မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့အနောက်ဘက်ခြမ်းမှာ စစ်ကြောင်းခွဲဝင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ မင်းဘူးခရိုင်တပ်ရင်း ၅ တို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးကာ ဗိုလ်အပါအဝင်  ထိခိုက်ဒဏ်ရာရသူ ၇ ယောက်ထက်မနည်း ရှိခဲ့ကြောင်း မင်းဘူးခရိုင် ၊ အမှတ် ၅ တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာလ ၂၂ရက်နေ့က စလင်းမြို့အ​နောက်ဘက်၊ မြောင်းခြားရွာကို စစ်ကြောင်းထိုး ဝင်​ရောက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီနောက် နှစ်ဖက်ထိတွေ့မှု ၁နာရီကျော်ကြာ ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်အဆင့်ရှိသူအပါအဝင် ၇ယောက်ခန့် ထိခိုက်ဒဏ်ရာရကာ လက်နက်ကြီးတွေပစ်ခတ်ရင်း ဆုတ်ခွာသွားကြောင်း၊ ဆုတ်ခွါသွားတဲ့စစ်ကြောင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မိုင်းတွေကို နင်းမိပြီး ထိခိုက်​သေဆုံးမှုတွေများခဲ့ကြောင်း မင်းဘူးခရိုင် ၊ အမှတ် ၅တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

“မြောင်းခြားရွာက စလင်းအနောက်ဘက်၊ လင်းဇင်းရဲစခန်းအရှေ့ဘက် ၁ရွာကျော်ပါ။ စကစက ရွာကို၂ဖွဲ့ခွဲပြီး ဝင်လာကြတာ အနောက်က ၁ဖွဲ့ ၊ အရှေ့က ၁ဖွဲ့ပေါ့။ အဲ့ဒါ ရွာစပ်ရောက်တာနဲ့ ကျနော်တို့က စပစ်တာပါ။ သူတို့ပြန်ဆုတ်တော့ မိုင်းတွေထိကြတယ်လို့ ပြောရမယ်။ ကျနော်တို့ နယ်​မြေရှင်းလင်းရေးဝင်တော့ သွေးစက်တွေ သွေးအိုင်တွေ ပွိုင့်ဖိနပ်ခြေရာတွေတွေ့ပါတယ်” လို့ မင်းဘူးခရိုင် ၊ အမှတ် ၅တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အထိနာသွားတဲ့စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားရာ ကျေးရွာပတ်ဝန်းကျင်ဆီ နေ့စဥ်ရက်ဆက်ဆိုသလို လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း အနေနဲ့ အခုလိုမျိုး ထိတွေ့တိုက်ပွဲတွေနဲ့ စစ်ရေးတင်းမာနေမှုတွေကြောင့် မြေနီကုန်း-ဆည်ကန်-မြောင်းဘောင်လမ်းနဲ့ ဂွေးပင်ဇင်-အုန်းတော-မြောင်းဘောင်လမ်းတွေကို အရပ်သားတွေအသုံးမပြုဖို့ တိုက်တွန်းထားပါတယ်။

“လမ်းပိုင်းတွေ ပိတ်ထားတုန်းပါဗျ။ ပိုမိုတင်းကြပ်စွာပိတ်ထားလို့ ပြည်သူများ မသွားလာကြဖို့ ထပ်မံသတိပေးလိုပါတယ်ဗျ။” လို့ မင်းဘူးခရိုင် ၊ အမှတ် ၅တပ်ရင်း တာဝန်ရှိသူက ပြောခဲ့ပါတယ်။

 

0 Shares:
You May Also Like
Read More

ရန်ကုန် မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်မှု K-8W အမောင်းသင်လေယာဉ်ဂိုဒေါင်နဲ့ ခြံစည်းရိုးထိမှန်ပေါက်ကွဲ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံး ၂ လုံးပစ်ခတ်တိုက်ခိုက်ရာ K-8W အမောင်းသင်လေယာဉ်ဂိုဒေါင်နဲ့ ခြံစည်းရိုးထိမှန်ပေါက်ကွဲခဲ့တယ်လို့ Civilian Military SRDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပုလဲမြို့နယ် ပ.က.ဖ တိုက်နယ် (၁) အပတ်စဥ် ၂ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပ.က.ဖ က တိုက်နယ် ၁ ရဲ့ အခြေခံ စစ်ပညာ သင်တန်း အပတ်စဥ် ၂ သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-စစ်တွေကားလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို AA ကစတင်တိုက်ခိုက်

စစ်တွေမြို့ ရန်ကုန်-စစ်တွေ ကားလမ်းပိုင်းရှိ စစ်တပ်စခန်းတွေကို AA က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ ရခိုင်ပြည်နယ်က စစ်ရေးစသတင်းအရင်းအမြစ်တွေထံကသိရပါတယ်။
Read More

ကျောက်တော်မြို့ပေါ်ကို စစ်ကောင်စီ ၂ ရက်ဆက် လေကြောင်း ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၈ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ပေါ်ရှိ လူနေထူထပ်တဲ့ ရပ်ကွက်တွေအတွင်း အကြမ်းဖက်စစ်ကောင်စီက ၂ ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၈ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။
Read More

မြေပြင်မှာ မတိုက်နိုင်တော့တဲ့ စစ်ကောင်စီ သူ့ရဲ့ ဝါဒဖြန့်သတင်းစာကတဆင့် AA ကို တိုက်ခိုက်

စစ်ကောင်စီလက်ဝေခံ အဖွဲ့အစည်းတွေက  အာရက္ခတပ်တော် AA ဟာ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်လုပ်ရပ်တွေကိုသာ လုပ်ဆောင်တဲ့ အဖွဲ့အစည်းအဖြစ် ရှုတ်ချကြောင်း ကြေညာချက်တွေကို စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
Read More

လေးကေ့ကော်တိုက်ပွဲမှ စစ်မှုထမ်းတပ်သား ၃ ဦး လက်နက်နှင့်အတူ အလင်းဝင်၊ ရန်ကုန်ဗျူဟာစစ်​ကြောင်းထံ စစ်မှုထမ်း တပ်သား ၂ ဦး လက်နက်များဖြင့် အလင်းဝင်

ကရင်ပြည်နယ်၊ လေးကေ့ကော်တိုက်ပွဲအတွင်း စစ်မှုထမ်း တပ်သားသစ် ၃ ယောက်က လက်နက်တွေနဲ့အတူ ကော်ဘရာ စစ်ကြောင်းထံ အလင်းဝင်ရောက်ခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။