ဒီဇင်ဘာလအတွင်း CDF Civil Defense Militia – CDM- Siyin တပ်ဖွဲ့ထံ ချင်းပြည်နယ်၊ တီးတိန်မြို့မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်နဲ့ ရဲ ၂ ယောက် အလင်းဝင်ရောက်လာသလို တပ်ဖွဲ့ဝင်ရဲ့ဆိုင်ကယ် ခိုးယူသူတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အလင်းဝင်ရောက်လာသူ ၄ ယောက်ဟာ စစ်ကောင်စီတပ်သား စစ်ပိုင်ဖြိုး၊ ရဲရင့်ထက်နဲ့ ရဲတပ်သား အောင်ပိုင်ဖြိုး၊ Dal Dao Lian တို့ဖြစ်ပြီး MA11 သေနတ်ယူဆောင်လာတဲ့ စစ်ကောင်စီတပ်သားစစ်ပိုင်ဖြိုးကို ငွေကျပ်သိန်းတစ်ရာ ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

“အရင် ဝင်လာတဲ့သူက ကျန်ခဲ့တဲ့သူတွေနဲ့ ချိတ်ဆက်ခိုင်းတယ်။ သူကနေမှတဆင့် တီးတိန်မြို့ထဲအထိ သွားကြိုပြီးတော့ ခေါ်လာခဲ့တာပါ။ သူတို့သူငယ်ချင်းတွေလည်း အမြင်မှန်ရပြီး ပြည်သူနဲ့ ပူးပေါင်းချင်တယ်ပေါ့နော်။ ဒါကြောင့်သွားခေါ်ခဲ့တာပါ။ နောက်ထပ်လည်းလာချင်တဲ့သူတွေရှိသေးတယ်ပြောတယ်။ လောလောဆယ်ကတော့ ထူးထူးထွေထွေမရှိပါဘူး။ အဓိကက သူတို့ဇာတိကို ပြန်ချင်ကြတယ်လို့ပြောတယ်။ အဲ့တော့ ပြန်လို့ရတဲ့အထိ ကျနော်တို့ဆီမှာနေကြဦးမှာပါ” လို့ CDF Civil Defense Militia – CDM- Siyin တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

CDF Civil Defense Militia – CDM- Siyin ထံ အလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲ ၄ ဦး

နောက်ထပ်လည်း အခုလိုမျိုး အကြမ်းဖက်စစ်တပ်ကိုစွန့်ခွာပြီး အလင်းဝင်ရောက်လာမယ့်သူတွေအတွက် နေရာအ​​ရောက် ခေါ်ဆောင်ပေးမယ့်အကြောင်းနဲ့ သွားလိုတဲ့​နေရာ၊ အလုပ်အကိုင်တွေပါ ရှာဖွေပေးသွားဖို့ရှိကြောင်း CDF Civil Defense Militia – CDM- Siyin တပ်ဖွဲ့က ပြောထားပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၂၃ရက်နေ့က CDF Civil Defense Militia – CDM- Siyin တပ်ဖွဲ့ဝင်တွေရဲ့ဆိုင်ကယ်ကို ခိုးယူခဲ့သူ၂ယောက်ကိုလည်း လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

“ဒီဇင်ဘာ ၂၃ရက်နေ့က ဖြစ်တာပါ။ ရဲဘော်က ဆိုင်ကယ်ကို လမ်းဘေးမှာရပ်ထားပြီး တောထဲထင်းခွေသွားတာ ပြန်လာတော့ မရှိတော့ဘူး။ နောက်စုံစမ်းလိုက်တော့ ကလေး အပြန်လမ်းဘက်မှာ ကင်းစောင့်တဲ့ရဲဘော်တွေက ဖမ်းမိတာပါ။ မိတဲ့အထဲ ၁ယောက်ကတော့ရွာခံပေါ့နော်။ သူတို့ကို ခဏပဲထိန်းထားမယ်ပေါ့။ ခက်ခဲတဲ့ကာလမို့ ပြည်သူအားလုံး ဒုက္ခရောက်ကြရတယ်။  ဒါကြောင့် နောက်မလုပ်ဖို့ ပြောပြီး ပြန်လွှတ်​ဖို့ရှိပါတယ်။” လို့ CDF Civil Defense Militia – CDM- Siyin တပ်ဖွဲ့တာဝန်ရှိသူက ပြောခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ ဆိုင်ကယ်ခိုးသူ ၂ ဦး
0 Shares:
You May Also Like
Read More

PDF များအကြောင်း လိုက်လံစုံစမ်းပြီး စစ်မှုထမ်းကြေး ပိုက်ဆံကောက်သည့် ပျူစောထီး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ PDF တပ်ဖွဲ့တွေအကြောင်း၊ ထောက်ပို့တွေအကြောင်း လိုက်လံစုံစမ်းနေတြ့ ပျူစောထီးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၅) ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ ပြေလည်ရေးလမ်းစမရှိဘူးလို့ NLD ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မှာမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဗဟိုကော်မတီ အစည်းအဝေးမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

အုတ်ဖိုမှာ တော်လှန်ရဲဘော် ၁ ဦးရဲ့ အဖေကို စစ်ကောင်စီ သတ်ဖြတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂွေချောင်းရွာက ပြည်သူ ၄ ယောက်ကို စစ်ကောင်စီတပ်တွေက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲဒီထဲက ဦးသိန်းသန်းဌေး (၄၁) နှစ် ဆိုသူကို ရိုက်နှက်ကာ သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့

စစ်ကောင်စီက တစ်ပတ်အတွင်းမှာ တောင်ပိုင်းစစ်ဒေသထဲက အပြည့်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တစ်နိုင်ငံလုံးက မြို့ပေါင်း ၅၀ ကျော်မှာ စစ်ကောင်စီက မထိန်းချုပ်နိုင်လို့ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ခြင်းမရှိခဲ့

စစ်ကောင်စီက ရွေးကောက်ပွဲ အကြောင်းပြကာ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းဟာ တစ်နိုင်ငံလုံးက မြို့ပေါင်း ၅၀ ကျော်မှာ ကောက်ယူနိုင်ခဲ့ခြင်းမရှိလို့ မှန်ကန်မှု မရှိနိုင်ဘူးလို့ အရပ်ဘက်အဖွဲ့အစည်းတွေ ကထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်းတွင် ဘုန်းကြီးကျောင်းကို စစ်တပ် ဗုံးကြဲတိုက်ခိုက်၊ ကိုရင်ကြီးနှင့် ကပ္ပိယ ၂ ဦးအပါ ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးကျေးရွာက မိုးကောင်းဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ကိုရင်ကြီး ၁ ပါးနဲ့ ကပ္ပိယ ၂ ယောက်အပါအဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။