ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မှာ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲပြုတ် ဦးစန်းငွေ ပစ်ခတ်ခံရပေမယ့် အသက်မသေဘဲ ထိခိုက်ဒဏ်ရာအပြင်းအထန်နဲ့ ဆေးကုသမှုခံယူနေရကြောင်း Freeland Attack Force (FLA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီဇင်ဘာ ၂၄ရက်၊ ဒီနေ့မနက် ၁၀ နာရီ ကျော်အချိန်က စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာ အုပ်ချုပ်ရေးမှူး ဦးစန်းငွေ ရပ်ကွက်ရုံးအတွင်းရှိနေချိန် ​​Freeland Attack Force (FLA) အဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ရှင်းလင်းဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် လက်နက်ချို့ယွင်းခဲ့မှုကြောင့် ဦးစန်းငွေရဲ့ ၀မ်းဗိုက်ကို သေနတ်နဲ့ တစ်ချက်သာ ပစ်ခတ်နိုင်ခဲ့တယ်လို့ Freeland Attack Force (FLA) အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ ဟုမ်းလမ်းဘူတာ အုပ်ချုပ်ရေးမှူး ဦးစန်းငွေ

“အခုထိတော့မသေသေးဘူးတဲ့ဗျ။ သိရသလောက်ကတော့ ဒဏ်ရာပြင်းထန်တယ်ဆိုတာပါပဲ။” လို့ Freeland Attack Force (FLA) အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဦးစန်းငွေအနေနဲ့ ရဲပြုတ်၁ယောက်ဖြစ်သလို ဟုမ်းလမ်းဘူတာရပ်ကွက်အတွက် သာမက မြို့နယ်ထွေအုပ်မှာပါ ဝိုင်းကူပေးနေသူဖြစ်ပြီး ရပ်ကွက်‌နေပြည်သူတွေအပေါ် မောက်မာရိုင်းစိုင်းတာ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းကိစ္စတွေမှာ တက်တက်ကြွကြွ ပါ၀င်တာတွေနဲ့ နီးစပ်တဲ့ဆွေမျိုးအသိုင်းဝိုင်းတွေနေရာမှာ တခြားသူတွေကို အစားထိုးပြီး စစ်မှုထမ်းခိုင်းတာတွေအပြင် စစ်မှုထမ်းအကြောင်းပြကာ တစ်အိမ်ထောင် ငွေ၂သောင်း ကောက်ခံတာတွေ လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာလို့လည်း Freeland Attack Force (FLA) အဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ရက်နေ့ကလည်း ညီမဖြစ်သူရဲ့ မင်္ဂလာပွဲကို လာတက်တဲ့ စစ်ထောက်လှမ်းရေး ဗိုလ်မှူး ဇေယျာမင်း မရမ်းကုန်းမြို့နယ်မှာ သေနတ်နဲ့ပစ်ခံရပြီး ထိခိုက်ဒဏ်ရာရရှိကာ မင်္ဂလာဒုံ စစ်ဆေးရုံမှာ တက်ရောက်ကုသနေရကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးတိုင်းအတွင်း ခရိုင် ၃ ခုမှာ အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ရက်ဆက်ဖြစ်ပွားနေ

ပဲခူးတိုင်း၊ တောင်ငူ၊ ပြည် နဲ့ သာယာဝတီခရိုင်အတွင်းက မြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ထိတွေ့မှုတွေ ဆက်တိုက်ဆိုသလို ရှိလာနေပြီး စစ်ကောင်စီက အင်အားသုံးစစ်ကြောင်း ထိုးနေတယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူမှာ စစ်ကြောင်းထိုးမီးလိုက်ရှို့နေတဲ့ စစ်အုပ်စုက ဇီးကုန်းတိုက်နယ် ရွာ ၃ရွာကို ထပ်မံမီးဝင်ရှို့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကြောင်းထိုးမီးလိုက်ရှို့နေတဲ့ အကြမ်းဖက်စစ်အုပ်စုက ဇီးကုန်းတိုက်နယ်ထဲက ကျေးရွာ ၃ရွာကို ထပ်မံ မီးရှို့ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။
Read More

လောင်းလုံးမြို့ပေါ်က ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စရဖရုံးတို့ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း သေပြီး အများအပြား ဒဏ်ရာရဟု ဆို

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေရှိရာ တပ်စခန်း ၃ နေရာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ 
Read More

စစ်ကောင်စီ အပစ်ရပ်ကာလအတွင်း KNU ထိန်းချုပ်သည့် နယ်မြေများကို အကြိမ် ၁၀၀ ထက်မနည်း တိုက်ခိုက်

အာဏာသိမ်းစစ်တပ်က အပစ်ရပ်ကာလမှာ KNU ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း ပြည်သူတွေကို ပစ်မှတ်ထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ၁၀၀ ကျော် ကျူးလွန်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်လှုပ်ရှားမှုများနှင့် ခလရတပ်တွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ရွှေဘို ပကဖ လုပ်ဆောင်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်အုပ်စုစိုးမိုးထားရာ မြို့ပေါ်နေရာအနှံ့ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့သလို ခလရ ၄၂ တပ်စခန်းကိုလည်း ဒရုန်းတွေနဲ့ သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရသေ့တောင်မြို့နယ်တွင် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်လှေ ၅ စီးကို AA ဖမ်းဆီး၊ လှေ ၁ စီးမှ အကြမ်းဖက်သမားများ AA အရာရှိ ၁ ဦးနှင့် တပ်ဖွဲ့ဝင် ၁ ဦးကို သတ်ပြီး ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲ ထွက်ပြေး

ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်မှာ ငါးခိုးဖမ်းတဲ့ လှေ ၅ စီးကို ဖမ်းဆီးရမိရာ လှေ ၁ စီးက အကြမ်းဖက်သမားတွေဟာ အရာရှိ ၁ ယောက်နဲ့ တပ်ဖွဲ့ဝင် ၁ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။