မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြောင်းခြားရွာကို အင်အား ၃၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ဒီဇင်ဘာ ၂၂ ရက်မှာ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ရဲ့ ဗိုလ် ၁ ယောက်အပါအဝင် ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ပြန်လည်ဆုတ်ခွာချိန် ပြည်သူ့ကာကွယ်ရေးတပ်တွေက အသင့်ထောင်ထားတဲ့ မိုင်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ အကြမ်းဖက်စစ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိသွားပြီး မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းက ရဲ‌ဘော်တွေ အထိအခိုက်မရှိ တိုက်ခိုက်နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သာစည်ရွာမှ ကျောက်စစ်ပုံအမြောက်တပ်သို့ ပြန်လာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ မုံရွာမြို့နယ် သာစည်ရွာမှာ ကျောက်စစ်ပုံအမြောက်တပ်သို့ ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကမ်းနီရွာရှိ ဗလီကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့နယ် ကမ်းနီရွာရှိ ဗလီကို ဧပြီ ၂၂ ရက် နံနက်ပိုင်းက အကြမ်းဖက်စစ်တပ်လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံမှတစ်ဆင့် သိရပါတယ်။
Read More

ရှမ်းပြည်တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရတဲ့အတွက် ကျေးရွာနေအိမ် ၁၇၀ ခန့် ကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ရှမ်းပြည်တောင်ပိုင်း ရေလှကျေးရွာကို အင်အား ၁၁၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၂၁ ရက်က ဖျက်အားပြင်း ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် DSNDA က ထုတ်ပြန်ထားပါတယ်။
Read More

ရေဦးမြို့နယ်ကို အင်အား ရာကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်တွေကို နိုဝင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းက Fixed-Wing  Drone တွေနဲ့ ဗုံးသီး ၅ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်ထံက သိရပါတယ်။
Read More

မြိတ်မြို့က လာတဲ့ စစ်ကောင်စီတပ်ယာဉ် ၄ စီးကို တော်လှန်ရေးတပ်တွေ ပြောက်ကျားတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ် ၄ စီးကို ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖထံက သိရပါတယ်။
Read More

ထန်းတပင်မြို့နယ် ဘုမ္မတီးရွာသစ်တွင် တိုက်ပွဲဖြစ်၊ စစ်ကော်မရှင်တပ် အထိနာကာ ဆုတ်ခွာထွက်ပြေး (ရုပ်/သံ)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဘုမ္မတီးရွာသစ်မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်တပ်သားတွေ အထိနာကာ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။