စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာစစ်တပ်အာဏာဆက်လက် ရယူရေးအတွက်သာ ဟန်ပြပြုလုပ်တဲ့ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့  တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီ က ကြေညာချက် တစ်ရပ်ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ( NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ပေါင်းပြီး ဖွဲ့စည်းထားတဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်း လုပ်ငန်း ကော်မတီ က ကြေညာချက်တစ်ရပ်ကို မနေ့က ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဆိုပါကော်မတီက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ ပက်သတ်ပြီး အချက်၆ ချက်ပါ ကြေညာချက်တစ်ရပ်ကို ပြည်သူလူထု သိရှိစေဖို့ ထုတ်ပြန်လိုက်ခြင်းလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူလူထု အသိအမှတ်ပြု ရွေးကောက်တင်မြှောက်ခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ရွေး ကောက်ပွဲရလဒ်ဟာ လက်ရှိအချိန်အထိ တရားဝင် ဖြစ်တယ်လို့လည်းဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်အား ဥပဒေမဲ့ အဓမ္မ ဖျက်သိမ်းပြီး နိုင်ငံတော်အာဏာကို တရားမဝင်ရယူရန် ကြိုးစားနေ သော အဖွဲ့အစည်းသာဖြစ်လို့ ရွေးကောက်ပွဲ တစ်ရပ်အား ဦးစီးကျင်းပပိုင်ခွင့် မရှိဘူးဘူးလို့လည်း ဖော်ပြထားပါတယ်။

ဒါ့ကြောင့် စစ်တပ်ကပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာစစ်တပ် အာဏာဆက်လက် ရယူနိုင်ရေး အတွက် ဟန်ပြ ပြုလုပ်မယ့် တရားဝင်မှုမရှိတဲ့ အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပါ ပြဌာန်းချက်များကို ချိုးဖောက်ခဲ့တာလည်းဖြစ်ပါတယ်။ 

ဒါ့ကြောင့်  အခြေခံဥပဒေဟာလည်း ပျက်ပြယ်ခဲ့ပြီးဖြစ်သလို ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ကလည်း ပြည်သူလူထုလက်မခံတဲ့  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးသတ်ဖျက်သိမ်းခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိအချိန်မှာ  ပြည်သူလူထု ထောက်ခံတဲ့ နိုင်ငံရေးပါတီများကို နည်းလမ်းပေါင်းစုံဖြင့် မတရားဖိနှိပ်ခံနေရခြင်း၊ မြန်မာနိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ ခုခံတွန်းလှန်စစ်၊ ထိုးစစ်များကြောင့် စစ်ဘေးရှောင် ဦးရေ တိုးပွားလျက်ရှိပါတယ်။

အခြားမြို့ရွာအသီးသီးတွင်လည်း အသက် ၁၈ မှ ၃၅ အတွင်းရှိ လူငယ်အများစုမှာ အကြမ်းဖက်စစ်တပ်၏ အဓမ္မ စစ်သား စုဆောင်းရေးအစီအမံ နှင့် မတရားဖမ်းဆီး စစ်မှုထမ်းခိုင်းမှုများကြောင့် အရပ်ရပ်သို့ ထွက်ပြေးတိမ်းရှောင်မှုတွေလည်း တိုးမြှင့်နေပါတယ်။

တော်လှန်ရေးအင်အားစုများက မြို့နယ်ပေါင်း (၉၀) မြို့နယ်အား သိမ်းပိုက်ထားပြီး ဧရိယာအားဖြင့်လည်း တစ်နိုင်ငံလုံး၏ (၅၀) ရာခိုင်နှုန်းကျော်အား စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။

ဒါ့ကြောင့် လက်ရှိအခြေအနေမျိုးမှာ  ပြည်သူလူထုအား လက်နက်ပြ ခြိမ်းခြောက် အဓမ္မ မဲထည့်ခိုင်းမယ့် မသမာတဲ့ နည်းလမ်းပေါင်းစုံဖြင့် မဲစာရင်းနှင့် မဲရလဒ်များ လိမ်လည်လုပ်ဆောင်နိုင်မည့် အခြေအနေလည်း ရှိပါတယ်။

ဂုဏ်သိက္ခာရှိပြီး လွတ်လပ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေးလုပ်ငန်းစဉ်များ မဆောင်ရွက်နိုင်တဲ့ အခြေအနေတို့တွင် အဓမ္မ လုပ်ကြံကျင်းပမယ့် ဟန်ပြရွေးကောက်ပွဲ တစ်ရပ်သာ ဖြစ်လာနိုင်ကြောင်း ထုတ်ပြန်ပါတယ်။ 

ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအကြပ်အတည်း ထွက်ပေါက်မဟုတ်ဘဲ  အတုအယောင်ရွေးကောက်ပွဲပြုလုပ်ရုံနဲ့ နွေဦးတော်လှန်ရေးက ရပ်တန့်သွားမှာမဟုတ်ဘူးလို့ ထုတ်ပြန်ပါတယ်။ 

နိုင်ငံရေးမှာ စစ်တပ်ပါဝင်နေသရွေ့ ပြည်သူလူထု လိုလားတဲ့ ဖက်ဒရယ် ဒီမိုကရေစီက အလှမ်းဝေးနေမှာဖြစ်လို့ တော်လှန်ရေး အောင်မြင်ဖို့ကိုသာ အရောက်လှမ်းရမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေးကို မြန်မာပြည်သူလူထု လိုလားလက်ခံသည့်ပုံစံဖြင့်သာ မြန်မာများကိုယ်တိုင် ကမကထပြု ဆောင်ရွက်သွားရမည်ဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်သူတွေကိုယ်တိုင် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင် စနစ်ဟူသမျှ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းမှု ဖေါ်ဆောင်နိုင်ဖို့ လိုအပ်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ဝက်လက်မြို့နယ် ကြားကာလပညာရေးကျောင်းမှာ ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးတိုက်နယ်အတွင်း ဒီဇင်ဘာလ ၅ ရက်က ၂၀၂၄/၂၀၂၅ ပညာသင်နှစ်အတွက်  ပညာရည်ချွန်ဆုပေးပွဲကို ကြားကာလပညာရေးကျောင်း ၁ ကျောင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ဘက်အကျဥ်းထောင်များနှင့် အချုပ်ခန်းများ၏ စီမံခန့်ခွဲမှုများ လုပ်ထုံးလုပ်နည်း မူဘောင်များနှင့်အညီ ဖြစ်စေရေး စစ်ဥပဒေရုံး လုပ်ဆောင်ရန် NUG ကာကွယ်ရေးဝန်ကြီးဌာန တည်မြဲအမိန့်ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ စစ်ဘက်အကျဥ်းထောင်တွေနဲ့ အချုပ်ခန်းတွေရဲ့ စီမံခန့်ခွဲမှုကို သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း မူဘောင်တွေနဲ့အညီ ဖြစ်စေရေးအတွက် PDF တပ်မတော် စစ်ဦးစီးချုပ်က ဧပြီလ (၂၄) ရက် ရက်စွဲနဲ့ အမိန့်အမှတ် (၆၂/၂၀၂၅)ကို အတည်ပြုထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာကို စစ်ကောင်စီ လေကြောင်းမှ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်များအပါ ပြည်သူ ၃၀ ဦးခန့် သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ အယောက် ၃၀ ခန့် သေဆုံးခဲ့တယ်လို့ ကနဦး သိရပါတယ်။
Read More

မိုးကုတ်မှာ ပကဖ က ပြည်သူတွေဆီ စစ်သတင်းလွှာ ဖြန့်ဝေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့က ပြည်သူတွေဆီကို မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စီစဉ်ပံ့ပိုးမှုနဲ့ စစ်သတင်းလွှာတွေ  ဖြန့်ဝေနေတယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

သံတွဲမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲရာ ကလေးငယ်တွေအပါ ၁၃ ယောက်ထက်မနည်းသေဆုံးပြီး ၂၃ ယောက်ထက်မနည်း ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ဗုံးတွေ ကြဲချခဲ့ရာ ကလေးငယ်တွေအပါ ပြည်သူ ၁၃ ယောက်သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဆိတ်ဖြူမြို့နယ်မှာ တော်လှန်ရေးရဲဘော်များကို စစ်သည်တော်ကျင့်ဝတ်စည်းကမ်း သင်တန်းပို့ချ

မကွေးတိုင်း၊ ဆိတ်ဖြူမြို့နယ်မှာ စစ်သည်တော်ကျင့်ဝတ်စည်းကမ်းသင်တန်းကို လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံက ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ပို့ချခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။