နိုင်ငံတကာရာဇဝတ်တရားရုံး ICC မှာ တရားခံအဖြစ် တရားရင်ဆိုင်ဖို့ နီးကပ်လာနေတဲ့ အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို တရားဝင်မှု မပေးမိစေဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြည်သူလူထုနဲ့ နိုင်ငံတကာကို သတင်းစကားပြောကြားခြင်းအစီအစဥ်မှာ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းအတွက် ဖြစ်နိုင်ခြေရှိတဲ့ အဖြေကို ရှာဖွေရာမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေကို ကြိုဆိုတယ်လို့လည်း ဦးကျော်ဇောက ပြောပါတယ်။

ဒါ့အပြင် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဗြိတိန်ဝန်ကြီးဟောင်း ၃ ယောက်က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့အပေါ် ကျေးဇူးတင်တယ်လို့လည်း ဦးကျော်ဇောက ဆိုပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်က ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေ တွေ့ဆုံဆွေးနွေးမှုမှာ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကိုသာ ဖိတ်ကြားဆွေးနွေးမှုက ပြဿနာကို မပြေလည်စေဘဲ စစ်ကောင်စီ အကြမ်းဖက်မှုတွေကို ပိုဆိုးလာအောင် အားပေးသလို ဖြစ်စေနိုင်တာကို စိုးရိမ်မိတယ်လို့လည်း ဦးကျော်ဇောက ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ဘေးသင့် မြန်မာပြည်သူများကို မမေ့ရန်နှင့် အကူအညီများ ပေးကြရန် ပုပ်ရဟန်းမင်းကြီး လီယို တိုက်တွန်း

ပုပ်ရဟန်းမင်းကြီး လီယိုက စစ်ဘေးဒုက္ခတွေ ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေကို ကမ္ဘာက သတိပြုမိစေဖို့အတွက် တိုက်တွန်းစကား ထပ်မံပြောကြားလိုက်ပါတယ်။
Read More

မြန်မာနယ်စပ်ကို လျှပ်စစ်ဓာတ်အား ချက်ချင်းဖြတ်တောက်ဖို့ ထိုင်းဒုဝန်ကြီးချုပ် ပြော

မြန်မာနယ်စပ်ဒေသကို ထိုင်းရဲ့ လျှပ်စစ်ဓာတ်အားပေးဝေမှု ယနေ့ဖြတ်တောက်မယ်လို့ ထိုင်းဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ဖေဖော်ဝါရီလ ၄ ရက်မှာ ပြောပါတယ်။ 
Read More

မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပြီးနောက် NUG အစိုးရနှင့် မနက်ဖြန်မှာ တွေ့ဆုံမည်ဟု မလေးရှားဝန်ကြီးချူပ်က ပြော

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီကနေ့ ဧပြီ ၁၇ ရက် ညနေပိုင်းက တွေ့ဆုံခဲ့အပြီးမှာတော့၊ မလေးရှားဝန်ကြီးချူပ်က မနက်ဖြန် ဧပြီ ၁၈ ရက် မနက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတွေနဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးသွားမယ်လို့ သူရဲ့လူမှုကွန်ရက် X မှာ ရေးသားထားပါတယ်။
Read More

ကမ္ဘာလုံးဆိုင်ရာ All in One Piece Movement တွင် ပါဝင်သူများကို ကျေးဇူတင်ကြောင်း ကိုထိန်လင်းပြော

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်ရေး ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု All in One Piece Movement မှာ ပါဝင်သူတွေကို ကျေးဇူးတင်ကြောင်း ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ပြောဆိုလိုက်ပါတယ်။
Read More

ငလျင်ဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ထိုင်းအထူးတပ်ဖွဲ့ ရောက်ရှိ

ထိုင်းအစိုးရက စေလွှတ်လိုက်တဲ့ ထိုင်းအထူးတပ်ဖွဲ့ဝင် (၅၅) ယောက်ဟာ မြန်မာနိုင်ငံက ငလျင်ဒဏ်သင့်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဒီနေ့ မတ်လ ၃၀ ရက်မှာ မြန်မာပြည်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။
Read More

အီရန်စစ်ဦးစီးချုပ်သစ် ထပ်မံလုပ်ကြံခံရမှုနှင့်အတူ အစ္စရေး-အီရန် ပဋိပက္ခ ပိုမိုပြင်းထန်လာ၊ အပစ်အခတ်ရပ်ရုံမဟုတ်ဘဲ ပဋိပက္ခကို တကယ်အဆုံးသတ်ရမည်ဟု ထရမ့် ပြော

စစ်ရေးစစ်ရာ အပြိုင်အဆိုင်ပြင်းထန်နေကြတဲ့ အစ္စရေးနဲ့ အီရန်တို့အကြားက ပဋိပက္ခဟာ အရှိန်မြင့်တက်လာရာကနေ ပဉ္စမမြောက်နေ့မှာတော့ တိုက်ခိုက်မှုအသစ်တဖန် ထပ်မံဖြစ်ပွားခဲ့ပါတယ်။