ချင်းပြည် (Chinland) ၊  Siyin ဒေသမှာ စီးပွားရေးသမားတွေရဲ့ သွေးထိုးမှုနဲ့ စိုက်ပျိုးထားတဲ့ ဘိန်းခင်းတွေကို ဒီဇင်ဘာလ ၁၉ရက်နေ့က  ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း CDF Civic Defense Militia – CDM-Siyin တပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

Siyin ဒေသမှာ စိုက်ပျိုးထားတဲ့ ဘိန်းခင်း ၃ဧကနီးပါးကို ဖျက်ဆီးခဲ့တာဖြစ်ပြီး ကျန်ရှိနေသေးတဲ့ ဘိန်းခင်းတွေကိုလည်း အလျင်းသင့်သလို တစ်ခင်းပြီးတစ်ခင်းဖျက်ဆီးသွားမယ်လို့ CDF Civic Defense Militia – CDM-Siyin ကထုတ်ပြန်ပါတယ်။

အခုလို တပ်ဖွဲ့ဝင်တွေ ဖျက်ဆီးခဲ့တဲ့ ဘိန်းခင်းတွေဟာ ဒေသခံတွေအဖို့ စားဝတ်နေရေး အခက်အခဲကြောင့် စိုက်ပျိုးထားတာမဟုတ်ဘဲ နိုင်ငံရေးမတည်ငြိမ်မှုတွေကို အခွင့်ကောင်းယူတဲ့ ကိုယ်ကျိုးရှာ စီးပွါးရေးသမားတချို့ရဲ့ သွေးထိုးအားပေးမှုကြောင့် စိုက်ပျိုးထားကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါးနဲ့ ပိုက်ဆံအလွယ်တကူရတဲ့ နည်းလမ်းဟာ အနာဂတ် နောက်လာနောက်သားတွေအတွက် ဆိုးကျိုးတွေပဲ ပိုဖြစ်စေမှာမို့ အခုလို ဖျက်ဆီးခဲ့ရတာလို့လည်း CDF Civic Defense Militia – CDM-Siyin တာဝန်ရှိသူကပြောပါတယ်။

ဒါ့အပြင်  CDF Civic Defense Militia – CDM-Siyin အနေနဲ့လည်း အဖွဲ့ထိန်းချုပ်နယ်မြေထဲ ဘိန်းတိုးချဲ့စိုက်ပျိုးတာကိုလုံးဝတားမြစ်ထားကြောင်းနဲ့ အခွန်ကောက်ရင် တရားဝင်စိုက်ခွင့်ပေးမယ့်သဘော သက်ရောက်မှာစိုးတဲ့အတွက် ဘိန်းအခွန်ကောက်ခွင့်ကိုလည်း CDF  CDM-Siyin အပါအဝင် ဘယ်အဖွဲ့စည်းကိုမှ ကောက်ခွင့်မပြုကြောင်း၊ ၃နှစ်တာကာလအတွင်း ထိန်းချုပ်နယ်မြေတစ်ခုလုံး ဘိန်းစိုက််ပျိုးခြင်းကင်းစင်ရေးအတွက် ချမှတ်ထားတဲ့ စီမံကိန်းတွေအတိုင်း ဆက်ပြီးသွားမယ်လို့ ပြောထားပါတယ်။


CDF Civic Defense Militia – CDM-Siyin အဖွဲ့သားတွေ ဘိန်းခင်း ဖျက်ဆီးရှင်းလင်းနေစဥ် (ဓာတ်ပုံ CDF Civic Defense Militia – CDM-Siyin)

0 Shares:
You May Also Like
Read More

တော်လှန်ရေးရဲဘော်တွေအပေါ် ကြောက်ရွံ့စိတ်မရှိဘဲ ရင်းနှီးမှုရဖို့ ခရစ္စမတ်အကြို အားကစားပြိုင်ပွဲပြုလုပ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၅) ဟာ တပ်ရင်းစိုးမိုးနယ်မြေက ပြည်သူတွေနဲ့ ပူးပေါင်းပြီး ခရစ္စမတ်အကြို အားကစားပြိုင်ပွဲပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ဂန့်ဂေါမြို့မြောက်ဘက်ရှိ ရွာစည်(ရွာဟောင်း) ရွာကို အကြမ်းဖက် ခလရ ၅၀တပ် ဝင်ရောက်စီးနင်း၊ ကလေးငယ်နှင့် အမျိုးသမီးများအပါ အရပ်သား ၁၅ဦးထက်မနည်း ဖမ်းဆီးခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ရွာစည် (ရွာဟောင်း) ရွာကို ဝင်ရောက်စီးနင်းပြီး အမျိုးသမီးနဲ့ ၁၀ နှစ်အောက် ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၅ ယောက်ထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယောအလင်းတန်းအဖွဲ့ဝင် နွေဦးရောင်နီက မောင်းကို ပြောပါတယ်။
Read More

ကြို့ပင်ကောက်နဲ့ ဇီးကုန်းက ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စု မိုင်းဆွဲခံရပြီး ၄ ယောက်သေ၊ ၃ ယောက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်နဲ့ ဇီးကုန်းမြို့နယ်က ကျေးရွာတွေမှာ အကြမ်းဖက်စစ်ကြောင်းကြောင့် အရပ်သားတွေနေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တာဝန်ခံ ကိုတေဇာမင်းက မောင်းကို ပြောပါတယ်။
Read More

ငလျင်ကြောင့်ဘာသာရေး အဆောက်အအုံ ၅၃၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရဟု NUG ထုတ်ပြန်

အင်အားပြင်း ငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ ဘာသာရေး အဆောက်အအုံပေါင်း ၅၃၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘားအံလာမည့်အတွက် လုံခြုံရေးတိုးမြင့်ပြီး အစစ်ဆေးတင်းကြပ်နေဟုဆို

ကရင်ပြည်နယ်၊ ဘားအံမြို့ကို အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာမည်ဆိုသည့်အတွက် လုံခြုံရေးတိုးမြင့်ထားပြီး၊ အစစ်ဆေးလည်းတင်းကြပ်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ လက်ရှိမှာတော့ စစ်ကော်မရှင်တပ်သားတွေဟာ ဘားအံမြို့နေရာတော်တော်များများမှာ ကင်းချထားပြီး စစ်ဆေးမှုများ တင်းကြပ်ထားသလို မြို့ဝင်၊ မြို့ထွက်အားလုံးမှာလည်း စစ်ဆေးမှုတွေ တိုးမြင့်လုပ်ဆောင်နေတယ် ဆိုပါတယ်။
Read More

စစ်ကော်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ ရာမညမွန်တပ်တော်ထံ အလင်းဝင်

မွန်ပြည်နယ်အခြေစိုက်တပ်ဖွဲ့ဖြစ်တဲ့ ရာမညမွန်တပ်တော် (RMA) ထံကို စစ်ကောာင်စီတပ်သား ၂ ယောက် လက်နက်တွေနဲ့တကွ အလင်းဝင်ရောက်ခိုလှုံလာတယ်လို့ RMA က သတင်းထုတ်ပြန်ထားပါတယ်။