ဒီဇင်ဘာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်တွေဟာ အာဏာသိမ်းစစ်ကောင်စီထံက တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်ရင်း တော်လှန်ပြည်သူတွေကို နှစ်သစ်လက်ဆောင် ပေးနေကြပါတယ်။

တစ်ဖက်မှာတော့ စစ်အုပ်စုရဲ့ အာဏာရှင် ဘဘကြီး မင်းအောင်လှိုင်က မြို့တွေအသိမ်းခံရလည်း မမှုဘူး၊ သူ့စစ်သားတွေ သေကြေနေလည်း ဂရုမစိုက်ဘူးဆိုပြီး တမင်ရွဲ့ကာ ပွဲတွေတက်ပြနေသလားတောင် အောက်မေ့ရပါတယ်။

လုပ်လိုက်တဲ့ပွဲ.. ကြွရောက်ချီးမြှင့်လိုက်တဲ့ ပွဲဆိုတာ မနည်းမနော.. အငိုမျက်လုံး အပြုံးမျက်နှာကြီးနဲ့ပေါ့။

ဒီဇင်ဘာလ ၉ ရက်မှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေက ရခိုင်ပြည်နယ်၊ မောင်တောမြို့ကို သိမ်းပိုက်နေချိန်မှာ ဘဘကြီး မင်းအောင်လှိုင်ကတော့ နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲကို တက်ရောက် အားပေးနေခဲ့ပါတယ်။

နေပြည်တော်မှာ ကျင်းပနေတဲ့ အမျိုးသားအားကစားပွဲတော်ဖွင့်မှာ တွေ့ရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဇနီး ကြူကြူလှ

သိပ်မကြာလိုက်ပါဘူး. AA ကပဲ ဒီဇင်ဘာလ ၂၀ ရက်မှာ အမ်းမြို့နယ်နဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တစ်ခုလုံးကို သိမ်းပိုက်နေချိန်မှာလည်း မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်တချို့က အမျိုးသားအားကစားပွဲတော် ပိတ်ပွဲကို တက်ရောက်နေခဲ့ပြန်ပါတယ်။

အမ်း နပခ သိမ်းပိုက်ချိန်မှာ ထိပ်တန်း​ခေါင်း​ဆောင်​တွေဖြစ်တဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်​သောင်းထွန်း ၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်​ကျော်​ကျော်သန်း၊ ဆက်သွယ်​ရေးအရာရှိ ဗိုလ်ကြီး​အောင်စစ်နိုင်၊ ရုံးအုပ်ချုပ်​ရေး အရာခံဗိုလ် ​အေးသိန်းတို့အပါအဝင် ရာနဲ့ချီတဲ့စစ်သား​တွေ AA ဆီမှာ စစ်သုံ့ပန်းအဖြစ်အဖမ်းခံရပြီး စစ်သားရာ​ပေါင်းများစွာ ​သေဆုံးဒဏ်ရာရရှိခဲ့တာပါ။

ချင်းပြည်နယ်မှာလည်း ချင်းညီနောင်တပ်ဖွဲ့တွေက ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ မင်းတပ်မြို့က စစ်ကောင်စီ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ အမှတ် ၂၇၄​ ခြေလျင်တပ်ရင်း (ခလရ-၂၇၄) ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

နောက်တစ်ရက် ဒီဇင်ဘာ ၂၂ ရက်နေ့မှာလည်း ချင်းညီနောင်တပ်ဖွဲ့တွေက ကန်ပက်လက်မြို့ကို သိမ်းပိုက်ဖို့ စစ်ဆင်ရေးစတင်ပြီလို့ ကြေညာပြီး နာရီပိုင်းအကြာမှာပဲ အဲဒီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ဆုတ်ခွါထွက်ပြေးသွားကြလို့ အလွယ်တကူပဲ ကန်ပက်လက်မြို့ကို ခရစ္စမတ် အကြိုလက်ဆောင်အဖြစ် ရရှိခဲ့ပါတယ်။

မင်းအောင်လှိုင်က ကန်ပက်လက်ကို ခရစ္စမတ်လက်ဆောင် ပေးပြီးတဲ့နောက် ရန်ကုန်၊ ဗိုလ်တထောင်မြို့နယ်က St. Mary’s Cathedral Church မှာ ကျင်းပတဲ့  ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့ မိတ်သဟာယ ညစာစားပွဲကို တက်ရောက်ကာ ဂုဏ်ပြုအမှာစကား ချွေခဲ့ပါတယ်။

တစ်မြို့ပြီးတစ်မြို့ သိမ်းခံနေရပြီး အောက်ခြေက အညတရ စစ်သားတွေ အတုံးအရုန်းနဲ့ အသက်ပေးနေရချိန် အာဏာသိမ်းစစ်ခေါင်းဆောင်တစ်ယောက် ဘာလုပ်လို့ လုပ်ရမယ်မှန်းမသိဘဲ ပွဲတွေချည်း လှိမ့်တက်နေသလားတောင် ထင်ရပါတယိ။

မနေ့က ဒီဇင်ဘာလ ၂၃ ရက်မှာလည်း ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နဲ့  ပြည်သူ့ရင်ပြင်ပန်းခြံကြား၊ ဦးဝိစာရလမ်းမှာ ဖောက်လုပ်ထားတဲ့ မြေအောက်လမ်းကူး လူသွားဥမင် ဖွင့်ပွဲကို တက်ရောက်ခဲ့ပြန်ပါတယ်။

အခုဆိုရင် စစ်မတိုက်တတ်တော့ဘဲ ပွဲတက်နိုင်လွန်းတဲ့ မင်းအောင်လှိုင်ကို စစ်တပ်ထောက်ခံတဲ့ အသိုင်းအဝိုင်းကတောင် မကြည်ဖြူတော့ဘဲ ပြင်းပြင်းထန်ထန်တွေ ဝေဖန်နေကြပါပြီ။

မြေအောက်လမ်းကူးလူသွားဥမင်(Underpass) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်နေတဲ့ အကြမ်းဖက် မင်းအောင်လှိုင်

တော်လှန်ရေးကို အောင်မြင်စေချင်တဲ့ ပြည်သူတွေကလည်း စစ်ခေါင်းဆောင် ပွဲတက်တိုင်း တော်လှန်ရေးတပ်တွေ ဘယ်မြို့တွေကိုများ ထပ်ပြီး သိမ်းပိုက်နိုင်ဦးမလဲဆိုတာ မျှော်နေရပါပြီ။

နှစ်သစ်ကူးမှာလည်း ဘဘကြီး မင်းအောင်လှိုင် ပွဲတွေ တက်ဦးမယ်ဆိုတာ ကြိုပြီး မြင်ယောင်နေမိပါတယ်။ နှစ်သစ်မှာလည်း ပွဲကြိုက် မင်းအောင်လှိုင်တစ်ယောက် အပူရုပ်ကို ဟန်လုပ်ကာ ပွဲတွေတက်ရင်း တစ်မြို့ပြီးတစ်မြို့ ထပ်မံလှူဒါန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း…..။

0 Shares:
You May Also Like
Read More

မောင်တောမှာ မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ စစ်တပ်ရဲ့ အကြီးအကျယ် ကျရှုံးခန်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရဲ့ နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ နခခ (၅) ကို အရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်လိုက်ပါတယ်။
Read More

BGF ခေါင်းဆောင် စောချစ်သူတို့ သားအဖ ၃ ဦးကို အမေရိကန်ဒဏ်ခတ်ပိတ်ဆို့မှု ဘာဆက်ဖြစ်နိုင်လဲ

လွန်ခဲ့တဲ့သုံးနှစ်အတွင်း အမေရိကန်တွေဆီကနေ ဘီလီယံချီတဲ့ ဆိုက်ဘာလိမ်လည်မှုတွေ လုပ်ဆောင်ခဲ့ရာမှာ ပါဝင်ကူညီခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ ကရင်အမျိုးသားတပ်မတော် (KNA) တာဝန်ရှိသူတွေအပေါ် အမေရိကန်က မေလ ၅ ရက်မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ 
Read More

မြန်မာပြည်အလယ်ပိုင်းနဲ့ ပဲခူးအနောက်ခြမ်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ မြို့သိမ်းတိုက်ပွဲများ

မြန်မာပြည်အလယ်ပိုင်းမှာ မြို့ပြအထိ အချိန်မရွေးတိုက်ပွဲတွေဖြစ်လာနိုင်ပြီး မြို့သိမ်းဆိုတဲ့ အခြေအနေအထိ ရှိလာနိုင်ကြောင်း တော်လှန်ရေးအင်အားစုတွေဘက်ကအခုရက်ပိုင်းအတွင်းပြောကြားမှု တွေများပြားလာပါတယ်။
Read More

စစ်ကောင်စီ အရှိုက်ထိုးခံနေရတဲ့ ချင်းပြည်နယ် မြို့သိမ်းတိုက်ပွဲများ

ချင်းပြည်နယ်ရဲ့ အရေးပါတဲ့ အဓိကမြို့ကြီးတွေဖြစ်တဲ့ ထန်တလန်၊ ဖလမ်း၊ မင်းတပ် မြို့သိမ်းတိုက်ပွဲ ၃ခုကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်တည်း ဆင်နွှဲနေပြီး တိုက်ပွဲတွေပြင်းထန်နေတာ လနဲ့ချီကြာမြင့်လာပြီ ဖြစ်ပါတယ်။
Read More

ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လာမယ့်လမှာ CI စင်တာ ဖွင့်လှစ်မယ်

ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေကို သက်သေခံအချက်အလက်တွေ ထုတ်ပေးဖို့နဲ့ စီးပွားရေးတည်ငြိမ်မှုအတွက် ရည်ရွယ်ပြီး အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ထိုင်းနိုင်ငံ စမွတ်စခွန်မှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စင်တာအသစ်တစ်ခုကို နိုဝင်ဘာလမှာ ဖွင့်လှစ်သွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
Read More

မြန်မာစစ်အုပ်စုက Airbus ၏ မိတ်ဖက် AVIC ထံမှ လေယာဉ်သစ်များ ဆက်တိုက်ဝယ်ယူ လက်ခံရရှိနေသည်ဟု JFM ဖော်ပြ

မြန်မာစစ်အုပ်စုဟာ ဥရောပလေကြောင်းကုမ္ပဏီကြီး Airbus ရင်းနှီးမြှုပ်နှံထားတဲ့ မိတ်ဖက်ကုမ္ပဏီ Aviation Industry Corporation of China (AVIC) က ရောင်းချထောက်ပံ့ထားတဲ့ လေယာဉ်အသစ် ၈ စင်းထိ ဝယ်ယူအသုံးပြုထားတယ်လို့ Justice For Myanmar (JFM) က မနေ့က ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။