ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ မှတ်တမ်းဓာတ်ပုံတွေကို Chin Defence Force – CDF မင်းတပ်က ဒီနေ့မနက်မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ မင်းတပ်မြို့စောင့်တပ် ခလရ ၂၇၄ ကနေ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေကို ဓာတ်ပုံတွေနဲ့ ထုတ်ပြန်ထားပေမယ့် လက်နက်ခဲယမ်းအရေအတွက်ကိုတော့ CDF မင်းတပ်က အတိအကျ မထုတ်ပြန်သေးပါဘူး။

နိုဝင်ဘာလ ၉ ရက်ကစလို့ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့တဲ့ မင်းတပ်မြို့နဲ့ ဖလမ်းမြို့ မြို့သိမ်းစစ်ဆင်ရေးအတွင်း မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာတော့ ချင်းတော်လှန်ရေးတပ်တွေဟာ မြို့ပေါ်က စစ်ကောင်စီရဲ့ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောင်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊ ၄ မိုင်ကုန်းတို့ကို ဆက်တိုက်ဆိုသလို တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

အဲ့ဒီနောက် မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်းနဲ့ ခလရ ၂၇၄ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ဒီဇင်ဘာလ ၁၅ ရက်မှာ ရဲတပ်ဖွဲ့ဝင်းကနေ စစ်သားနဲ့ ရဲ စုစုပေါင်း ၁၂၃ ယောက်က မိသားစုဝင်တွေနဲ့အတူ လက်နက်ချ အညံ့ခံလာတယ်လို့ ဆိုပါတယ်။

ခလရ ၂၇၄ တပ်ရင်းကိုတော့ ဒီဇင်ဘာလ ၂၁ ရက်မှာ အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီး မင်းတပ်မြို့နယ်တစ်ခုလုံးကို ချင်းတော်လှန်ရေးတပ်တွေ အလုံးစုံထိန်းချုပ်လိုက်တယ်လို့ သိရပါတယ်။

CDF မင်းတပ် ပါဝင်တဲ့ ချင်းညီနောင်တပ်ဖွဲ့ဟာ ဒီဇင်ဘာလ ၂၂ ရက်ကလည်း ကန်ပက်လက်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

AA နဲ့ ရခိုင်လူမျိုးတွေ ကိုပစ်မှတ်ထား တိုက်ခိုက်ဝါဒဖြန့်နေတဲ့ စစ်ကောင်စီ ချန်နယ်အချို့ ရပ်ဆိုင်း

ရခိုင်လူမျိုးတွေနဲ့ အာရက္ခတပ်တော် AA ကိုပစ်မှတ်ထားကာ ဝါဒဖြန့်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ အမာခံ တယ်လီဂရန်အပါအဝင် ချန်နယ်အချို့ရပ်ဆိုင်းသွားတယ်လို့ Burma Affairs & Conflict Study (BACS) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

နေပြည်တော် သာဝတ္ထိနယ်မြေရဲစခန်းအား လက်လုပ်ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ သာဝတ္ထိနယ်မြေ ရဲစခန်းထဲကို 79 (40)mm ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိနိုင်ကြောင်း မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ Black Leopard UG အဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်မှုထမ်းကိစ္စကို အောက်ခြေမှာ ဥပဒေကျော်လွန် လုပ်ဆောင်မှုများ ရှိနေသည်ဟု အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ဝန်ခံ

အောက်ခြေမှာ ဥပဒေကို ကျော်လွန်ပြီး စစ်မှုထမ်းဆင့်ခေါ်မှုတွေရှိနေလို့  ပြဿနာအမြောက်အမြားကို ဖြေရှင်းနေရတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။ 
Read More

စစ်ကိုင်းတွင် စစ်ရေးကြောင့် ပိတ်မိနေသည့်နေရာကို စစ်အုပ်စု ဗုံးကြဲ၊ ပြည်သူ ၇ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ စစ်ကြောင်းကြောင့် ပိတ်မိနေတဲ့ စစ်ကိုင်း-ကျောက်မြောင်း လမ်းပိုင်းတစ်နေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သား ၇ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅ ယောက်ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက မောင်းကို ပြောပါတယ်။
Read More

နိုင်ကျဉ်း ၆၀၀ လွှတ်တယ်ဟုဆိုကာ မြေပြင်မှာ ၃၀၀ ကျော်သာ လွတ်မြောက်လို့ လွတ်ငြိမ်းကို စစ်ကောင်စီ နိုင်ငံရေးအရ အမြတ်ထုတ်ခြင်းသာ ဖြစ်

လွတ်လပ်ရေးနေ့က  စစ်ကောင်စီ ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ လွတ်မြောက်မယ်လို့ ပြောထားတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်ထက် ထက်ဝက် လျော့နည်းနေတာကြောင့် စစ်ကောင်စီဟာ လွတ်ငြိမ်းကို အမြတ်ထုတ်သွားတယ်လို့  နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ဇန်နဝါရီ ၆ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
Read More

ကန့်ဘလူတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ဒုတိယအကြိမ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။