စီစဉ်နေတယ်လို့  စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။

စီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်ခြင်းတွေကို စတင်နိုင်ရေးအတွက် စစ်ကောင်စီ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ဒီဇင်ဘာ ၂၃ ရက်နေ့မှာ SEAOP-SEAGP ကုမ္ပဏီဥက္ကဋ္ဌနဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ ကူမင်းမြို့ကို ဆက်သွယ်ထားပြီးဖြစ်တဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ချုံချင့်မြို့အထိ ဓာတ်ငွေ့ပို့လွှတ်နိုင်ရေးအတွက် ပိုက်လိုင်းအဆင့်မြှင့်တင်သွားဖို့ကိုလည်း တရုတ်ကုမ္ပဏီဘက်က  တောင်းဆိုပြောကြားထားပါတယ်။

South-East Asia Crude Oil Pipeline နှင့်Gas Pipeline ကုမ္ပဏီများ၏ဥက္ကဋ္ဌ Mr. Wang Qiang ဦးဆောင်သည့်အဖွဲ့နှင့် စစ်ကောင်စီ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်တို့ နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ရုံးခန်းတွင် ဒီဇင်ဘာ ၂၃ ရက်နေ့က တွေ့ဆုံစဉ်

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအဖြစ် ရခိုင်ပြည်၊ ကျောက်ဖြူကနေ တရုတ်နိုင်ငံ၊ ကူးမင်းမြို့ကို သဘာဝဓာတ်ငွေ့ ပို့လွှတ်နေရာက အခုအခါ ချုံချင့်မြို့အထိ ပိုက်လိုင်းတိုးချဲ့သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းကတဆင့် ရေနံစိမ်းတွေရယူပြီး ရေနံချက်စက်ရုံတွေကို အဆင့်မြှင့်တင် လည်ပတ်နိုင်ဖို့ ဆွေးနွေးမှုတချို့ပြုလုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို အာရက္ခတပ်တော်ထံ လက်လွှတ်ထားရတဲ့ စစ်ကောင်စီဟာ ကျောက်ဖြူကနေ တရုတ်ကို သဘာ၀ဓာတ်ငွေ့တွေတင်ပို့နိုင်ဖို့ စိန်ခေါ်မှုတွေနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။

လက်ရှိ စစ်ကောင်စီထိန်းချုပ်ထားနိုင်တဲ့ စစ်တွေနဲ့ ကျောက်ဖြူမြို့တွေမှာလည်း စစ်ရိပ်စစ်ငွေ့ သန်းနေပြီး AA နဲ့ အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်ခြေ  ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်၏ ရွေးကောက်ပွဲ လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲ မဟုတ်ဟု ယူကေနှင့် ဩဇီသံရုံး ထုတ်ပြန်

“ဆက်လက်ဖြစ်ပွားနေသော အကျပ်အတည်းအတွက် ငြိမ်းချမ်းသည့် အဖြေရှာဖွေရာတွင် အတားအဆီးဖြစ်မည်ကို မိမိတို့ အထူးစိုးရိမ်ပါသည်။ လက်ရှိမြန်မာနိုင်ငံရှိ အခြေအနေသည် လွတ်လပ်၍ တရားမျှတပြီး လူတိုင်းအကျုံးဝင်သည့် ရွေးကောက်ပွဲကျင်းပရန်အတွက် လိုအပ်သည့်အရာများ မပြည့်စုံနေပါဘူး” လို့ သြစတြေးလျအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Read More

ဒေါနတပ်ရင်းမှ တပ်သားသစ်များ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဒေါနတပ်ရင်းဟာ စစ်အာဏာရှင် အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးမှာ ပါဝင်ချင်တဲ့ တပ်သားသစ်တွေကို ခေါ်ယူနေပါတယ်။
Read More

၂၀၂၄ အတွင်း တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ ၃၂ နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၈၈ ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီရဲ့ တပ်ရင်း ၃ ရင်း၊ ဗျူဟာ (၁)ဗျူဟာနဲ့ ကာကင်းတပ်စခန်းငယ် (၁၁)ခုတို့ကို သိမ်းပိုက်နိုင်ခဲ့… တိုက်ပွဲတွေအတွင်း စစ်တပ်က (၄၁၃) ယောက် သေဆုံးကာ (၃၁၄) ယောက် ဒဏ်ရာရခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ ၊ ဗျူဟာ ၃၂ ‌စစ်ကြောင်းတွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ၈၈ ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီရဲ့ တပ်ရင်း ၃ ရင်း၊ ဗျူဟာ ၁ ဗျူဟာနဲ့ ကာကင်းတပ်စခန်းငယ် ၁၁ ခုတို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်း၏ Phyu Phyu in Melbourne ဂီတဖျော်ဖြေပွဲ အောင်မြင်စွာ ပြီးဆုံး

တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ သြစတြေးလျ ခရီးစဉ်အဆုံးသတ် Phyu Phyu in Melbourne ဂီတဖျော်ဖြေပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့တယ်လို့ ဖြူဖြူကျော်သိန်းက သူ့ရဲ့လူမှုကွန်ရက်ကတဆင့် အသိပေးပါတယ်။
Read More

မန္တလေးငလျင်ကြီးဟု အတူတူ ခေါ်ဝေါ်ကြဖို့ ဇော်မင်းထွန်း ပြော

မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိ ငလျင်ကြီးနဲ့ ပတ်သက်ပြီး ခေါ်ဝေါ် ရည်ညွှန်းရာမှာ မန္တလေးငလျင်ကြီးလို့ သုံးနှုန်းကြဖို့ အာဏာသိမ်း စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။
Read More

စစ်ကိုင်းကနေ ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို မုံရွာ- မန္တလေးလမ်းပေါ်က မြင်းမူမြို့နယ်ထဲအ​ရောက်မှာ မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကိုင်းမြို့ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၂ယောက်သေပြီး ၆ယောက် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း BLDF-တပ်ခွဲ(အညာမိုင်း)တပ်ဖွဲ့ထံက သိရပါတယ်။ အောက်တိုဘာ ၂ ရက်၊ နေ့လည်ပိုင်းက စစ်ကိုင်းမြို့ဘက်ကနေ…