Justice Soldier PDF က အပတ်စဉ် (၁၁) အတွက် သင်တန်းသားအသစ်တွေ စိစစ်ခေါ်ယူလျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

သင်တန်းသားသစ်တွေဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း၊ စစ်မှုထမ်းဖို့ လုံလောက်စွာ ကျန်းမာရေး ကောင်းမွန်သူ၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးတို့အတွက် သန္ဓိဌာန်ချထားသူ၊ တော်လှန်ရေး ပြီးဆုံးတဲ့အထိ တာဝန်ထမ်းဆောင်နိုင်သူ၊  အထက်ကပေးအပ်တဲ့ တာဝန်နဲ့ အမိန့်ကို တိကျသေချာစွာ လိုက်နာနိုင်သူ၊ရာဇဝတ်မှု ကင်းရှင်းသူ ဖြစ်ရမယ်လို့ အသိပေးထားပါတယ်။

အထက်ပါအချက်တွေနဲ့ ကိုက်ညီမှုရှိပြီး လိုက်နာနိုင်တယ်ဆိုရင် Justice Soldier PDF Official Facebook Page မက်ဆင်ဂျာမှာ လာရောက်ဆက်သွယ်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အုတ်တွင်းမြို့နယ် ကြက်မနက်ရွာရှိ အကြမ်းဖက်စစ်တပ် စခန်းကုန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ကြက်မနက်ရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း၊ တပ်ခွဲ (၅) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံမြို့နယ် ကျောက်ပြုတ်ပျူစခန်းကို တော်လှန်ရေးတပ်များ စီးနင်းတိုက်ခိုက်၊ စစ်အုပ်စု ၁၀ ဦးခန့်သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ပြုတ်ပျူစခန်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ် သား အများအပြားသေဆုံးခဲ့တယ်လို့ ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီး ပြင်စည်ကျေးရွာက ရဲစခန်းကို ရော့ကတ်တွေနဲ့ တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာ ရဲစခန်းကို ရော့ကတ်လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံကို နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

မောင်မယ်ကျေးရွာက အကြမ်းဖက်စစ်သားတွေကို စနိုက်ပါနဲ့ ပစ်ခတ်မှု ၁ ယောက်သေပြီး ၁ ယောက်ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ ဟားလီးကွေ့မှာ အင်အားဖြည့်တင်းပြီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၃ရက် မနေ့က စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက်သေပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

နမခ က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က ထွက်လာတဲ့ မိုးကာအုပ်ယာဉ် ၃ စီးနဲ့ သံပြားကာ ၁၀ စီးယာဉ်တန်းကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။
Read More

ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်တောင် ရပ်ကွက် ၃ ကို စစ်ကော်မရှင်တပ် ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ယောက် သေဆုံးကာ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်ဒေသခံတွေထံက သိရပါတယ်။