အာရက္ခတပ်တော် AA အနေနဲ့ အမ်းက  နပခ တိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း အပါအဝင် ရခိုင်ပြည်နယ်တစ်ခွင်လုံး စစ်ကောင်စီကင်းစင် ပပျောက်ရေး လုပ်ဆောင်နေမှုအပေါ် အထူးပင် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပအိုဝ်းနဲ့ မွန် အဖွဲ့အစည်း ၄ ခုက သဝဏ်လွှာပေးပို့လိုက်ပါတယ်။ 

ဗမာလူမျိုးအပါအဝင် ဘဝတူ အဖိနှိပ်ခံ  တိုင်ရင်းသားလူမျိုးအသီးသီး လွတ်မြောက်ရေးအတွက် ULA/AA က နိုင်ငံရေးအမြင်ကျယ်စွာ ပူးပေါင်းဆောင်ရွက်နေမှုအပေါ်လည်း အထူးဂုဏ်ယူတယ်လို့ ဒီနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ 

သဝဏ်လွှာအတွင်း “ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ နိုင်ငံရေးဦးဆောင်မှု၊ အာရက္ခတပ်တော်၏ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်မှုများကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အပြီး သတ် သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်သည်။ ထိုမျှမက မကြာမီကာလတွင် ရက္ခိုင်တစ်ပြည်လုံးရှိ စစ်ကောင်စီတပ်များ ကင်းစင်ပပျောက်သွားအောင် အာရက္ခတပ်တော် (AA) ၏ ဆက်လက် တိုက်ပွဲဝင်မှုနှင့် ရဲစွမ်းသတ္တိကို ဤသဝဏ်လွှာဖြင့် ဂုဏ်ပြုအပ်ပါသည်” လို့ ဖော်ပြထားပါတယ်။ 

သဝဏ်လွှာကို  တိုင်းရင်းသား လက်နက်ကိုင် (၄) ဖွဲ့ဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီ (PNFC) ၊ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်ဆန့်ကျင်ရေး (NMSP-AD)နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့က ပူးတွဲပေးပို့ခဲ့တာ ဖြစ်ပါတယ်။ 

စစ်အာဏာရှင်စနစ်အောက်ကနေ ပထမဦးဆုံး လွတ်မြောက်လာနိုင်မယ့်  ရက္ခိုင်ပြည်ရဲ့ အလားအလာကောင်း တွေနဲ့အတူ ရက္ခိုင်ပြည်လွတ်မြောက်ရေးတမှာသာ ရပ်တန့်နေမှာ မဟုတ်ဘူးဆိုတာကို ယုံကြည်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ ဗမာအပါအဝင် ဘဝတူ အဖိနှိပ်ခံ တိုင်ရင်းသားလူမျိုးအသီးသီးရဲ့ လွတ်မြောက်ရေးတိုက်ပွဲတွေနဲ့ ပြည်သူလူထုတစ်ရပ်လုံး အဖိနှိပ်ခံဘဝကနေ လွတ်မြောက်ရေးအတွက် ULA/AA က နိုင်ငံရေးအမြင်ကျယ်စွာ ပူးပေါင်းဆောင်ရွက်နေမှုကိုလည်း အထူးပင် ဂုဏ်ယူမိကြောင်း ဖော်ပြထားပါတယ်။

သဝဏ်လွှာ အပြည့်အစုံ
0 Shares:
You May Also Like
Read More

ရေကြည်မြိ့၊ အမတ ၃၄၄ တပ်ထဲမှာ အရေးပေါ်လေယာဉ်ကွင်း ဆောက်လုပ်နေ…

ရခိုင်ပြည်နယ်၊ အမ်းမြို့က စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ရက္ခိုင့်တပ်တော် AAက ပိတ်ဆို့တိုက်ခိုက်သိမ်းပိုက်နေစဥ်ကာလမှာပဲ၊ ဧရာဝတီတိုင်း၊ ရေကြည်မြို့မှာရှိတဲ့ အမြှောက်တပ် ၃၄၄ တပ်ရင်းထဲမှာ အရေးပေါ်လေယာဉ်ကွင်းငယ်တစ်ခု ဆောက်လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
Read More

မြောင်က ကျေးရွာတချို့ကို CDSOM အဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ကျေးရွာတချို့ကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) တပ်ဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၁၉) ၏ (၄) နှစ်ပြည့်အခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၁၉) ရဲ့ လေးနှစ်ပြည့် အခမ်းအနားကို ဇူလိုင်လ (၂၇) ရက်က ကရင်နီပြည် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံး အပါအဝင် နေရာ ၄ ခုကို တစ်ချိန်ထဲမှာ ဝင်ရောက်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ရဲစခန်းနဲ့ ထွေအုပ်ရုံး အပါအဝင် နေရာ ၄ ခုကို တစ်ချိန်ထဲမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီအထူး ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

စစ်မှုထမ်းလုပ်သက် နှစ် ၄၀ ကျော်ရှိ အရာခံဗိုလ် စစ်အာဏာရှင်လက်အောက် မနေချင်တော့တာကြောင့် အလင်းဝင်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၃၁) တပ်က အရာခံဗိုလ်တစ်ယောက် ဇန်နဝါရီလ (၂၇) ရက်မှာ လက်နက်နဲ့အတူ ထွက်ပြေးကာ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် လစ်လပ်နေရာကို ဂျပန်အစိုးရ စေလွှတ်မှာမဟုတ်

ယခုအပတ်နှောင်းပိုင်းမှာ ဂျပန်နိုင်ငံကို ပြန်သွားခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ရဲ့ လစ်လပ်နေရာအတွက် ဂျပန်နိုင်ငံက သံအမတ်အသစ် စေလွှတ်မှာမဟုတ်ဘူးလို့ သံတမန်သတင်းအရင်းအမြစ်တွေက စက်တင်ဘာလ ၂၆ ရက် ကြာသပတေးနေ့မှာ ပြောဆိုခဲ့ကြောင်း သိရပါတယ်။