ချင်းပြည်နယ်၊ တီးတိန်မြို့ အခြေစိုက် ခလရ ၂၆၈ တပ်ရင်းက တပ်သား ၁ ယောက်ဟာ လက်နက်တွေ ယူဆောင်လာပြီး အလင်းဝင်လာလို့ ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က တီးတိန်မြို့ အခြေစိုက် ခလရ ၂၆၈ တပ်ရင်းက တပ်သား စစ်ပိုင်ဖြိုး (ခ) ကိုဖြိုးဟာ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ ထံ ချိတ်ဆက် အလင်းဝင်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားဟာ သူကိုင်ဆောင်တဲ့ MA-1 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ကျည် ၁၀၀ တောင့် တို့ကို ယူဆောင်ကာ အလင်းဝင်ရောက်လာခဲ့တာပါ။

ပြည်သူနဲ့အတူ ပူးပေါင်းလာတဲ့ တပ်သား စစ်ပိုင်ဖြိုးကို  ဂန့်ဂေါမြို့နယ် ပကဖ က ငွေကျပ်သိန်း ၅၀ ဆုချီးမြှင့်‌ပေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရိဒ်ခေါ်ဒါရ်မြို့မှ CNDF တပ်များ ပြန်လည်ဆုတ်ခွာ၊ ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား ဆွေးနွေးမှုများ ဆက်လက်ရှိနေ …

" မြေပြင်စစ်ရေးဖိအားကြောင့် CNO/CNDF က ပြန်လည်ဆုတ်ခွါသွားတာပါ။ အခုလက်ရှိမှာတော့ မူလ ဒေသခံပြည်သူတွေ လက်ထဲ ပြန်ရောက်ပါပြီ။ Rihkhuadar စစ်ရှောင်တွေ ၈၀ ရာခိုင်နှုန်းလောက်တော့ ပြန်လာနေကြပြီ" လို့ CNF ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဗန် က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကောင်စီ ဒုတပ်ကြပ် ၁ ဦး ဆေးကြောင်ကာ ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်ခတ်အဆုံးစီရင်

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့မှာ ခလရ ၅၀ တပ်က ဒုတပ်ကြပ်ဂျူလိုင်ထွန်းဆိုသူ မူးယစ်ဆေးကြောင်ပြီး ကိုယ့်ကိုကိုယ် သေနတ်နဲ့ပစ်ခတ် အဆုံးစီရင်သွားကြောင်း ယောအလင်းတန်းအဖွဲ့ ထံက သိရပါတယ်။
Read More

မြွေနှစ်ရဲ့ ကိုယ်စားပြုမှုဟာ နွေဦးတော်လှန်ရေးရဲ့ လက္ခဏာတွေကို ထင်ဟပ်နေတယ်လို့ NUG ယာယီသမ္မတ တရုတ်နှစ်ကူးဆုတောင်းမှာ ထည့်သွင်းပြောကြား

ဇန်နဝါရီ ၂၉ ရက် ဒီနေ့မှာ ကျရောက်တဲ့ မြွေနှစ်ကိုကူးပြောင်းတဲ့ တရုတ်နှစ်သစ်ကူးနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက တရုတ်နှစ်သစ်ကူးအခါသမယ ဆုတောင်းစကား ပြောကြားခဲ့ပါတယ်။
Read More

ဝမ်းတွင်းတွင် ဆိုင်ကယ်စီးလာသည့် အရပ်သား ၂ ဦးကို အကြမ်းဖက်စစ်တပ် ၂ ရက်သာ ခြားပြီး ပစ်သတ်ခဲ့

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ ဆိုင်ကယ်မရပ်ပေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သား ၂ ယောက်ကို အကြမ်းဖက်စစ်တပ်က ၂ ရက်ပဲ ခြားပြီး ပစ်သတ်ခဲ့ကြောင်း Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တပ်မတော်နေ့ နှစ်(၈၀) ပြည့်အခမ်းအနားကို တက်ရောက်ရန် ရုရှားနဲ့ ဘီလာရုစ်က ကာကွယ်ရေးဝန်ကြီးတွေ နေပြည်တော်ကိုရောက်ရှိနေ

အာဏာသိမ်းစစ်အုပ်စု ကိုလက်နက်တွေ ရောင်းချနေတဲ့ ရုရှားနဲ့  ဘီလာရုစ် က ကာကွယ်ရေးဝန်ကြီးတွေ စစ်ကောင်စီရဲ့ နှစ်(၈၀)ပြည့် တပ်မတော်နေ့အခမ်းအနားကို တက်ရောက်ဖို့ ရောက်ရှိနေပါတယ်။
Read More

ဗန်းမော်မြို့ အပြီးသတ်သိမ်းပိုက်နိုင်ရေး KIA ပူးပေါင်းတပ်များ ယနေ့ ပြန်လည်ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက မေလ ၂၇ရက် ဒီနေ့မှာ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စခန်းအချို့ သိမ်းပိုက်ရရှိထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။